Friday, December 20, 2019

ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အကောင်းဆုံးခေတ်သည် ယနေ့ခေတ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်






ပအိုဝ်းလူမျိုး ငြိမ်းချမ်းစွာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အကောင်းဆုံးခေတ်သည် ယနေ့ခေတ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ်၊ ဖြားခွန်သိန်းဖေက ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက် တောင်ကြီးမြို့နယ်၊ အွိုင်ဖက်ကွန်၊ ဖက်ကွန်ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်သော လူထုတွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖက်ကွန်ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ မိမိတို့လူမျိုး ဘာသာသာသနာကို မြင့်တင်မှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကျေးရွာတိုင်းစည်းလုံးညီညွှတ်ရန်လိုအပ်ကြောင်းစသောသြဝါဒစကာများမိန့်ကြားခဲ့ပြီးနောက် မျင်မိုရ်ခမ်း ခမ်းဗွေ ဖြားဆရာခေါင်က အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ရေးရရှိလာအောင် ခေတ်အဆက်ဆက်က ကြိုးပမ်းခဲ့သော သမိုင်းကြောင်းများနှင့် ယနေ့ခေတ် အုပ်ချုပ်မှုအခြေအနေများကို အကျယ်တဝန်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပအို်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက အမှာစကားပြောကြားရာ ပအိုဝ်းလူမျိုးများအနေဖြင့် ငြိမ်းချမ်းစွာဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အကောင်းဆုံးခေတ်သည် ယနေ့ခေတ်ဖြစ်ကြောင်း၊ ရှေ့ခေါင်းဆောင်လူကြီးများ ချမှတ်ထားသောလမ်းစဉ်များ နည်းလမ်းသည် ယနေ့မိမိလူမျိုးဒေသဖွံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တစ်ထပ်တည်း ကျရောက်လျက်ရှိကြောင်း၊ ပညာတတ်လူငယ်များ များစွာရှိမှသာ မိမိတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုလျင်မြန်စွာ အောင်မြင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘွဲ့ရပညာတတ်လူငယ်များအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့လူမျိုးနှင့် ထိုက်တန်သော ရပိုင်ခွင့်များ လုပ်ပိုင်ခွင့်များ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကြောင့် ကုန်စျေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စသောအမှာစကားများပြောကြားခဲ့ပြီးနောက် အွိုင်ဖက်ကွံး (PNO) ဥက္ကဋ္ဌ ဖြားဆရာခွန်ထုတ်က ဒေသခံရပ်မိရပ်ဖ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် ဗဟိုကော်မတီဝင်များ၊ မျင်မိုရ်ခမ်း ခမ်းဗွေ ဖြားဆရာခေါင် တောင်ကြီးမြို့နယ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်နှင့် မြို့နယ်ကော်မတီ တာဝန်ရှိပုဂ္ဂိုလ်များ၊ အွိုင်းဖက်ကွံး( PNO) ဥက္ကဋ္ဌနှင့်ကျေးရွာ (၁၀)ရွာ အွိုင်းတနွိုင်ယွေး ကျေးရွာ(၄)ရွာမှ ရွာသူကြီးများ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ယံသေ

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀)ရက္

ေဒသဖြံ့ၿဖိဳးေရး လုပ္ေဆာင္ရန္ အေကာင္းဆုံးေခတ္သည္ ယေန႔ေခတ္ျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖေျပာၾကား


ပအိုဝ္းလူမ်ိဳး ၿငိမ္းခ်မ္းစြာ ေဒသဖြံ့ၿဖိဳးေရး လုပ္ေဆာင္ရန္ အေကာင္းဆုံးေခတ္သည္ ယေန႔ေခတ္ျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)အတြင္းေရးမႉးခ်ဳပ္၊ ျဖားခြန္သိန္းေဖက ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ (၂၀)ရက္ ေတာင္ႀကီးၿမိဳ႕နယ္၊ အြိဳင္ဖက္ကြန္၊ ဖက္ကြန္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ျပဳလုပ္ေသာ လူထုေတြ႕ဆုံပြဲအခမ္းအနား၌ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ဖက္ကြန္ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ထံမွ မိမိတို႔လူမ်ိဳး ဘာသာသာသနာကို ျမင့္တင္မွ ဖြံ့ၿဖိဳးတိုးတက္မည္ျဖစ္ေၾကာင္း၊ ေက်းရြာတိုင္းစည္းလုံးညီညႊတ္ရန္လိုအပ္ေၾကာင္းစေသာၾသဝါဒစကာမ်ားမိန႔္ၾကားခဲ့ၿပီးေနာက္ မ်င္မိုရ္ခမ္း ခမ္းေဗြ ျဖားဆရာေခါင္က အဖြင့္အမွာစကားေျပာၾကားရာ လြတ္လပ္ေရးရရွိလာေအာင္ ေခတ္အဆက္ဆက္က ႀကိဳးပမ္းခဲ့ေသာ သမိုင္းေၾကာင္းမ်ားႏွင့္ ယေန႔ေခတ္ အုပ္ခ်ဳပ္မႈအေျခအေနမ်ားကို အက်ယ္တဝန္း ရွင္းလင္းေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ပအို္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖက အမွာစကားေျပာၾကားရာ ပအိုဝ္းလူမ်ိဳးမ်ားအေနျဖင့္ ၿငိမ္းခ်မ္းစြာေဒသဖြံ့ၿဖိဳးေရးလုပ္ေဆာင္ရန္ အေကာင္းဆုံးေခတ္သည္ ယေန႔ေခတ္ျဖစ္ေၾကာင္း၊ ေရွ႕ေခါင္းေဆာင္လူႀကီးမ်ား ခ်မွတ္ထားေသာလမ္းစဥ္မ်ား နည္းလမ္းသည္ ယေန႔မိမိလူမ်ိဳးေဒသဖြံ့ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ တစ္ထပ္တည္း က်ေရာက္လ်က္ရွိေၾကာင္း၊ ပညာတတ္လူငယ္မ်ား မ်ားစြာရွိမွသာ မိမိတို႔၏ ေဒသဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ပိုမိုလ်င္ျမန္စြာ ေအာင္ျမင္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဘြဲ႕ရပညာတတ္လူငယ္မ်ားအေနျဖင့္ သက္ဆိုင္ရာအစိုးရဌာနတြင္ တာဝန္ထမ္းေဆာင္ရန္ လိုအပ္ေၾကာင္း၊ သို႔မွသာ မိမိတို႔လူမ်ိဳးႏွင့္ ထိုက္တန္ေသာ ရပိုင္ခြင့္မ်ား လုပ္ပိုင္ခြင့္မ်ား ရရွိလာမည္ျဖစ္ေၾကာင္း၊ နိုင္ငံေရးေၾကာင့္ ကုန္ေစ်းႏႈန္း မတည္ၿငိမ္မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း စေသာအမွာစကားမ်ားေျပာၾကားခဲ့ၿပီးေနာက္ အြိဳင္ဖက္ကြံး (PNO) ဥကၠ႒ ျဖားဆရာခြန္ထုတ္က ေဒသခံရပ္မိရပ္ဖ ကိုယ္စား ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး အခမ္းအနား ျပန္လည္႐ုပ္သိမ္းခဲ့ေၾကာင္းသိရသည္။

အခမ္းအနားသို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖႏွင့္ ဗဟိုေကာ္မတီဝင္မ်ား၊ မ်င္မိုရ္ခမ္း ခမ္းေဗြ ျဖားဆရာေခါင္ ေတာင္ႀကီးၿမိဳ႕နယ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္ႏွင့္ ၿမိဳ႕နယ္ေကာ္မတီ တာဝန္ရွိပုဂၢိဳလ္မ်ား၊ အြိဳင္းဖက္ကြံး( PNO) ဥကၠ႒ႏွင့္ေက်းရြာ (၁၀)ရြာ အြိဳင္းတႏြိဳင္ေယြး ေက်းရြာ(၄)ရြာမွ ရြာသူႀကီးမ်ား ေဒသခံရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

ခြန္ယံေသ

Powered by Blogger.