Thursday, December 19, 2019

မူးယစ်ဆေးဝါး ပြဿနာ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်


ယနေ့ လူမှုအသိုင်းဝန်းကြား အဓိကရင်ဆိုင်နေရသည့်  ပြဿနာတစ်ခုမှာ မူးယစ်ဆေးဝါးပြဿနာဖြစ်သည် ဆိုတာကို လူတိုင်းအသိပဲ ဖြစ်ပါတယ်၊ တောရော မြို့ပါမကျန် နေရာအနှံ့ ပြန့်နှံ့နေတဲ့ ဒီပြဿနာကို အားလုံးဝိုင်းဝန်း ဖြေရှင်းမှသာ အောင်မြင်နိုင်မှာဖြစ်ပြီး တာဝန်ရှိသူအားလုံး ပူးပေါင်းပါဝင် စနစ်တစ်ကျဖြေရှင်းနိုင်မှသာ မပပျောက်သော်လည်း လျှော့ကျသွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်နေမယ်ဆိုရင် ဘယ်လိုမှ မပပျောက်နိုင်သလို လျှော့ကျလာဖို့လည်း မရှိပါဘူး၊ ကိုယ့်မျိုးဆက်သစ်များရဲ့အနာဂတ်၊ တိုင်းပြည်ရဲ့အနာဂတ်ကို ငဲ့ညာပြီး ကောင်းမွေများကိုသာ လက်ဆင့်ကမ်းပေးဖို့ လိုပါတယ်။

မူးယစ်ဆေးဝါးဆိုသည်မှာ ဤနေရာတွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ကို ဆိုလိုခြင်းမဟုတ်ပဲ အဓိကအားဖြင့် ဘိန်းကို ရည်ညွန်းပြီး ဆိုလိုခြင်းဖြစ်တယ်၊ ယာမ၊ ဘိန်းဖြူ၊ အိုက်စ် စတဲ့ လူမှုအသိုင်းအဝန်းကို ပျက်စီးစေတဲ့ မူးယစ်မျိုးများဟာ တကမ္ဘာလုံး ပြန့်နှံ့နေသော်လည်း ဆင်းရဲနွမ်းပါးတဲ့ မြန်မာနိုင်ငံအနေဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်မှ တော်ကာကျမှာပါ။ လူတို့ နာကျင်မှုနှင့် ရောဂါဝေဒနာများ ပျောက်ကင်းစေတဲ့ ဆေးဝါးဖြစ်သော်လည်း  အာရုံခံစားမှုသက်သက်သာ သုံးစွဲပါက ၄င်းရဲ့ မကောင်းတဲ့ အကျိုးဆက်တွေ ရရှိခံစားရမှာဖြစ်တယ်။

ဘိန်းရဲ့ အာနိသင်ကို  ခရစ်မပေါ်ခင် နှစ်ပေါင်း(၄၀၀၀)လောက်က သိရှိကြတယ်လို့လည်း ဆိုပါတယ်။ ဘိန်းစပေါ်တဲ့ မူလဒေသမှာ အရှေ့ပိုင်း မြေထဲ ပင်လယ်တစ်ဝိုက် ဥရောပတောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်းတို့ဖြစ်ပြီး ဥရောပအလယ်ပိုင်းတို့ဆီကိုလည်း တဖြည်းဖြည်းနဲ့ ပြန့်နှံ့သွားပါတယ်။ ခရစ်မပေါ်ခင် နှစ်ပေါင်း(၁၀၀၀)ခန့်က ဘိန်းကို ဆေးဝါးအဖြစ် စတင်အသုံးပြုခဲ့ကြကာ နာကျင်တဲ့အခါမျိုး၊ ဝမ်းကိုက်နေတဲ့ အခါမျိုးမှာ ဆေးဝါးအဖြစ် သုံးစွဲရင်း တဖြည်းဖြည်းနဲ့ မူးယစ်ဆေးဘဝသို့ ရောက်ရှိလာခဲ့ကြတယ်။

နယ်ချဲ့သမားတွေဖြစ်တဲ့ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်တို့က အာရှသား သန်းပေါင်းများစွာကို ဘိန်းဇာတ်သွင်းခဲ့ကြတယ်၊ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ ကိုလိုနီနိုင်ငံတိုင်း ဘိန်းခန်းတွေ အသီးသီး ဖွင့်လှစ်ပေးခဲ့ပြီးတော့ အာရှသားများစွာ ဘိန်းသံသရာနွံထဲ နစ်နေခဲ့ကြရတယ်။ ၁၈၇၄-ခုနှစ်မှာ အင်္ဂလိပ်နိုင်ငံသားတစ်ဦးက ဟီးရိုးအင်းဓာတ်ပေါင်းကို စတင်တွေ့ရှိပြီး မော်ဖိန်းအစား သမားတော်များက အကန့်အသတ်မရှိ သုံးစွဲခဲ့ကြရာ မူးယစ်ဆေးသမားတွေ ဖြစ်ကုန်တဲ့အခါ ၁၉၂၄ ခုနှစ်မှာတော့ ဟီးရိုးအင်းကို အမေရိကန်မှ ထုတ်လုပ်ရောင်းချမှုကို ပိတ်ပင်တားဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံထဲကို ခရီးသွားမှတ်တမ်းတွေအရ ၁၅၈၀-ပြည့်နှစ်အချိန်မှာ ပုသိမ်-သန်လျင် ဆိပ်ကမ်းတွေထဲ အာရပ်ကုန်သည်များက ဘိန်းကို စတင်သယ်ဆောင်ဖူးတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် တကယ့်တကယ် လူသိများတာက ၁၉၄၇-ခုနှစ်ပါ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတွေမှာ စတင်စိုက်ကြပြီလို့ ဆိုပါတယ်။ ၁၉၅၀-ခုနှစ်မှာတော့ တရုတ်ဖြူ ဗိုလ်ချုပ် လီဝမ်ဟွမ့် က ဘိန်းဖြူလုပ်ငန်းတွေကို မြန်မာနိုင်ငံထဲမှာ လှုပ်ရှားလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ ဘိန်းလုပ်ငန်းတွေက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ရောင်းဝယ်ဖေါက်ကားမှုတွေ နေ့စဉ်နှင့်အမျှ ကြားရတဲ့သတင်းတွေက သက်သေတွေပဲ ဖြစ်ပါတယ်။

ဒါတွေဟာ ဘိန်းရဲ့ ဇာတ်မြစ်အကြောင်းအရာများဖြစ်ပြီး ယခုအချိန်မှာတော့ ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာရော၊ မြို့ပေါ်မှာရှိတဲ့ သူတွေပါမကျန် လူကြီး လူငယ် ခလေးအရွယ်မရွေး သုံးစွဲကြလို့ ၄င်းရဲ့အကျိုးဆက်တွေ ခံစားနေကြရပါတယ်။ ယာမကြောင်တာတွေ၊ စိတ်မူမမှန်တာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲနိုင်ရန်အတွက် သူများပစ္စည်း ခိုးယူတာတွေဟာ ဒေသအတော်များများမှာ ဖြစ်ပွားနေကြပါတယ်။ ပညာရည်နိမ့်ပါးတဲ့ ဒေသမှာရှိတဲ့ တစ်ချို့သော မိဘတွေက ကိုယ့်ခလေးများ မူးယစ်ဆေးဝါးသုံးစွဲတတ်လာအောင် သင်ပေးတာတွေတောင် ရှိနေကြပါတယ်။ လူမှုရေး၊ စီးပွားရေးကအစ ကိုယ့်အကျိုး၊ ဒေသအကျိုး မဆောင်ရွက်နိုင်မှု၊ တိုင်းပြည်ရဲ့ လူ့အရင်းအမြစ် ဆုံးရှုံးမှုတွေက ဤကိစ္စပြဿနာများကို မဖြေရှင်းနိုင်ရင် အတောမသတ် ဆက်ရှိနေဦးမှာဖြစ်ပြီး ပညာရေးပိုင်း၊ စီးပွားရေးပိုင်းတွေမှာ တာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ဒေသ ဘိန်းအစားထိုးစိုက်ပျိုးမှု ထောက်ပံ့ရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဘက်ပေါင်းစုံအနေနဲ့ ဒေသအလိုက် စနစ်တစ်ကျ စီမံချက်ရေးစွဲကာ ဖြေရှင်းနိုင်ပါမှ အဆင်ပြေမှာပါ။

ဘိန်းရာဇာများက ချမ်းသာပြီး အောက်ခြေလူတန်းစား မူးယစ်သားကောင်တွေရဲ့ ဘဝကတော့ မလှမပနှင့် လူ့ဘဝဇာတ်သိမ်းခဲ့တာ ရှိသလို မူးယစ်ပေါတဲ့ အရပ်ဒေသတွေမှာ လူမှုရေး၊ စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပွားလာခဲ့ကြတယ်။ ပြောရ ဆိုရ ခက်ခဲလာခြင်း၊ စီးပွားရေးများ လုပ်ဆောင်ရာတွင် လုံခြုံမှုမရှိခြင်း၊ ရပ်ရွာဒေသ ညီညွတ်မှု ပျက်ပြားခြင်း စတာတွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှုရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဤလိုပြဿနာမျိုး လျှော့ကျလျှော့ပါးလာစေဖို့အတွက် အားလုံးဝိုင်းဝန်း ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ခံယူချက်မျိုး၊ ကိုယ်နှင့်မဆိုင် ဆိုသည့် ဖါသိဖာသာ နေတာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်မျိုးဆက်သစ်များရဲ့ အနာဂတ် လင်းလက်တောက်ပအောင်၊ ကောင်းမွေ ဆိုးမွေ ရှိခဲ့ရာ ကောင်းမွေများကိုသာ လက်ဆင့်ကမ်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းနိုးဆော် ရေးသားလိုက်ရပါတယ်။

ခွန်ယံသေ(ပင်အွဉ်း) 

မူးယစ္ေဆးဝါး ျပႆနာ
ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀)ရက္

ယေန႔ လူမႈအသိုင္းဝန္းၾကား အဓိကရင္ဆိုင္ေနရသည့္  ျပႆနာတစ္ခုမွာ မူးယစ္ေဆးဝါးျပႆနာျဖစ္သည္ ဆိုတာကို လူတိုင္းအသိပဲ ျဖစ္ပါတယ္၊ ေတာေရာ ၿမိဳ႕ပါမက်န္ ေနရာအႏွံ့ ျပန႔္ႏွံ့ေနတဲ့ ဒီျပႆနာကို အားလုံးဝိုင္းဝန္း ေျဖရွင္းမွသာ ေအာင္ျမင္နိုင္မွာျဖစ္ၿပီး တာဝန္ရွိသူအားလုံး ပူးေပါင္းပါဝင္ စနစ္တစ္က်ေျဖရွင္းနိုင္မွသာ မပေပ်ာက္ေသာ္လည္း ေလၽွာ့က်သြားနိုင္ပါတယ္။ ဒီလိုမွ မဟုတ္ပဲ ဘယ္သူေသေသ ငေတမာရင္ၿပီးေရာဆိုတဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ လုပ္ေနမယ္ဆိုရင္ ဘယ္လိုမွ မပေပ်ာက္နိုင္သလို ေလၽွာ့က်လာဖို႔လည္း မရွိပါဘူး၊ ကိုယ့္မ်ိဳးဆက္သစ္မ်ားရဲ့အနာဂတ္၊ တိုင္းျပည္ရဲ့အနာဂတ္ကို ငဲ့ညာၿပီး ေကာင္းေမြမ်ားကိုသာ လက္ဆင့္ကမ္းေပးဖို႔ လိုပါတယ္။ 

မူးယစ္ေဆးဝါးဆိုသည္မွာ ဤေနရာတြင္ အရက္၊ ဘီယာ၊ ေဆးလိပ္၊ ကြမ္း ကို ဆိုလိုျခင္းမဟုတ္ပဲ အဓိကအားျဖင့္ ဘိန္းကို ရည္ညြန္းၿပီး ဆိုလိုျခင္းျဖစ္တယ္၊ ယာမ၊ ဘိန္းျဖဴ၊ အိုက္စ္ စတဲ့ လူမႈအသိုင္းအဝန္းကို ပ်က္စီးေစတဲ့ မူးယစ္မ်ိဳးမ်ားဟာ တကမၻာလုံး ျပန႔္ႏွံ့ေနေသာ္လည္း ဆင္းရဲႏြမ္းပါးတဲ့ ျမန္မာနိုင္ငံအေနျဖင့္ ဤျပႆနာကို ေျဖရွင္းနိုင္မွ ေတာ္ကာက်မွာပါ။ လူတို႔ နာက်င္မႈႏွင့္ ေရာဂါေဝဒနာမ်ား ေပ်ာက္ကင္းေစတဲ့ ေဆးဝါးျဖစ္ေသာ္လည္း  အာ႐ုံခံစားမႈသက္သက္သာ သုံးစြဲပါက ၄င္းရဲ့ မေကာင္းတဲ့ အက်ိဳးဆက္ေတြ ရရွိခံစားရမွာျဖစ္တယ္။

ဘိန္းရဲ့ အာနိသင္ကို  ခရစ္မေပၚခင္ ႏွစ္ေပါင္း(၄၀၀၀)ေလာက္က သိရွိၾကတယ္လို႔လည္း ဆိုပါတယ္။ ဘိန္းစေပၚတဲ့ မူလေဒသမွာ အေရွ႕ပိုင္း ေျမထဲ ပင္လယ္တစ္ဝိုက္ ဥေရာပေတာင္ပိုင္းႏွင့္ အာရွတိုက္ အေနာက္ပိုင္းတို႔ျဖစ္ၿပီး ဥေရာပအလယ္ပိုင္းတို႔ဆီကိုလည္း တျဖည္းျဖည္းနဲ႔ ျပန႔္ႏွံ့သြားပါတယ္။ ခရစ္မေပၚခင္ ႏွစ္ေပါင္း(၁၀၀၀)ခန႔္က ဘိန္းကို ေဆးဝါးအျဖစ္ စတင္အသုံးျပဳခဲ့ၾကကာ နာက်င္တဲ့အခါမ်ိဳး၊ ဝမ္းကိုက္ေနတဲ့ အခါမ်ိဳးမွာ ေဆးဝါးအျဖစ္ သုံးစြဲရင္း တျဖည္းျဖည္းနဲ႔ မူးယစ္ေဆးဘဝသို႔ ေရာက္ရွိလာခဲ့ၾကတယ္။ 

နယ္ခ်ဲ႕သမားေတြျဖစ္တဲ့ ေပၚတူဂီ၊ အဂၤလိပ္၊ ျပင္သစ္တို႔က အာရွသား သန္းေပါင္းမ်ားစြာကို ဘိန္းဇာတ္သြင္းခဲ့ၾကတယ္၊ ၁၈၀၀ ျပည့္ႏွစ္ေႏွာင္းပိုင္းေတြမွာ ကိုလိုနီနိုင္ငံတိုင္း ဘိန္းခန္းေတြ အသီးသီး ဖြင့္လွစ္ေပးခဲ့ၿပီးေတာ့ အာရွသားမ်ားစြာ ဘိန္းသံသရာႏြံထဲ နစ္ေနခဲ့ၾကရတယ္။ ၁၈၇၄-ခုႏွစ္မွာ အဂၤလိပ္နိုင္ငံသားတစ္ဦးက ဟီးရိုးအင္းဓာတ္ေပါင္းကို စတင္ေတြ႕ရွိၿပီး ေမာ္ဖိန္းအစား သမားေတာ္မ်ားက အကန႔္အသတ္မရွိ သုံးစြဲခဲ့ၾကရာ မူးယစ္ေဆးသမားေတြ ျဖစ္ကုန္တဲ့အခါ ၁၉၂၄ ခုႏွစ္မွာေတာ့ ဟီးရိုးအင္းကို အေမရိကန္မွ ထုတ္လုပ္ေရာင္းခ်မႈကို ပိတ္ပင္တားဆီးလိုက္ပါတယ္။ 

ျမန္မာနိုင္ငံထဲကို ခရီးသြားမွတ္တမ္းေတြအရ ၁၅၈၀-ျပည့္ႏွစ္အခ်ိန္မွာ ပုသိမ္-သန္လ်င္ ဆိပ္ကမ္းေတြထဲ အာရပ္ကုန္သည္မ်ားက ဘိန္းကို စတင္သယ္ေဆာင္ဖူးတယ္လို႔ ဆိုၾကတယ္။ ဒါေပမယ့္ တကယ့္တကယ္ လူသိမ်ားတာက ၁၉၄၇-ခုႏွစ္ပါ။ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေတာင္ပိုင္း၊ အေရွ႕ပိုင္းေတြမွာ စတင္စိုက္ၾကၿပီလို႔ ဆိုပါတယ္။ ၁၉၅၀-ခုႏွစ္မွာေတာ့ တ႐ုတ္ျဖဴ ဗိုလ္ခ်ဳပ္ လီဝမ္ဟြမ့္ က ဘိန္းျဖဴလုပ္ငန္းေတြကို ျမန္မာနိုင္ငံထဲမွာ လႈပ္ရွားလုပ္ကိုင္ၾကတယ္လို႔ သိရပါတယ္။ ဘိန္းလုပ္ငန္းေတြက တျဖည္းျဖည္းနဲ႔ က်ယ္ျပန႔္လာၿပီး တစ္နိုင္ငံလုံးအတိုင္းအတာ ေရာင္းဝယ္ေဖါက္ကားမႈေတြ ေန႔စဥ္ႏွင့္အမၽွ ၾကားရတဲ့သတင္းေတြက သက္ေသေတြပဲ ျဖစ္ပါတယ္။

ဒါေတြဟာ ဘိန္းရဲ့ ဇာတ္ျမစ္အေၾကာင္းအရာမ်ားျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ ဘိန္းစိုက္ပ်ိဳးတဲ့ ေဒသေတြမွာေရာ၊ ၿမိဳ႕ေပၚမွာရွိတဲ့ သူေတြပါမက်န္ လူႀကီး လူငယ္ ခေလးအရြယ္မေရြး သုံးစြဲၾကလို႔ ၄င္းရဲ့အက်ိဳးဆက္ေတြ ခံစားေနၾကရပါတယ္။ ယာမေၾကာင္တာေတြ၊ စိတ္မူမမွန္တာေတြ၊ မူးယစ္ေဆးဝါးသုံးစြဲနိုင္ရန္အတြက္ သူမ်ားပစၥည္း ခိုးယူတာေတြဟာ ေဒသအေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနၾက ပါတယ္။ ပညာရည္နိမ့္ပါးတဲ့ ေဒသမွာရွိတဲ့ တစ္ခ်ိဳ႕ေသာ မိဘေတြက ကိုယ့္ခေလးမ်ား မူးယစ္ေဆးဝါးသုံးစြဲ တတ္လာေအာင္ သင္ေပးတာေတြေတာင္ ရွိေနၾကပါတယ္။ လူမႈေရး၊ စီးပြားေရးကအစ ကိုယ့္အက်ိဳး၊ ေဒသအက်ိဳး မေဆာင္ရြက္နိုင္မႈ၊ တိုင္းျပည္ရဲ့ လူ႔အရင္းအျမစ္ ဆုံးရႈံးမႈေတြက ဤကိစၥျပႆနာမ်ားကို မေျဖရွင္းနိုင္ရင္ အေတာမသတ္ ဆက္ရွိေနဦးမွာျဖစ္ၿပီး ပညာေရးပိုင္း၊ စီးပြားေရးပိုင္းေတြမွာ တာဝန္ရွိသူမ်ား အေနျဖင့္ ေျဖရွင္းေပးနိုင္ဖို႔ လိုအပ္ပါတယ္။ တစ္ခ်ိဳ႕ေဒသ ဘိန္းအစားထိုးစိုက္ပ်ိဳးမႈ ေထာက္ပံ့ေရးေတြကို ထိထိေရာက္ေရာက္ ေဆာင္ရြက္နိုင္ဖို႔ လိုအပ္ပါတယ္။ ဘက္ေပါင္းစုံအေနနဲ႔ ေဒသအလိုက္ စနစ္တစ္က် စီမံခ်က္ေရးစြဲကာ ေျဖရွင္းနိုင္ပါမွ အဆင္ေျပမွာပါ။ 

ဘိန္းရာဇာမ်ားက ခ်မ္းသာၿပီး ေအာက္ေျခလူတန္းစား မူးယစ္သားေကာင္ေတြရဲ့ ဘဝကေတာ့ မလွမပႏွင့္ လူ႔ဘဝဇာတ္သိမ္းခဲ့တာ ရွိသလို မူးယစ္ေပါတဲ့ အရပ္ေဒသေတြမွာ လူမႈေရး၊ စီးပြားေရး ဆုံးရႈံးနစ္နာမႈေတြ ျဖစ္ပြားလာခဲ့ၾကတယ္။ ေျပာရ ဆိုရ ခက္ခဲလာျခင္း၊ စီးပြားေရးမ်ား လုပ္ေဆာင္ရာတြင္ လုံျခဳံမႈမရွိျခင္း၊ ရပ္ရြာေဒသ ညီညြတ္မႈ ပ်က္ျပားျခင္း စတာေတြဟာ မူးယစ္ေဆးဝါး သုံးစြဲမႈရဲ့ အက်ိဳးဆက္ေတြပဲ ျဖစ္ပါတယ္။ ဤလိုျပႆနာမ်ိဳး ေလၽွာ့က်ေလၽွာ့ပါးလာေစဖို႔အတြက္ အားလုံးဝိုင္းဝန္း ႀကိဳးစားလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ 

ဘယ္သူေသေသ ငေတမာရင္ၿပီးေရာ ဆိုတဲ့ ခံယူခ်က္မ်ိဳး၊ ကိုယ္ႏွင့္မဆိုင္ ဆိုသည့္ ဖါသိဖာသာ ေနတာမ်ိဳး မျဖစ္ဖို႔ လိုအပ္ပါတယ္။ ကိုယ့္ေဒသ၊ ကိုယ့္ျပည္နယ္၊ ကိုယ့္တိုင္းျပည္၊ ကိုယ့္မ်ိဳးဆက္သစ္မ်ားရဲ့ အနာဂတ္ လင္းလက္ေတာက္ပေအာင္၊ ေကာင္းေမြ ဆိုးေမြ ရွိခဲ့ရာ ေကာင္းေမြမ်ားကိုသာ လက္ဆင့္ကမ္းေပးဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းနိုးေဆာ္ ေရးသားလိုက္ရပါတယ္။ 

ခြန္ယံေသ(ပင္အြဥ္း) 
Powered by Blogger.