Thursday, December 19, 2019

နမ်းဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ်ဖြားခွန်သိန်းဖေ လူထုတွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်

 



၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက် တောင်ကြီးမြို့နယ် အွိုင်းမွေးတေားနမ်းဟောင်း၊ နမ်းဟောင်းဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ်ဖြားခွန်သိန်းဖေက လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ နမ်းဟောင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူခဲ့ပြီးနောက် မျင်မိုရ်းခမ်း ခမ်းဗွေး ဖြားဆရာခေါင်က အမှာစကားပြောကြားတွင် မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သော ခေတ်ပြောင်းလဲမှုအခြေအနေများနှင့် ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ လူမှုနေထိုင်မှုဘဝအမျိုးမျိုးဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်းစသောအမှာစကားများပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးဖြားခွန်သိန်ဖေက အမှာစကားပြောကြားရာ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်သည် ၂၀၁ဝမှစပြီး ယနေ့ထိ ၉နှစ်ရှိနေပြီးဖြစ်ကြောင်း၊ လွှတ်တော်တွင် နှစ်စဉ်နှစ်တိုင်း အမျိုးသားစီမံကိန်းဥပဒေအစိုးရ၏ ရသုံးမှန်းခြေဥပဒေ၊ အကောက်ခွန်ဆိုင်ရာဥပဒေတို့ကိုရေးဆွဲလျက်ရှိပြီး ထိုဥပဒေရေးဆွဲရာတွင် မိမိတို့လူမျိုး ကိုယ်စားလှယ်များပါဝင်မှသာဥပဒေ၏ အကာအကွယ်များ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များ ရရှိမည်ဖြစ်ကြောင်း စသောအမှာစကားများ ပြောကြားခဲ့ပြီးနောက် နမ်းဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်ပေါက်စီက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် ဗဟိုကော်မတီဝင်များ မျင်မိုရ်ခမ်း ခမ်းဗွေ ဖြားဆရာခေါင်၊ တောင်ကြီးမြို့နယ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်နှင့် မြို့နယ်ကော်မတီတာဝန်ရှိပုဂ္ဂိုလ်များ၊ နမ်းဟောင်းကျးရွာ အုပ်ချုပ်ရေးမှူးနှင့် အွိုင်းမွေးတေားနမ်းဟောင်း(၁၆) ရွာမှ ရွာသူကြီးများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

နမ္းေဟာင္းေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္တြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ျဖားခြန္သိန္းေဖ လူထုေတြ႕ဆုံပြဲ ျပဳလုပ္

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၀)ရက္

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္ ေတာင္ႀကီးၿမိဳ႕နယ္ အြိဳင္းေမြးေတားနမ္းေဟာင္း၊ နမ္းေဟာင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ျဖားခြန္သိန္းေဖက လူထုေတြ႕ဆုံပြဲ အခမ္းအနားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ေရွ႕ဦးစြာ နမ္းေဟာင္ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူခဲ့ၿပီးေနာက္ မ်င္မိုရ္းခမ္း ခမ္းေဗြး ျဖားဆရာေခါင္က အမွာစကားေျပာၾကားတြင္ ျမန္မာနိုင္ငံအတြင္း ေခတ္အဆက္ဆက္အုပ္ခ်ဳပ္ခဲ့ေသာ ေခတ္ေျပာင္းလဲမႈအေျခအေနမ်ားႏွင့္ ေခတ္စနစ္ေျပာင္းလဲမႈႏွင့္အညီ လူမႈေနထိုင္မႈဘဝအမ်ိဳးမ်ိဳးဖြံ့ၿဖိဳးတိုးတက္လ်က္ရွိေၾကာင္းစေသာအမွာစကားမ်ားေျပာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးျဖားခြန္သိန္ေဖက အမွာစကားေျပာၾကားရာ ဒီမိုကေရစီအုပ္ခ်ဳပ္မႈစနစ္သည္ ၂၀၁ဝမွစၿပီး ယေန႔ထိ ၉ႏွစ္ရွိေနၿပီးျဖစ္ေၾကာင္း၊ လႊတ္ေတာ္တြင္ ႏွစ္စဥ္ႏွစ္တိုင္း အမ်ိဳးသားစီမံကိန္းဥပေဒအစိုးရ၏ ရသုံးမွန္းေျခဥပေဒ၊ အေကာက္ခြန္ဆိုင္ရာဥပေဒတို႔ကိုေရးဆြဲလ်က္ရွိၿပီး ထိုဥပေဒေရးဆြဲရာတြင္ မိမိတို႔လူမ်ိဳး ကိုယ္စားလွယ္မ်ားပါဝင္မွသာဥပေဒ၏ အကာအကြယ္မ်ား၊ အခြင့္အေရးမ်ား၊ ရပိုင္ခြင့္မ်ား ရရွိမည္ျဖစ္ေၾကာင္း စေသာအမွာစကားမ်ား ေျပာၾကားခဲ့ၿပီးေနာက္ နမ္းေဟာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ခြန္ေပါက္စီက ေက်းဇူးတင္စကားေျပာၾကားၿပီး အခမ္းအနားျပန္လည္႐ုတ္သိမ္းခဲ့ေၾကာင္းသိရသည္။

အခမ္းအနားသို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖႏွင့္ ဗဟိုေကာ္မတီဝင္မ်ား မ်င္မိုရ္ခမ္း ခမ္းေဗြ ျဖားဆရာေခါင္၊ ေတာင္ႀကီးၿမိဳ႕နယ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္ႏွင့္ ၿမိဳ႕နယ္ေကာ္မတီတာဝန္ရွိပုဂၢိဳလ္မ်ား၊ နမ္းေဟာင္းက်းရြာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ အြိဳင္းေမြးေတားနမ္းေဟာင္း(၁၆) ရြာမွ ရြာသူႀကီးမ်ား၊ ေဒသခံရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခြန္ယံေသ
Powered by Blogger.