Tuesday, December 17, 2019

“အိပ်မက်ထဲက ပအိုဝ်းယဉ်ကျေးမှုပြတိုက်”

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်




ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိကြသလို လူမျိုးတိုင်းကိုယ်စီမှာလည်း ထုံးတမ်းဓလေ့၊ ရိုးရာယဉ်ကျေးမှု သမိုင်းကိုယ်စီရှိကြပါတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုသမိုင်းတွေကို အသက်ကဲ့သို့ တန်ဖိုးထားကြတဲ့ လူမျိုး တွေဟာ ကမ္ဘာ့အလယ်မှာ ထင်ပေါ်ကျော်ကြားပြီး ကမ္ဘာ့အမွေအနှစ်ထိတိုင် စာရင်းဝင်သွားကြပါတယ်။ တန်ဖိုးထားမှု အားနည်းတဲ့လူတွေကြတော့ ရိုးရာယဉ်ကျေးမှုတွေ တပါးသူ၏ဖိနှိပ်မှုနဲ့ တဖြေးဖြေး ပျောက်ကွယ်သွားပြီး လူမျိုးခံယူသူမရှိကြတော့တဲ့အထိ အခြားလူမျိုးကြီးတွေအဖြစ် ပြောင်းလဲကုန်ကြတယ်။ တချို့လူတွေကြတော့ “နေ့ခင်းအရောင်မထွက်တဲ့ ပိုးစုန်းကြူး”ပမာ ယဉ်ကျေးမှုတွေဟာ တပါးသောသူ၏ အသုံးချခြင်း၊ ဝေဖန်ကဲ့ရဲ့ခြင်းကိုခံကြရပြီး ဝေဖန်ကဲ့ရဲ့အသုံးချမှု မခံမရပ်နိုင်ဖြစ်လာတဲ့အခါမှသာ “ဒီလို လုပ်တာဟာ ငါတို့လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို နှိပ်ချနေတာပဲ၊ စော်ကားနေတာပဲ”လို့ “အမှောင်ရောက်မှ အလင်းရောင်ထွက်တဲ့ ပိုးစုန်းကြူး”ကဲ့သို့ ယဉ်ကျေးမှုတွေကို ပြန်လည်တန်ဖိုးထား၊ အလေးထားသလို ဖြစ်နေကြပါတယ်။ ဒါဆိုတပါးသူတွေရဲ့  အသုံးချခြင်းမခံရလေအောင်၊ လူသိထင်ရှားလာအောင်၊ ကမ္ဘာ့အရပ်ရပ်ကလူတွေ သိရှိနားလည်လက်ခံလာနိုင်အောင် ကျွန်တော်တို့ဘာတွေလုပ်ဆောင်ရမလဲ၊ အခြားသော နည်းလမ်းများစွာရှိနေပေမဲ့ လူမျိုးတစ်မျိုးအတွက် ယဉ်ကျေးမှုပြတိုက်ဟာ အလွန်အရေးကြီးတယ် ဆိုတဲ့ အကြောင်းမှာကြားလိုပါတယ်။

ပြတိုက်ဆိုတာ လူမျိုးတိုင်းရဲ့ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ သမိုင်းကြောင်းများတည်ရှိရာနေရာ၊ မျိုးချစ်စိတ်ရှင်သန်စေဖို့၊ အနုပညာလက်ရာမြှောက်မှု၊ အမှားအမှန်ခွဲခြားပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ဖို့၊ သုတေသနလုပ်ငန်းအတွက် အထောက်အကူဖြစ်စေဖို့၊  မိမိတို့ဒေသရဲ့အထိမ်းအမှတ်တစ်ခု၊ လူတိုင်း အတွက်ပညာပေးရာ ဗဟိုဌာနတစ်ခုအဖြစ် သတ်မှတ်ထားကြပါပြီ။ မြန်မာနိုင်ငံမှာတော့ အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသနပြတိုက်၊  ပြည်နယ်နှင့်တိုင်းရှိ ယဉ်ကျေးမှုပြတိုက်၊ ကျောက်မျတ်ရတနာပြတိုက်၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ရှမ်းစော်ဘွားပြတိုက်၊ ညောင်ရွှေဟော်နန်း စတဲ့ပြတိုက်တွေရှိပြီး ယနေ့အထိ လာရောက်လေ့လာသူတွေ စဉ်ဆက်မပြတ်ပါပဲ။ လာရောက်လေ့လာသူ များပြားလေလေ ၎င်းတို့ရဲ့သမိုင်းဟာ အချိန်နဲ့အမျှ ကမ္ဘာအနှံ့သို့ပြန့်နှံ့လေလေပါပဲ။

ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်မှာ လူမျိုးပေါင်းစုံယဉ်ကျေးမှုတွေ ပြသထားပေမဲ့ လူမျိုးတစ်မျိုးအတွက် ပြည့်စုံတဲ့အနှစ်သာရမရှိတာ တွေ့မြင်ရမှာပါ။ ညောင်ရွှေဟော်နန်းဆိုရင်လည်း ရှမ်းစော်ဘွားများရဲ့ သက်တမ်းရင့် ယဉ်ကျေးမှုပစ္စည်းတွေ သီးသန့်ထားရှိကြတာ တွေ့ရပါတယ်။ အဲ့လိုပါပဲ ကရင်ပြည်နယ်မှာဆိုရင် ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ယနေ့အထိတိုင် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်လာကြလို့ ကမ္ဘာသိ၊ လူသိ ဖြစ်လာကုန်ကြပါပြီ။ ကိုယ့်ရဲ့ယဉ်ကျေးမှုပစ္စည်းဟာ ၎င်းတို့ရဲ့ပြတိုက်မှာ ပြသခြင်းခံရပြီဆိုရင်တော့ ၎င်းတို့ရဲ့ယဉ်ကျေးမှုအဖြစ် ကမ္ဘာအနှံ့ကလူတွေ မှတ်ယူသွားကြမှာ အသေအချာပါပဲ။ အဲ့သလို ပြတိုက်အတွင်းရှိ ခိုင်မာတဲ့သမိုင်းကြောင်းတွေကြောင့် ကမ္ဘာ့အလည်မှာ ဂုဏ်သိက္ခာရှိစွာနဲ့ဝင့်ကြွားနိုင်တာ တွေ့ရမှာပါ။

ပြည်နယ်နှင့်တိုင်းမရှိသေးတဲ့ လူမျိုးတွေအတွက် ယဉ်ကျေးမှုပြတိုက်ပေါ်ထွန်းလာဖို့ အစိုးရမှ ကူညီပံ့ပိုး မှုအားနည်းနေသလို လူဦးရေများပြားပေမယ့် “သင်တို့ဟာဘာလူမျိုးတွေလဲ”ဟု အမေးခံရတဲ့အထဲမှာ ပအိုဝ်း တိုင်းရင်းသားတွေလည်း ပါဝင်နေပါတယ်။ ပအိုဝ်းတိုင်းရင်းသားများဟာ ရိုးရာယဉ်ကျေးမှု ထွန်းကား သလောက် သမိုင်းဝင်ပစ္စည်းတွေရှိနေပေမဲ့ ယဉ်ကျေးမှုသွေးကြောကြီးဖြစ်တဲ့ ပြတိုက်ကို အသက်ဝင်အောင်ဖော်ဆောင်ဖို့က ယနေ့အချိန်အထိ တုန့်ဆိုင်းနေတုန်းပါပဲ။ လူမျိုးကိုယ်စားပြု ပြတိုက်တစ်ခု တည်ထောင်ဖို့ ဆက်လက်နှောက်နှေးနေမယ်ဆိုရင် သတင်းအချက်အလက် ပြန့်နှံ့မှုလျင်မြန်တဲ့ ယနေ့ခေတ်မှာ တစ်စုံတစ်ဦးကိုထိခိုက်တာ မဟုတ်တော့ဘဲ မိမိတို့လူမျိုးတစ်ခုလုံးအတွက် ဆုံးရှုံးမှု၊ နစ်နာမှုတွေ များစွာဖြစ်ပေါ်လာပါတယ်။ ကိုယ့်လူမျိုးကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်မရှိတဲ့အတွက်  ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုပစ္စည်းတွေလည်း တပါးသူ၏ယဉ်ကျေးမှုပစ္စည်းအဖြစ် သတ်မှတ်ခြင်းခံရတာ ပြတိုက်တစ်ခုမှာ မျက်မြင်တွေ့ရှိခဲ့ရပြီး လူမှုကွန်ယက်ပေါ်မှာလည်း လူတိုင်းတွေ့မြင်ကြားသိခဲ့ရသည့် အမျိုးသမီးအဝတ်အစားအပေါ် တိုင်းရင်းသားပုံတံဆိပ်ရိုက်နှိပ်ခြင်း၊ ရန်ကုန်မြို့ရှိ ထင်ရှားတဲ့တက္ကသိုလ်ကျောင်းမှာလည်း ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြပွဲတစ်ခုမှာ မိမိတို့တိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသားတို့ရဲ့ ရိုးရာပစ္စည်း အငြင်းပွားမှုတစ်ခု မိတ်ဆွေကျောင်းသားတစ်ဦးထံမှ ကြားသိခဲ့ရပါတယ်။ မမြင်နိုင်တဲ့ အခြားသောအငြင်းပွားမှု များစွာရှိနေပေမဲ့ ဒီလို အငြင်းပွားမှုတွေ ဘာ့ကြောင့်ဖြစ်လာရတာလဲ။

တနေ့တချိန်မှာ လူငယ်တွေထံ တိုင်းတပါးမှမေးမြန်းလာတဲ့အခါ မရေရာတဲ့သမိုင်းနောက်ခံ၊ လက်ညိုးထိုးညွှန်ပြစရာမရှိတဲ့သက်သေ၊ အတည်တကျမရှိတော့သည့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်၊ အမျိုးမျိုးကွဲပြားလာသည့် အခေါ်အဝေါ်အရေးအသား၊ ဆန်းသစ်တီထွင်မှုများပြားလာတဲ့ယဉ်ကျေးမှု စတာတွေ ယနေ့ခေတ်လူငယ်တိုင်း ခံစားလာရပါပြီ။ ဒီလိုတွေဖြစ်လာရတာဟာ မိမိတို့ရဲ့သမိုင်းကြောင်းတွေကို စာအလွတ်ကျက်စနစ်နဲ့ မျိုးဆက်သစ်လူငယ်တွေဆီ မှားယွင်းစွာလက်ဆင့်ကမ်းနေလို့ပါပဲ။ ယခုဆိုရင် ခန်းမထဲမှာ သမိုင်းဝင်ရှေးဟောင်းပစ္စည်းတွေ အများအပြားရှိပေမဲ့ စနစ်တကျထိန်းသိမ်းမှုမရှိတော့တဲ့အတွက် ငှားရမ်းသူ များပြားပြီး လာရောက်ကြည့်ရှုလေ့လာသူ မရှိတော့သလို တနေ့တခြားပျက်စီးမှုတွေ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ လူမျိုးဂုဏ်ကိုမြှင့်တင်ပေးမဲ့ အမွေအနှစ်ပစ္စည်းကို အဆင့်မြှင့်တင်မှုမရှိတော့သလို  တန်ဖိုးထားမှု လျော့နည်းလာတဲ့အတွက် ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ လူမျိုးဂုဏ်သိက္ခာတွေလည်း တနေ့တခြား မှေးမှိန်လာတာ လူတိုင်းသတိထားသင့်နေပါပြီ။ ထင်ရှားတဲ့မြို့တော်မှာနေထိုင်ပြီး ခရီးသွားလုပ်ငန်းတွေ များပြားလာတဲ့ ပအိုဝ်းဒေသမှာ  သမိုင်းဝင်ရှေးဟောင်းပစ္စည်းတွေ ထုတ်ဖော်ပြသနိုင်ဖို့၊ ပအိုဝ်းလူမျိုးတွေရဲ့ သမိုင်းကို ကမ္ဘာ့အလယ်မှာ အဆင့်မြှင့်တင်ဆေးရောင်ခြယ်ပေးမဲ့ နိုင်ငံခြားဧည့်သည်တွေအတွက် ယဉ်ကျေးမှု ပြတိုက်ဟာ ယခုအချိန်မှာ ရှိသင့်ရှိထိုက်တဲ့အရာတစ်ခုပါ။

ပြတိုက်တစ်ခုအတွက် လူမျိုးတိုင်းမည်သူမဆို ကံ၊ ဉာဏ်၊ ဝိရိယအားနဲ့ တတ်စွမ်းသမျှ ယောက်တိုင်း ပါဝင်ထမ်းဆောင်ကြမယ်ဆိုရင်တော့ ပိုမိုအနှစ်သာပြည့်ဝတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုပြတိုက်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုအမွေအနှစ် အဆင့်အတန်းမြင့်မားတာဟာ အဲဒီလူမျိုးတွေရဲ့ အတွေးအခေါ်အယူအဆ၊ ဖန်တီးနိုင်မှု ဘယ်လောက်မြင့်မားတယ်ဆိုတာကို ဖော်ပြနေတာနဲ့အတူတူပါပဲ။ ဒါ့ကြောင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ခေါင်းဆောင်များသော် လည်းကောင်း၊ ပြည်သူတွေအနေနဲ့သော်လည်းကောင်း လူတိုင်းလာရောက်လေ့လာနိုင်တဲ့ “လူမျိုးကိုယ်စားပြု ယဉ်ကျေးမှုပြတိုက်တစ်ခု”ကို ဝိုင်းဝန်းဖော်ဆောင်ရမဲ့အချိန် ရောက်နေပြီဆိုတဲ့အကြောင်း ယဉ်ကျေးမှုတန်ဖိုးကို မြတ်နိုးတဲ့ပြည်သူတစ်ဦးအနေနဲ့  အကြံပြုတိုက်တွန်းရေးသားလိုက်ရပါတယ်။

မျင်ꩻမိုရ်ႏခွန်

“အိပ္မက္ထဲက ပအိုဝ္းယဥ္ေက်းမႈျပတိုက္”
ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇)ရက္

ကမၻာေပၚမွာ လူမ်ိဳးေပါင္းစုံရွိၾကသလို လူမ်ိဳးတိုင္းကိုယ္စီမွာလည္း ထုံးတမ္းဓေလ့၊ ရိုးရာယဥ္ေက်းမႈ သမိုင္းကိုယ္စီရွိၾကပါတယ္။ မိမိတို႔ရဲ့ ယဥ္ေက်းမႈသမိုင္းေတြကို အသက္ကဲ့သို႔ တန္ဖိုးထားၾကတဲ့ လူမ်ိဳး ေတြဟာ ကမၻာ့အလယ္မွာ ထင္ေပၚေက်ာ္ၾကားၿပီး ကမၻာ့အေမြအႏွစ္ထိတိုင္ စာရင္းဝင္သြားၾကပါတယ္။ တန္ဖိုးထားမႈ အားနည္းတဲ့လူေတြၾကေတာ့ ရိုးရာယဥ္ေက်းမႈေတြ တပါးသူ၏ဖိႏွိပ္မႈနဲ႔ တေျဖးေျဖး ေပ်ာက္ကြယ္သြားၿပီး လူမ်ိဳးခံယူသူမရွိၾကေတာ့တဲ့အထိ အျခားလူမ်ိဳးႀကီးေတြအျဖစ္ ေျပာင္းလဲကုန္ၾကတယ္။ တခ်ိဳ႕လူေတြၾကေတာ့ “ေန႔ခင္းအေရာင္မထြက္တဲ့ ပိုးစုန္းၾကဴး”ပမာ ယဥ္ေက်းမႈေတြဟာ တပါးေသာသူ၏ အသုံးခ်ျခင္း၊ ေဝဖန္ကဲ့ရဲ့ျခင္းကိုခံၾကရၿပီး ေဝဖန္ကဲ့ရဲ့အသုံးခ်မႈ မခံမရပ္နိုင္ျဖစ္လာတဲ့အခါမွသာ “ဒီလို လုပ္တာဟာ ငါတို႔လူမ်ိဳးေတြရဲ့ ယဥ္ေက်းမႈကို ႏွိပ္ခ်ေနတာပဲ၊ ေစာ္ကားေနတာပဲ”လို႔ “အေမွာင္ေရာက္မွ အလင္းေရာင္ထြက္တဲ့ ပိုးစုန္းၾကဴး”ကဲ့သို႔ ယဥ္ေက်းမႈေတြကို ျပန္လည္တန္ဖိုးထား၊ အေလးထားသလို ျဖစ္ေနၾကပါတယ္။ ဒါဆိုတပါးသူေတြရဲ့  အသုံးခ်ျခင္းမခံရေလေအာင္၊ လူသိထင္ရွားလာေအာင္၊ ကမၻာ့အရပ္ ရပ္ကလူေတြ သိရွိနားလည္လက္ခံလာနိုင္ေအာင္ ကၽြန္ေတာ္တို႔ဘာေတြလုပ္ေဆာင္ရမလဲ၊ အျခားေသာ နည္းလမ္းမ်ားစြာရွိေနေပမဲ့ လူမ်ိဳးတစ္မ်ိဳးအတြက္ ယဥ္ေက်းမႈျပတိုက္ဟာ အလြန္အေရးႀကီးတယ္ ဆိုတဲ့ အေၾကာင္းမွာၾကားလိုပါတယ္။ 

ျပတိုက္ဆိုတာ လူမ်ိဳးတိုင္းရဲ့ယဥ္ေက်းမႈ၊ ေရွးေဟာင္းအေမြအႏွစ္၊ သမိုင္းေၾကာင္းမ်ားတည္ရွိရာေနရာ၊ မ်ိဳးခ်စ္စိတ္ရွင္သန္ေစဖို႔၊ အႏုပညာလက္ရာေျမႇာက္မႈ၊ အမွားအမွန္ခြဲျခားၿပီး အခ်ိန္ကိုအက်ိဳးရွိစြာ အသုံးခ် တတ္ဖို႔၊ သုေတသနလုပ္ငန္းအတြက္ အေထာက္အကူျဖစ္ေစဖို႔၊  မိမိတို႔ေဒသရဲ့အထိမ္းအမွတ္တစ္ခု၊ လူတိုင္း အတြက္ပညာေပးရာ ဗဟိုဌာနတစ္ခုအျဖစ္ သတ္မွတ္ထားၾကပါၿပီ။ ျမန္မာနိုင္ငံမွာေတာ့ အမ်ိဳးသားျပတိုက္၊ ေရွးေဟာင္းသုေတသနျပတိုက္၊  ျပည္နယ္ႏွင့္တိုင္းရွိ ယဥ္ေက်းမႈျပတိုက္၊ ေက်ာက္မ်တ္ရတနာျပတိုက္၊ တပ္မေတာ္စစ္သမိုင္းျပတိုက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္၊ ရွမ္းေစာ္ဘြားျပတိုက္၊ ေညာင္ေရႊေဟာ္နန္း စတဲ့ျပတိုက္ေတြရွိၿပီး ယေန႔အထိ လာေရာက္ေလ့လာသူေတြ စဥ္ဆက္မျပတ္ပါပဲ။ လာေရာက္ေလ့လာသူ မ်ားျပားေလေလ ၎တို႔ရဲ့သမိုင္းဟာ အခ်ိန္နဲ႔အမၽွ ကမၻာအႏွံ့သို႔ျပန႔္ႏွံ့ေလေလပါပဲ။ 

ရွမ္းျပည္နယ္ယဥ္ေက်းမႈ ျပတိုက္မွာ လူမ်ိဳးေပါင္းစုံယဥ္ေက်းမႈေတြ ျပသထားေပမဲ့ လူမ်ိဳးတစ္မ်ိဳးအတြက္ ျပည့္စုံတဲ့အႏွစ္သာရမရွိတာ ေတြ႕ျမင္ရမွာပါ။ ေညာင္ေရႊေဟာ္နန္းဆိုရင္လည္း ရွမ္းေစာ္ဘြားမ်ားရဲ့ သက္တမ္းရင့္ ယဥ္ေက်းမႈပစၥည္းေတြ သီးသန႔္ထားရွိၾကတာ ေတြ႕ရပါတယ္။ အဲ့လိုပါပဲ ကရင္ျပည္နယ္မွာဆိုရင္ ကရင္လူမ်ိဳးေတြရဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ေတြ ယေန႔အထိတိုင္ တစ္ဆင့္ၿပီးတစ္ဆင့္ ျမႇင့္တင္လာၾကလို႔ ကမၻာသိ၊ လူသိ ျဖစ္လာကုန္ၾကပါၿပီ။ ကိုယ့္ရဲ့ယဥ္ေက်းမႈပစၥည္းဟာ ၎တို႔ရဲ့ျပတိုက္မွာ ျပသျခင္းခံရၿပီဆိုရင္ေတာ့ ၎တို႔ရဲ့ယဥ္ေက်းမႈအျဖစ္ ကမၻာအႏွံ့ကလူေတြ မွတ္ယူသြားၾကမွာ အေသအခ်ာပါပဲ။ အဲ့သလို ျပတိုက္အတြင္းရွိ ခိုင္မာတဲ့သမိုင္းေၾကာင္းေတြေၾကာင့္ ကမၻာ့အလည္မွာ ဂုဏ္သိကၡာရွိစြာနဲ႔ဝင့္ႂကြားနိုင္တာ ေတြ႕ရမွာပါ။

ျပည္နယ္ႏွင့္တိုင္းမရွိေသးတဲ့ လူမ်ိဳးေတြအတြက္ ယဥ္ေက်းမႈျပတိုက္ေပၚထြန္းလာဖို႔ အစိုးရမွ ကူညီပံ့ပိုး မႈအားနည္းေနသလို လူဦးေရမ်ားျပားေပမယ့္ “သင္တို႔ဟာဘာလူမ်ိဳးေတြလဲ”ဟု အေမးခံရတဲ့အထဲမွာ ပအိုဝ္း တိုင္းရင္းသားေတြလည္း ပါဝင္ေနပါတယ္။ ပအိုဝ္းတိုင္းရင္းသားမ်ားဟာ ရိုးရာယဥ္ေက်းမႈ ထြန္းကား သေလာက္ သမိုင္းဝင္ပစၥည္းေတြရွိေနေပမဲ့ ယဥ္ေက်းမႈေသြးေၾကာႀကီးျဖစ္တဲ့ ျပတိုက္ကို အသက္ဝင္ေအာင္ေဖာ္ေဆာင္ဖို႔က ယေန႔အခ်ိန္အထိ တုန႔္ဆိုင္းေနတုန္းပါပဲ။ လူမ်ိဳးကိုယ္စားျပဳ ျပတိုက္တစ္ခု တည္ေထာင္ဖို႔ ဆက္လက္ေႏွာက္ေႏွးေနမယ္ဆိုရင္ သတင္းအခ်က္အလက္ ျပန႔္ႏွံ့မႈလ်င္ျမန္တဲ့ ယေန႔ေခတ္မွာ တစ္စုံတစ္ဦးကိုထိခိုက္တာ မဟုတ္ေတာ့ဘဲ မိမိတို႔လူမ်ိဳးတစ္ခုလုံးအတြက္ ဆုံးရႈံးမႈ၊ နစ္နာမႈေတြ မ်ားစြာျဖစ္ေပၚလာပါတယ္။ ကိုယ့္လူမ်ိဳးကိုယ္စားျပဳ ယဥ္ေက်းမႈျပတိုက္မရွိတဲ့အတြက္  ကိုယ့္ရဲ့ရိုးရာယဥ္ေက်းမႈပစၥည္းေတြလည္း တပါးသူ၏ယဥ္ေက်းမႈပစၥည္းအျဖစ္ သတ္မွတ္ျခင္းခံရတာ ျပတိုက္တစ္ခုမွာ မ်က္ျမင္ေတြ႕ရွိခဲ့ရၿပီး လူမႈကြန္ယက္ေပၚမွာလည္း လူတိုင္းေတြ႕ျမင္ၾကားသိခဲ့ရသည့္ အမ်ိဳးသမီးအဝတ္အစားအေပၚ တိုင္းရင္းသားပုံတံဆိပ္ရိုက္ႏွိပ္ျခင္း၊ ရန္ကုန္ၿမိဳ႕ရွိ ထင္ရွားတဲ့တကၠသိုလ္ေက်ာင္းမွာလည္း ရိုးရာယဥ္ေက်းမႈနဲ႔ ပတ္သက္တဲ့ ျပပြဲတစ္ခုမွာ မိမိတို႔တိုင္းရင္းသားနဲ႔ အျခားတိုင္းရင္းသားတို႔ရဲ့ ရိုးရာပစၥည္း အျငင္းပြားမႈတစ္ခု မိတ္ေဆြေက်ာင္းသားတစ္ဦးထံမွ ၾကားသိခဲ့ရပါတယ္။ မျမင္နိုင္တဲ့ အျခားေသာအျငင္းပြားမႈ မ်ားစြာရွိေနေပမဲ့ ဒီလို အျငင္းပြားမႈေတြ ဘာ့ေၾကာင့္ျဖစ္လာရတာလဲ။ 

တေန႔တခ်ိန္မွာ လူငယ္ေတြထံ တိုင္းတပါးမွေမးျမန္းလာတဲ့အခါ မေရရာတဲ့သမိုင္းေနာက္ခံ၊ လက္ညိဳးထိုးညႊန္ျပစရာမရွိတဲ့သက္ေသ၊ အတည္တက်မရွိေတာ့သည့္ အထိမ္းအမွတ္ေန႔ထူးေန႔ျမတ္၊ အမ်ိဳးမ်ိဳးကြဲျပားလာသည့္ အေခၚအေဝၚအေရးအသား၊ ဆန္းသစ္တီထြင္မႈမ်ားျပားလာတဲ့ယဥ္ေက်းမႈ စတာေတြ ယေန႔ ေခတ္လူငယ္တိုင္း ခံစားလာရပါၿပီ။ ဒီလိုေတြျဖစ္လာရတာဟာ မိမိတို႔ရဲ့သမိုင္းေၾကာင္းေတြကို စာအလြတ္က်က္စနစ္နဲ႔ မ်ိဳးဆက္သစ္လူငယ္ေတြဆီ မွားယြင္းစြာလက္ဆင့္ကမ္းေနလို႔ပါပဲ။ ယခုဆိုရင္ ခန္းမထဲမွာ သမိုင္းဝင္ေရွးေဟာင္းပစၥည္းေတြ အမ်ားအျပားရွိေပမဲ့ စနစ္တက်ထိန္းသိမ္းမႈမရွိေတာ့တဲ့အတြက္ ငွားရမ္းသူ မ်ားျပားၿပီး လာေရာက္ၾကည့္ရႈေလ့လာသူ မရွိေတာ့သလို တေန႔တျခားပ်က္စီးမႈေတြ ပိုမိုမ်ားျပားလာတာ ေတြ႕ရပတယ္။ လူမ်ိဳးဂုဏ္ကိုျမႇင့္တင္ေပးမဲ့ အေမြအႏွစ္ပစၥည္းကို အဆင့္ျမႇင့္တင္မႈမရွိေတာ့သလို  တန္ဖိုး ထားမႈ ေလ်ာ့နည္းလာတဲ့အတြက္ ယဥ္ေက်းမႈနဲ႔ပတ္သက္တဲ့ လူမ်ိဳးဂုဏ္သိကၡာေတြလည္း တေန႔တျခား ေမွးမွိန္လာတာ လူတိုင္းသတိထားသင့္ေနပါၿပီ။ ထင္ရွားတဲ့ၿမိဳ႕ေတာ္မွာေနထိုင္ၿပီး ခရီးသြားလုပ္ငန္းေတြ မ်ားျပားလာတဲ့ ပအိုဝ္းေဒသမွာ  သမိုင္းဝင္ေရွးေဟာင္းပစၥည္းေတြ ထုတ္ေဖာ္ျပသနိုင္ဖို႔၊ ပအိုဝ္းလူမ်ိဳးေတြရဲ့ သမိုင္းကို ကမၻာ့အလယ္မွာ အဆင့္ျမႇင့္တင္ေဆးေရာင္ျခယ္ေပးမဲ့ နိုင္ငံျခားဧည့္သည္ေတြအတြက္ ယဥ္ေက်းမႈ ျပတိုက္ဟာ ယခုအခ်ိန္မွာ ရွိသင့္ရွိထိုက္တဲ့အရာတစ္ခုပါ။

ျပတိုက္တစ္ခုအတြက္ လူမ်ိဳးတိုင္းမည္သူမဆို ကံ၊ ဉာဏ္၊ ဝိရိယအားနဲ႔ တတ္စြမ္းသမၽွ ေယာက္တိုင္း ပါဝင္ထမ္းေဆာင္ၾကမယ္ဆိုရင္ေတာ့ ပိုမိုအႏွစ္သာျပည့္ဝတဲ့ ကိုယ္ပိုင္ယဥ္ေက်းမႈျပတိုက္တစ္ခုျဖစ္လာမွာ အေသအခ်ာပါပဲ။ လူမ်ိဳးတစ္မ်ိဳးရဲ့ယဥ္ေက်းမႈအေမြအႏွစ္ အဆင့္အတန္းျမင့္မားတာဟာ အဲဒီလူမ်ိဳးေတြရဲ့ အေတြးအေခၚအယူအဆ၊ ဖန္တီးနိုင္မႈ ဘယ္ေလာက္ျမင့္မားတယ္ဆိုတာကို ေဖာ္ျပေနတာနဲ႔အတူတူပါပဲ။ ဒါ့ေၾကာင့္ ရိုးရာယဥ္ေက်းမႈကို ျမတ္နိုးတဲ့ပအိုဝ္းတိုင္းရင္းသားေတြအေနနဲ႔ ေခါင္းေဆာင္မ်ားေသာ္ လည္းေကာင္း၊ ျပည္သူေတြအေနနဲ႔ေသာ္လည္းေကာင္း လူတိုင္းလာေရာက္ေလ့လာနိုင္တဲ့ “လူမ်ိဳးကိုယ္စားျပဳ ယဥ္ေက်းမႈျပတိုက္တစ္ခု”ကို ဝိုင္းဝန္းေဖာ္ေဆာင္ရမဲ့အခ်ိန္ ေရာက္ေနၿပီဆိုတဲ့အေၾကာင္း ယဥ္ေက်းမႈတန္ဖိုးကို ျမတ္နိုးတဲ့ျပည္သူတစ္ဦးအေနနဲ႔  အႀကံျပဳတိုက္တြန္းေရးသားလိုက္ရပါတယ္။

မ်င္ꩻမိုရ္ႏခြန္
Powered by Blogger.