Monday, December 16, 2019

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထုအုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်








ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထုအုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက် တောင်ကြီးမြို့နယ်၊ ဝမ်းကွေးဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုုလုပ်သော လူထုတွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဝမ်းကွေးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ပြီးနောက် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်က အဖွင့်မှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက အမှာစကားပြောကြားရာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထု အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး အာဏာကြီး (၃) ရပ်ဖြင့်အုပ်ချုပ်လျက်ရှိကြောင်း ၊ မိမိတို့၏မြို့နယ်အတွင်း မိမိတို့လူမျိုး လွှတ်တော်ကိုယ်စားလှယ်ရှိမှသာ ဥပဒေရေးဆွဲရာတွင် မိမိတို့လူမျိုးပါဝင်ရမည်ဖြစ်ပြီး ဥပဒေ၏ အကာအကွယ်များ၊ အခွင့်အရေးများရရှိလာမည်ဖြစ်ကြောင်း၊ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ၏လမ်းညွှန်မှုအညီ အထူးဒေသ (၆) ပညာရေး၊ ကျန်းမားရေး၊ လမ်းပန်းဆက်သွယ်ရေးစသော ဒေသဖွံ့ဖြိုးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏လူမျိုးစည်းလုံးညီညွှတ်မှုသည် တန်ဖိုးအကြီးဆုံးနှင့်အခြေခံအကျဆုံးအရာ ဖြစ်ကြောင်း၊ စည်လုံးညီညွှတ်မှုရှိမှသာ မိမိတို့လူမျိုးအတွက် ရှေ့လုပ်ငန်းစဉ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းစသော အမှာစကားများ ပြောကြားခဲ့ပြီးနောက် အွိုင်ဝမ်းကွေး (PNO) ပါတီ ဒု-ဥက္ကဋ္ဌဖြားခွန်ခဲဖြိန်းက ဒေသံရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် ဗဟိုကော်မတီများ၊ တောင်ကြီးမြို့နယ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်၊ ဒု-ဥက္ကဋ္ဌ ဖြားခွန်ပညာနှင့် မြို့နယ်ကော်မတီ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အွိုင်ဝမ်းကွေး PNO ပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အွိုင်းဝမ်းကွေးကျေးရွာ (၈) ရွာနှင့် အွိုင်းမင်္ဂလာကျေးရွာ (၁၁) ရွာမှ ရွာသူကြီးများ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္သည္ ျပည္သူလူထုအုပ္ခ်ဳပ္ေရးစနစ္ျဖစ္ေၾကာင္း (PNO) အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖေျပာၾကား


ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္သည္ ျပည္သူလူထု အုပ္ခ်ဳပ္ေရးစနစ္ျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖက ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ ေတာင္ႀကီးၿမိဳ႕နယ္ ဝမ္းေကြးဘုန္းေတာ္ႀကီးေက်ာင္းတြင္က်င္းပျပဳဳလုပ္ေသာ လူထုေတြ႕ဆံုပြဲအခမ္းအနား၌ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ဝမ္းေကြးေက်ာင္းဆရာေတာ္ထံမွ ငါးပါးသီလခံယူခဲ့ၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕နယ္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္က အဖြင့္မွာစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖက အမွာစကားေျပာၾကားရာ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးစနစ္သည္ ျပည္သူလူထု အုပ္ခ်ဳပ္ေရးစနစ္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသည္ ဥပေဒျပဳေရး အုပ္ခ်ဳပ္ေရး တရားစီရင္ေရး အာဏာႀကီး ၃ ရပ္ျဖင့္အုပ္ခ်ဳပ္လ်က္ရွိေၾကာင္း ၊ မိမိတို႔၏ၿမိဳ႕နယ္အတြင္း မိမိတုို႔လူမ်ိဳးလႊတ္ေတာ္ ကိုယ္စားလွယ္ရွိမွသာ ဥပေဒေရးဆြဲရာတြင္ မိမိတို႔လူမ်ိဳးပါဝင္ရမည္ျဖစ္ၿပီး ဥပေဒ၏ အကာအကြယ္မ်ား၊ အခြင့္အေရးမ်ား ရရွိလာမည္ျဖစ္ေၾကာင္း၊ ၁၉၉၁ ခုႏွစ္ ၿငိမ္းခ်မ္းေရးရယူၿပီးေနာက္ပိုင္း ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ႀကီး ျဖားတန္စင္ဖါေအာင္ခမ္းထီ၏လမ္းညႊန္မႈအညီ အထူးေဒသ ၆ ပညာေရး က်န္းမားေရး လမ္းပန္းဆက္သြယ္ေရးစေသာ ေဒသဖြံ႕ၿဖိဳးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ မိမိတို႔၏လူမ်ိဳးစည္းလံုးညီညႊတ္မႈသည္ တန္ဖိုးအႀကီးဆံုးႏွင့္အေျခခံအက်ဆံုးအရာ ျဖစ္ေၾကာင္း ၊ စည္လံုးညီညႊတ္မႈရွိမွသာ မိမိတို႔လူမ်ိဳးအတြက္ ေရွ႕လုပ္ငန္းစဥ္မ်ား ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ပိုမိုလုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း စေသာ အမွာစကားမ်ား ေျပာၾကားခဲ့ၿပီးေနာက္ အိြဳင္ဝမ္းေကြး (PNO) ပါတီ ဒု-ဥကၠ႒ျဖားခြန္ခဲၿဖိန္းက ေဒသံရပ္မိရပ္ဖကိုယ္စား ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး အခမ္းအနားျပန္လည္ရုတ္သိမ္းခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမွဴးခ်ဳပ္ ျဖားခြန္သိန္းေဖႏွင့္ ဗဟိုေကာ္မတီမ်ား ၊ ေတာင္ႀကီးၿမိဳ႕နယ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္၊ ဒု-ဥကၠ႒ ျဖားခြန္ပညာ ႏွင့္ ၿမိဳ႕နယ္ေကာ္မတီ တာဝန္ရွိပုဂၢိဳလ္မ်ား ၊ အိြဳင္ဝမ္းေကြး PNO ပါတီဥကၠ႒ႏွင့္တာဝန္ရွိပုဂိၢဳလ္မ်ား ၊ အိြဳင္းဝမ္းေကြးေက်းရြာ (၈) ရြာႏွင့္ အိြဳင္းမဂၤလာေက်းရြာ (၁၁) ရြာမွ ရြာသူႀကီးမ်ား ေဒသခံရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခြန္ယံေသ
Powered by Blogger.