Sunday, December 15, 2019

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များက လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်





၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၁၁းဝ၀)အချိန်တွင် တောင်ကြီးမြို့နယ်၊ ပေါမူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လူထုတွေ့ဆုံပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအနက် မိမိတို့ပအိုဝ်းလူမျိုး လူဦးရေသည် အဆင့် (၆)ရှိပြီး မိမိလူမျိုးနှင့်ထိုက်တန်သော ရပိုင်ခွင့် လုပ်ပိုင်ခွင့်များကို ကြိုးစားလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးမားမှုကြောင့် ၁၉၉၁ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း အထူးဒေသ (၆)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၁ဝနောက်ပိုင်း ပါတီစုံဒီမိုကရေစီဖြစ်လာပြီး လွှတ်တော်မှတစ်ဆင့် ယနေ့အချိန်ထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘွဲ့ရလူငယ်များအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ စည်းလုံးညီညွှတ်မှုသည် အရေးကြီးပါကြောင်း၊ စည်းလုံးညီညွှတ်မှသာ မိမိတို့လူမျိုးအတွက် ရပိုင်ခွင့်များနှင့် လုပ်ပိုင်ခွင့်များရရှိလာမည်ဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများနှင့် မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ၏ တိုင်ပင်ဆွေးနွေးမှု ရလဒ်နှင့် အညီ မဲဆန္ဒနယ်များ တိုးချဲ့နိုင်ခြေရှိမည်ဖြစ်ကြောင်း အမှာစကားအသီးသီးများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒု-ဥက္ကဋ္ဌ ဖြားခွန်ပညာက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် တွေ့ဆုံပွဲ အခမ်းအနား ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် ဗဟိုကော်မတီများ၊ တောင်ကြီးမြို့နယ် (PNO) ဥက္ကဋ္ဌ ဖြားခွန်တင်မောင်၊ ဒု-ဥက္ကဋ္ဌ ဖြားခွန်ပညာနှင့် မြို့နယ်ကော်မတီ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အွိုင်းပေါမူ ကျေးရွာ (၂၀) မှ ရွာသူကြီးများ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ႏွင့္တာဝန္ရွိပုဂၢိဳလ္မ်ားက လူထုေတြ႕ဆုံပြဲ အခမ္းအနားျပဳလုပ္

၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ (၁၅) ရက္ေန႔ နံနက္ (၁၁းဝ၀)အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေပါမူေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖႏွင့္ တာဝန္ရွိပုဂၢိဳလ္မ်ားက လူထုေတြ႕ဆုံပြဲအခမ္းအနားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ေတာင္ႀကီးၿမိဳ႕နယ္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္ကအဖြင့္အမွာစကားေျပာၾကားခဲ့ၿပီးေနာက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖက အမွာစကားေျပာၾကားရာတြင္ ျပည္ေထာင္စုျမန္မာနိုင္ငံအတြင္းေနထိုင္လ်က္ရွိေသာ တိုင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳးအနက္ မိမိတို႔ပအိုဝ္းလူမ်ိဳး လူဦးေရသည္ အဆင့္ (၆)ရွိၿပီး မိမိလူမ်ိဳးႏွင့္ထိုက္တန္ေသာ ရပိုင္ခြင့္ လုပ္ပိုင္ခြင့္မ်ားကို ႀကိဳးစားလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း၊ မိမိတို႔၏ ေခါင္းေဆာင္ႀကီးမ်ား အေျမာ္အျမင္ႀကီးမားမႈေၾကာင့္ ၁၉၉၁ ၿငိမ္းခ်မ္းေရးရယူၿပီးေနာက္ပိုင္း အထူးေဒသ (၆)ေဒသဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိပါေၾကာင္း၊ ၂၀၁ဝေနာက္ပိုင္း ပါတီစုံဒီမိုကေရစီျဖစ္လာၿပီး လႊတ္ေတာ္မွတစ္ဆင့္ ယေန႔အခ်ိန္ထိ ေဒသဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ဘြဲ႕ရလူငယ္မ်ားအေနျဖင့္ သက္ဆိုင္ရာ အစိုးရဌာနတြင္ တာဝန္ထမ္းေဆာင္ရန္လိုအပ္ေၾကာင္း၊ စည္းလုံးညီညႊတ္မႈသည္ အေရးႀကီးပါေၾကာင္း၊ စည္းလုံးညီညႊတ္မွသာ မိမိတို႔လူမ်ိဳးအတြက္ ရပိုင္ခြင့္မ်ားႏွင့္ လုပ္ပိုင္ခြင့္မ်ားရရွိလာမည္ျဖစ္ေၾကာင္း၊ ေဒသခံမိဘျပည္သူမ်ားႏွင့္ ၿမိဳ႕နယ္တာဝန္ရွိပုဂၢိဳလ္မ်ား၏ တိုင္ပင္ေဆြးေႏြးမႈ ရလဒ္ႏွင့္ အညီ မဲဆႏၵနယ္မ်ား တိုးခ်ဲ႕နိုင္ေျခရွိမည္ျဖစ္ေၾကာင္း အမွာစကားအသီးသီးမ်ား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေတာင္ႀကီးၿမိဳ႕နယ္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ဒု-ဥကၠ႒ ျဖားခြန္ပညာက ေက်းဇူးတင္စကား ေျပာၾကားခဲ့ၿပီးေနာက္ ေတြ႕ဆုံပြဲ အခမ္းအနား ျပန္လည္႐ုတ္သိမ္းခဲ့ေၾကာင္းသိရသည္။

အခမ္းအနားသို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖႏွင့္ ဗဟိုေကာ္မတီမ်ား၊ ေတာင္ႀကီးၿမိဳ႕နယ္ (PNO) ဥကၠ႒ ျဖားခြန္တင္ေမာင္၊ ဒု-ဥကၠ႒ ျဖားခြန္ပညာႏွင့္ ၿမိဳ႕နယ္ေကာ္မတီ တာဝန္ရွိပုဂၢိဳလ္မ်ား ၊ အြိဳင္းေပါမူ ေက်းရြာ (၂၀) မွ ရြာသူႀကီးမ်ား ေဒသခံရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခြန္ယံေသ
Powered by Blogger.