Friday, December 13, 2019

ထီရီး၊ ထီရီးဗောင်း၊ ဗောင်းပြုံး၊ နောင်တရား၊ နောင်ပီလမ်းခွဲ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

Unicode

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်
















နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ)နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ပြီးစီးသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ထီရီး၊ ထီရီးဗောင်း၊ ဗောင်းပြုံး၊ နောင်တရား၊ နောင်ပီလမ်းခွဲ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်း (၄)မိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ(၁၃.၁၂.၂၀၁၉)ခုနှစ်၊ သောကြာနေ့ နံနက်(၉း၃၀)အချိန်တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လွယ်ဗောင်းကျောင်း ဆရာတော်ဦးနန္ဒဝံသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဖြားခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ထီရီးဗောင်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို လည့်လည်ကြည့်ရှု့ခဲ့ပါသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့်အမှာစ ကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော်နဲ့ပေါင်းစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီးအတွင်းမှာ တိုင်းရင်းသားအားလုံးဟာ ညီးရင်းအစ်ကိုမောင်နှမများသဖွယ် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ တစ်ရေတည်းသောက် အတူတကွပူးပေါင်းနေထိုင်ခဲ့ကြတာဖြစ်ဖြစ်ပါကြောင်း၊ ဒီကနေ့ဖွင့်လှစ်ခဲ့သည့် ကွန်ကရစ်လမ်းဟာ(၁၂)ပေအကျယ် ၆လက်မထုရှိပြီး ၂၀၁၈၊ ၂၀၁၉ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၆)သန်းနဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ လမ်းအတွက်ကုန်ကျမဲ့ ပစ္စည်းတမ်ဖိုး ခွင့်ပြုခဲ့တာဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသားများက လုပ်အားခနဲ့ လမ်းအတွက်လိုအပ်မဲ့ သဲဗြုန်းကိုစိုက်ထုတ်ပြီး အားထုတ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ကြောင်း၊ ထီရီး၊ ထီရီးဗောင်း၊ ဗောင်းပြုံး(၄)မိုင် ကွန်ကရစ်လမ်း ပြီးစီးတဲ့အတွက် ဒေသတွင်းမှာရှိတဲ့ ကျေးရွာပေါင်း(၁၀)ရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူ(၃၀၀၀)ကျော် အကျိုးခံစားခွင့် ရရှိကြမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ရောင်းဝယ် ဖောက်ကားနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အထောက်အကူပြုစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခံစားကြရပြီး ဒေသရဲ့ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အမှာစကားပြောကြားခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဖြားခွန်စံလွင် က ကျေးဇူးတင် အမှာစကားပြောကြားခြင်း၊ ဒေသခံရပ်ရပ်ဖကိုယ်စား ဦးခွန်ထွန်းတီး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ုကြီးဌာနမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝေးလံခေါင်သီသောကျောင်းများသို့ ကျောင်းဝတ်စုံအစုံ(၃၀၀)လွဲပြောင်းပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လွယ်ဗောင်း အထက်ကျောင်းအတွက် အလှူငွေ ကျပ်(၅)သိန်း ပေးအပ်လှူဒါန်ခြင်း၊ ဖွင့်ပွဲ့အထိမ်းအမှတ် တံဆိပ်များနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ လမ်းဖွင့်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့ဝင်များ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့၊ ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း ဦးခံန်စောအောင်၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ဒေသခံပြည်သူအင်အား(၃၀၀၀)ကျော် တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခမ်းရတနားခွန်

ထီရီး၊ ထီရီးေဗာင္း၊ ေဗာင္းျပဳံး၊ ေနာင္တရား၊ ေနာင္ပီလမ္းခြဲ ေက်းရြာခ်င္းဆက္လမ္း ကြန္ကရစ္လမ္းဖြင့္ပြဲအခမ္းအနားက်င္းပ

ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃)ရက္

နယ္စပ္ေရးရာဝန္ႀကီးဌာန (ျပည္ေထာင္စုေထာက္ပံ့ရန္ပုံေငြ)ႏွင့္ ျပည္သူလူထုပူးေပါင္းေဆာင္ရြက္ၿပီးစီးသည့္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္ေလာင္းၿမိဳ႕နယ္၊ ထီရီး၊ ထီရီးေဗာင္း၊ ေဗာင္းျပဳံး၊ ေနာင္တရား၊ ေနာင္ပီလမ္းခြဲ ေက်းရြာခ်င္းဆက္လမ္း ကြန္ကရစ္လမ္း (၄)မိုင္ ဖြင့္ပြဲအခမ္းအနားကို ယေန႔ ဒီဇင္ဘာလ(၁၃.၁၂.၂၀၁၉)ခုႏွစ္၊ ေသာၾကာေန႔ နံနက္(၉း၃၀)အခ်ိန္တြင္ က်င္းပခဲ့ပါသည္။

အခမ္းအနားတြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ လြယ္ေဗာင္းေက်ာင္း ဆရာေတာ္ဦးနႏၵဝံသ၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠဌ ျဖားခြန္စံလြင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၿပီးေနာက္ ထီရီးေဗာင္းေက်းရြာခ်င္းဆက္ ကြန္ကရစ္လမ္းကို လည့္လည္ၾကည့္ရႈ႔ခဲ့ပါသည္။

ထို႔ေနာက္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္က အဖြင့္အမွာစ ကားေျပာၾကားရာတြင္ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ဟာ တိုင္းရင္းသားလူမ်ိဳးေပါင္း(၁၀၀)ေက်ာ္နဲ႔ေပါင္းစည္းတည္ေထာင္ထားတဲ့ ျပည္ေထာင္စု နိုင္ငံေတာ္ႀကီးအတြင္းမွာ တိုင္းရင္းသားအားလုံးဟာ ညီးရင္းအစ္ကိုေမာင္ႏွမမ်ားသဖြယ္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တစ္ေျမတည္းေန တစ္ေရတည္းေသာက္ အတူတကြပူးေပါင္းေနထိုင္ခဲ့ၾကတာျဖစ္ျဖစ္ပါေၾကာင္း၊ ဒီကေန႔ဖြင့္လွစ္ခဲ့သည့္ ကြန္ကရစ္လမ္းဟာ(၁၂)ေပအက်ယ္ ၆လက္မထုရွိၿပီး ၂၀၁၈၊ ၂၀၁၉ဘ႑ာေရးႏွစ္ နယ္စပ္ေရးရာဝန္ႀကီးဌာနရဲ့ ခြင့္ျပဳရန္ပုံေငြ က်ပ္(၁၃၆)သန္းနဲ႔ ေဆာင္ရြက္ခဲ့ေၾကာင္း၊ ဒီလိုေဆာင္ရြက္ရာမွာ နယ္စပ္ေရးရာဝန္ႀကီးဌာနအေနနဲ႔ လမ္းအတြက္ကုန္က်မဲ့ ပစၥည္းတမ္ဖိုး ခြင့္ျပဳခဲ့တာျဖစ္ၿပီး ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာရွိတဲ့ ေဒသခံတိုင္းရင္းသားမ်ားက လုပ္အားခနဲ႔ လမ္းအတြက္လိုအပ္မဲ့ သဲျဗဳန္းကိုစိုက္ထုတ္ၿပီး အားထုတ္ေဆာင္ရြက္ခဲ့ၾကတာ ျဖစ္ေၾကာင္း၊ ထီရီး၊ ထီရီးေဗာင္း၊ ေဗာင္းျပဳံး(၄)မိုင္ ကြန္ကရစ္လမ္း ၿပီးစီးတဲ့အတြက္ ေဒသတြင္းမွာရွိတဲ့ ေက်းရြာေပါင္း(၁၀)ရြာမွ ေဒသခံတိုင္းရင္းသား ျပည္သူ(၃၀၀၀)ေက်ာ္ အက်ိဳးခံစားခြင့္ ရရွိၾကမွာျဖစ္ေၾကာင္း၊ ေဒသထြက္ကုန္မ်ား အဆင္ေျပေခ်ာေမြ႕စြာ ပို႔ေဆာင္ေရာင္းဝယ္ ေဖာက္ကားနိုင္ျခင္း၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး ကိစၥရပ္မ်ားအတြက္ အေထာက္အကူျပဳေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိခံစားၾကရၿပီး ေဒသရဲ့ လူမႈစီးပြားဖြံၿဖိဳးတိုးတက္ေရးကို မ်ားစြာအေထာက္အကူျပဳေစပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ အမွာစကားေျပာၾကားျခင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ျဖားခြန္စံလြင္ က ေက်းဇူးတင္ အမွာစကားေျပာၾကားျခင္း၊ ေဒသခံရပ္ရပ္ဖကိုယ္စား ဦးခြန္ထြန္းတီး က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ နယ္စပ္ေရးရာဝန္ုႀကီးဌာနမွ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ေဝးလံေခါင္သီေသာေက်ာင္းမ်ားသို႔ ေက်ာင္းဝတ္စုံအစုံ(၃၀၀)လြဲေျပာင္းေပးအပ္ျခင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လြယ္ေဗာင္း အထက္ေက်ာင္းအတြက္ အလႉေငြ က်ပ္(၅)သိန္း ေပးအပ္လႉဒါန္ျခင္း၊ ဖြင့္ပြဲ႕အထိမ္းအမွတ္ တံဆိပ္မ်ားႏွင့္လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါ လမ္းဖြင့္ပြဲတြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္အဖြဲ႕ဝင္မ်ား အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္လင္းေအာင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠဌ ျဖားခြန္စံလြင္ႏွင့္အဖြဲ႕၊ ပင္ေလာင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္လွဆန္း ဦးခံန္ေစာေအာင္၊ ဖိတ္ၾကားထားေသာ ဌာနဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား ေဒသခံျပည္သူအင္အား(၃၀၀၀)ေက်ာ္ တက္ေရာက္အားေပးခဲ့ၾကေၾကာင္း သိရွိရပါသည္။

ခမ္းရတနားခြန္
Powered by Blogger.