Saturday, December 28, 2019

အမျိုးသားခေါင်းဆောင်များချမှတ်ထားသည့် မူဝါဒနှင့် လမ်းစဉ်များ အကောင်အထည်ဖော်ရာတွင် တန်ဖိုးဖြတ်၍မရနိုင်သည့်အချက်မှာ ပအိုဝ်းတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုပင်ဖြစ်ကြောင်း ဖြားခွန်သိန်းဖေက ပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်







အမျိုးသားခေါင်းဆောင်များချမှတ်ထားသည့် မူဝါဒနှင့် လမ်းစဉ်များ အကောင်အထည်ဖော်ရာတွင် တန်ဖိုးဖြတ်၍မရနိုင်သည့်အချက်မှာ ပအိုဝ်းတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုပင်ဖြစ်ကြောင်း ယနေ့ ၂၀၁၉၊ခုနှစ် ဒီဇင်ဘာလ၂၈ရက် နံနက်၁ဝနာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ခဲဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ခွန်ဖြားဗွာခမ်း၊ ခမ်းဗွေး ဖြားခွန်မြင့်အောင် က အဖွင့်အမှာစကား ပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ''အမျိုးသားခေါင်းဆောင်များ ချမှတ်ထားသည့် မူဝါဒနှင့် လမ်းစဉ်များ အကောင်အထည်ဖော်ရာတွင် တန်ဖိုးဖြတ်၍မရနိုင်သည့်အချက်မှာ ပအိုဝ်းတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုပင် ဖြစ်ကြောင်း၊ လက်ရှိတွင် ပအိုဝ်းလူမျိုးများ စည်းလုံးညီညွတ်မှုရှိနေသောကြောင်း ပအိုဝ်းဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ တိုးတက်လာခဲ့ရကြောင်း၊ ထို့ကြောင့်အနာဂတ်တွင် ပအိုဝ်းလူမျိုးများ  ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရက ဥပဒေပြဌာန်းပေးထားပြီးဖြစ်ကြောင်း၊ ထို့သို့ပြဌာန်းပေးသော်လည်း မိမိတို့ ပအိုဝ်းလူမျိုးများအနေဖြင့် ကိုယ်ပိုင်ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ပိုမို ဆောင်ရွက်နိုင်ရန် လွှတ်တော်ထဲတွင် ပအိုဝ်းလွှတ်တော်အမတ်များ များစွာ ရှိနေသင့်ကြောင်းနှင့် ပအိုဝ်းပညာတတ်လူငယ်များအနေဖြင့်လည်း အစိုးရဌာနဆိုင်ရာများတွင် ဝင်ရောက်အလုပ်လုပ်ကိုင် ကြရန်အရေးကြီးကြောင်း'' စသည့်အမှာစကားများကို ဒေသခံမိဘပြည် သူများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြားခွန်သိန်းဖေက ''ကျွန်တော်တို့ ပအိုဝ်းလူမျိးသည် ဒေသဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင် အဖွဲ့အစည်းပေါင်းစုံက ဝိုင်းဝန်းလုပ်ဆောင်ကြသည့်အလေ့အထကောင်းများရှိတယ်၊ ဆရာတော်သံဃာတော်များ၊ တာဝန်ရှိလူကြီးများနှင့် ကျေးရွာသူကြီး၏ ဆိုဆုံးမသည့်စကားများကို မြေဝယ်မကျ နာခံကြတယ်၊ အလုပ်လုပ်ရာတွင်လည်း စည်းလုံးညီညွတ်မှုရှိတဲ့အတွက် ကျွန်တော်တို့ တန်ဖိုးတက်တယ်၊ တန်ဖိုးရှိတော့ နိုင်ငံတော်အစိုးရအတွက် အင်အားဖြစ်စေတယ်၊ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး ထိန်းသိမ်းမြှင့်တင်ဖို့လိုတယ်၊ ကျွန်တော်တို့လူမျိုးရဲ့ အန္တာရာယ်က စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းဘဲ” ဟု ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ခွန်ဖြားဗွာခမ်း၊ ခမ်းဗွေး ဖြားခွန်မြင့်အောင်၊ ကျောက်တလုံးကြီးမြို့နယ်၊ (PNO)ပါတီ ဒု-ဥက္ကဌ ဖြားခွန်ကြုတ်နှင့် မြို့နယ်ကော်မတီဝင်မျုား ၊နောင်ခဲကျးရွာအုပ်စုမှ ဒေသခံ ပြည်သူများ ၆ဝဝခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ခမ်းရတနားခွန်

အမ်ိဳးသားေခါင္းေဆာင္မ်ားခ်မွတ္ထားသည့္ မူဝါဒႏွင့္ လမ္းစဥ္မ်ား အေကာင္အထည္ေဖာ္ရာတြင္ တန္ဖိုးျဖတ္၍မရနိုင္သည့္အခ်က္မွာ ပအိုဝ္းတစ္မ်ိဳးသားလုံး၏ စည္းလုံးညီညြတ္မႈပင္ျဖစ္ေၾကာင္း ျဖားခြန္သိန္းေဖက ေျပာၾကား
ေတာင္ႀကီး၊ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္

အမ်ိဳးသားေခါင္းေဆာင္မ်ားခ်မွတ္ထားသည့္ မူဝါဒႏွင့္ လမ္းစဥ္မ်ား အေကာင္အထည္ေဖာ္ရာတြင္ တန္ဖိုးျဖတ္၍မရနိုင္သည့္အခ်က္မွာ ပအိုဝ္းတစ္မ်ိဳးသားလုံး၏ စည္းလုံးညီညြတ္မႈပင္ျဖစ္ေၾကာင္း ယေန႔ ၂၀၁၉၊ခုႏွစ္ ဒီဇင္ဘာလ၂၈ရက္ နံနက္၁ဝနာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္ခြဲ၊ ေနာင္ခဲဘုန္းေတာ္ႀကီးေက်ာင္းတိုက္၌ က်င္းပျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ျဖားခြန္သိန္းေဖက ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ခြန္ျဖားဗြာခမ္း၊ ခမ္းေဗြး ျဖားခြန္ျမင့္ေအာင္ က အဖြင့္အမွာစကား ေျပာၾကားၿပီး ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ျဖားခြန္သိန္းေဖက ''အမ်ိဳးသားေခါင္းေဆာင္မ်ား ခ်မွတ္ထားသည့္ မူဝါဒႏွင့္ လမ္းစဥ္မ်ား အေကာင္အထည္ေဖာ္ရာတြင္ တန္ဖိုးျဖတ္၍မရနိုင္သည့္အခ်က္မွာ ပအိုဝ္းတစ္မ်ိဳးသားလုံး၏ စည္းလုံးညီညြတ္မႈပင္ ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ပအိုဝ္းလူမ်ိဳးမ်ား စည္းလုံးညီညြတ္မႈရွိေနေသာေၾကာင္း ပအိုဝ္းေဒသ လမ္းပန္းဆက္သြယ္ေရး၊ ပညာေရး၊ လူမႈေရးလုပ္ငန္းမ်ား တိုးတက္လာခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္အနာဂတ္တြင္ ပအိုဝ္းလူမ်ိဳးမ်ား  ရပိုင္ခြင့္ႏွင့္ လုပ္ပိုင္ခြင့္ အခြင့္အေရးမ်ားကို နိုင္ငံေတာ္အစိုးရက ဥပေဒျပဌာန္းေပးထားၿပီးျဖစ္ေၾကာင္း၊ ထို႔သို႔ျပဌာန္းေပးေသာ္လည္း မိမိတို႔ ပအိုဝ္းလူမ်ိဳးမ်ားအေနျဖင့္ ကိုယ္ပိုင္ရပိုင္ခြင့္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို ပိုမို ေဆာင္ရြက္နိုင္ရန္ လႊတ္ေတာ္ထဲတြင္ ပအိုဝ္းလႊတ္ေတာ္အမတ္မ်ား မ်ားစြာ ရွိေနသင့္ေၾကာင္းႏွင့္ ပအိုဝ္းပညာတတ္လူငယ္မ်ားအေနျဖင့္လည္း အစိုးရဌာနဆိုင္ရာမ်ားတြင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ ၾကရန္အေရးႀကီးေၾကာင္း'' စသည့္အမွာစကားမ်ားကို ေဒသခံမိဘျပည္ သူမ်ားအား တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ျဖားခြန္သိန္းေဖက ''ကၽြန္ေတာ္တို႔ ပအိုဝ္းလူမ်ိးသည္ ေဒသဖြံၿဖိဳးတိုးတက္ေရးႏွင့္ အမ်ိဳးသားေရးဆိုင္ရာကိစၥရပ္မ်ားတြင္ အဖြဲ႕အစည္းေပါင္းစုံက ဝိုင္းဝန္းလုပ္ေဆာင္ၾကသည့္အေလ့အထေကာင္းမ်ားရွိတယ္၊ ဆရာေတာ္သံဃာေတာ္မ်ား၊ တာဝန္ရွိလူႀကီးမ်ားႏွင့္ ေက်းရြာသူႀကီး၏ ဆိုဆုံးမသည့္စကားမ်ားကို ေျမဝယ္မက် နာခံၾကတယ္၊ အလုပ္လုပ္ရာတြင္လည္း စည္းလုံးညီညြတ္မႈရွိတဲ့အတြက္ ကၽြန္ေတာ္တို႔ တန္ဖိုးတက္တယ္၊ တန္ဖိုးရွိေတာ့ နိုင္ငံေတာ္အစိုးရအတြက္ အင္အားျဖစ္ေစတယ္၊ စည္းလုံးညီညြတ္မႈကို တန္ဖိုးထားၿပီး ထိန္းသိမ္းျမႇင့္တင္ဖို႔လိုတယ္၊ ကၽြန္ေတာ္တို႔လူမ်ိဳးရဲ့ အႏၲာရာယ္က စည္းလုံးညီညြတ္မႈ ၿပိဳကြဲျခင္းဘဲ” ဟု ဆက္လက္ ေျပာၾကားခဲ့သည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အတြင္းေရးမႉးခ်ဳပ္ ျဖားခြန္သိန္းေဖ၊ ခြန္ျဖားဗြာခမ္း၊ ခမ္းေဗြး ျဖားခြန္ျမင့္ေအာင္၊ ေက်ာက္တလုံးႀကီးၿမိဳ႕နယ္၊ (PNO)ပါတီ ဒု-ဥကၠဌ ျဖားခြန္ၾကဳတ္ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ဳား ၊ေနာင္ခဲက်းရြာအုပ္စုမွ ေဒသခံ ျပည္သူမ်ား ၆ဝဝခန႔္ တက္ေရာက္အားေပးခဲ့ေၾကာင္း သိရသည္။

ခမ္းရတနားခြန္
Powered by Blogger.