Tuesday, January 7, 2020

နှစ် (၂၀)ပြည့် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကြတော့မည်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်








၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ စတင်ကျင်းပခဲ့သော နှစ် (၂၀)ပြည့် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲသည် ယခုလာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ တွင် နောက်ဆုံးဗိုလ်လုပွဲအဆင့်ယှဉ်ပြိုင်ကစားကြတော့မည်ဖြစ်သည်။ ဇန်နဝါရီလ (၇)ရက်နေ့တွင် အငယ်တန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် အကြီးတန်းဆီမီးဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

အငယ်တန်းပွဲစဉ်တွင်  ပန်းတင် (0) Vs (2) သုဝဏ္ဏFC၊ နောင်တရားပေါအင်း (0) Vs (1) အွိုင်းပုံလောဝ်း ရလဒ်များဖြင့် သုဝဏ္ဏFC နှင့် အွိုင်းပုလောဝ်း တို့ ဗိုလ်လုပွဲတက်ရောက်ပြီး၊ အကြီးတန်းပွဲစဉ်တွင် ကယားရွှေတံခါး (1) Vs (2) ကောင်ခယ်၊ ရန်ကင်း (1) Vs (0) ဆီဆိုင် ရလဒ်များဖြင့် ကောင်ခယ် နှင့် ရန်ကင်း အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါသည်။

၉-၁-၂၀၂၀
အငယ်ဗိုလ်လုပွဲ
သုဝဏ္ဏFC Vs အွိုင်းပုံလောဝ်း


အကြီးတန်းဗိုလ်လုပွဲစဉ်
ကောင်ခယ် Vs ရန်ကင်း


KAmyo
Powered by Blogger.