Monday, January 13, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် Mingalar Incubation School (MIS)တို့ ပူးပေါင်းဖွင့်လှစ်သည့် Mingalar Incubation School (MIS) တောင်ကြီးကျောင်းခွဲ သင်တန်းကျောင်းဖွင့်ပွဲနှင့် “Japanses Business Manner Vocational Training Course” သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်











ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် Mingalar Incubation School (MIS)တို့ ပူးပေါင်းဖွင့်လှစ်သည့် Mingalar Incubation School (MIS) တောင်ကြီးကျောင်းခွဲ သင်တန်းကျောင်းဖွင့်ပွဲနှင့် “ Japanses Business Manner Vocational Training Course” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၃)ရက် နံနက်(၁ဝး၄၀) အချိန်တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး ဒဲဉ်သီးဗွေကွင်း သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဖြားခွန်စံလွင်က ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေး ကို အခြေခံသောနိုင်ငံဖြစ်ပြီး ၇၀% ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပြီး ထုတ်ကုန်သီနှံများ စျေးကွက်တည်ငြိမ်မှုမရှိခြင်းပြဿနာ ရင်ဆိုင်နေရကြောင်း နိုင်ငံခြားသို့ထွက်ပြီး အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်နေလျက်ရှိကြောင်း၊ မှန်ကန်သောလမ်းကြောင်းတစ်ခုနှင့် အခွင့်အလမ်း ရှာပေးဖို့ ကျွန်တော်တို့တွေမှာ တာဝန်ရှိပါကြောင်း၊ MIS သမိုင်းအကျဉ်းကို ပြောရမယ်ဆိုရင်၂၀၁၆ခုနှစ်၊ ဧပြီလ(၉)ရက်နေ့မှစပြီး ယနေ့တက်ရောက်လာသော(MIS)အဖွဲ့နှင့် စတင်ဆွေးနွေးခဲ့ပြီး အဓိကဆွေးနွေးတာက တော့ ကျွန်တော်တို့ ဒီဒေသနေပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းပို့တဲ့နေရာမှာ ကျွန်တော်တို့မှန်ကန်တဲ့ အဖွဲ့အစည်းတွေ ရွေးချယ်ဖို့အများကြီးလိုအပ်ပါတယ် မှန်ကန်တဲ့အဖွဲ့အစည်း တွေ့ပြီးမှသာ လက်တွေ့အရ သင်တန်းတွေပို့ချရမှာဖြစ်ပါတယ် အဓိကကတော့ ကျွန်တော်တို့ ပို့လိုက်တဲ့လူသည် မှန်ကန်တဲ့နေရာမှာ သွားနိုင်လာနိုင် လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အလမ်း ရရှိအောင် ကျွန်တော်တို့တွေမှာ ကြိုးစားပေးဖို့လိုအပ် ပါကြောင်း၊  အဓိကကျွန်တော်တို့ ဒီနေ့အာရှဒေသမှာ အများအားဖြင့် ဂျပန်နိုင်ငံကိုသာ သွားချင်နေကြသူများ ဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ သူရဲ့အခွင့်အလမ်း၊ ရနိုင်တဲ့အခွင့်အရေးများရှိပါတယ် ဒီနေ့သင်တန်းတက်ရောက် နေကြသော သင်တန်းသားများအနေဖြင့် အလုပ်ဆိုတာ ဘယ်နေရာမဆို ဂုဏ်ရှိကြပါတယ်  လုပ်တတ်ကိုင်တတ်ဖို့သာ လိုအပ်ပါကြောင်း၊ သင်တန်းသားများကို ကျွန်တော်အနေဖြင့် အကြံပြုချင်တာကတော့ ကိုယ်တက်လိုက်တဲ့သင်းတန်းကို ကိုယ်ကိုတိုင်နိုင်ငံခြားမသွားတောင်မှ ကိုယ်ရသည့်အသိပညာများကို ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့အခြေအနေရောက်အောင် ကြိုးစားရန်လိုအပ်ကြောင်း၊ ဒီနေ့ဂျပန်သင်တန်းပို့ချပေးသော ဆရာများအနေဖြင့်လည်း မိမိ၏သင်တန်းသူ/သားများကို အတတ်နိုင်ဆုံး ကောင်းမွန်စွာသင်ကြားပို့ချပေးရန်၊ ရှေ့ကိုဆက်ပြီး တာဝန်ယူပေးမည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဘယ်လုပ်ငန်း၊ ဘယ်နည်းလမ်းဖြင့် မှန်ကန်သောနည်းလမ်းရောက်ရှိအောင် ပို့ပေးဖို့လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်းတန်မှရရှိလာသော အသိပညာအတွေ့အကြုံနှင့် မိမိပြင်ပမှရရှိလာသော ဗဟုသုတများနှင့် ပေါင်းစည်းပြီး နောင်မျိုးဆက်သစ်များကို လမ်းညွှန်နိုင်အောင် ကြိုးစားသင်ယူရန် လိုအပ်ကြောင်း စသောအမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် Mingalar Incubation School (MIS) တည်ထောင်သူMr. Watanabe Tsuyoshi က Mingalar Incubation School (MIS) စတင်တည်ထောင်ခဲ့ခြင်း သမိုင်းကြောင်းများနှင့် အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ခွန်စောလွင်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နှင့်  သင်တန်းကျောင်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Mingalar Incubation School (MIS) ကျောင်းဆရာမ စုလတ်နွယ်က တစ်နှစ်တာ သင်တန်းကျောင်း စာသင်ကာလများကို ရှင်းလင်းပြောကြားပြီးနောက် Hope Will ကုမ္ပဏီမှ ဒေါက်တာစိုင်းဌေးဝင်းနှင့် Mr. Kaneko တို့က သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း မိတ်ဆက်ခြင်းနှင့် အခြေခံလစာများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့ပြီး Mingalar Incubation School (MIS) ကျောင်းအတွက် ကျောင်းသုံးစာအုပ်များနှင့် ဂျပန်ရိုးရာအဆောင် လက်ဆောင်များကိုပါပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် Mingalar Incubation School (MIS)တို့ ပူးပေါင်းဖွင့်လှစ်သည့် Mingalar Incubation School (MIS) တောင်ကြီးကျောင်းခွဲ သင်တန်းကျောင်း “ Japanses Business Manner Vocational Training Course” သင်တန်းသည် သင်တန်းသူ/သား (၈၂)ဦး တို့ကို သင်တန်းဆရာမ (၃)ဦးနှင့် ကျောင်းသားဟောင်းလုပ်အားပေး ဆရာမ(၄)ဦး တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ Mingalar Incubation School (MIS) တည်ထောင်သူMr. Watanabe Tsuyoshi နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (PNLO) အဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ Hope Will ကုမ္ပဏီမှ ဒေါက်တာစိုင်းဌေးဝင်း၊ Mr. Kaneko နှင့် တာဝန်ရှိပုဂ္ဂိုလ်များ သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခမ်းရတနားခွန်


Powered by Blogger.