Wednesday, February 5, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူ များ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၏ ကြယ်ပွင့်မပြ မေးခွန်းဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကွန်လုံ - ကံတပေါ့ - ထီတခေါ့ - ထီနဲ့ (၆/၂)မိုင်လမ်း အား အဆင်မြင့်တင်ပေးနိုင်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်

၁။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စုအတွင်းရှိ ကွန်လုံ - ကံတပေါ့ - ထီတခေါ့ - ထီနဲ့ လမ်းအရှည် (၆)မိုင် (၂)ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

၂။ အဆိုပါလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပြီးပါက ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၁၄၆၅)အိမ်၊ လူဦးရေ (၇၃၀၀)ကျော်တို့အား တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကွန်လုံ - ကံတပေါ့ - ထီတခေါ့ - ထီနဲ့ ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက် အရ Class (C)၊ ဦးစားပေးအဆင့် (၁)၌ ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ပအို၀်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့

Powered by Blogger.