Thursday, February 6, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မဲဆန္ဒရှင်မိဘပြည်သူများနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိလူကြီးမင်းများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၏ ကြယ်ပွင့်မပြ မေးခွန်းဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နားယောင်းကျေးရွာ - ဖက်ပုန်းကျေးရွာမှ ရပ်စောက်မြို့နယ်၊ တောင်နီကျေးရွာထိ အရှည်(၈)မိုင်ရှိ ကျေးရွာချင်း၊ မြို့နယ်ချင်းဆက်လမ်းအား အဆင်မြှင့်တင် ပေးနိုင်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်

၁။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နားယောင်း - ဖက်ပုန်းကျေးရွာမှ ရပ်စောက်မြို့နယ်၊ တောင်နီကျေးရွာ သို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက် လမ်းအရှည်(၈)မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

၂။ အဆိုပါလမ်း၏ လက်ရှိအခြေအနေမှာ ကျောက်ချောလမ်းဖြစ်ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၃၇၀)အိမ်၊ လူဦးရေ(၆၅၀၀)ကျော်တို့အား တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နားယောင်း - ဖက်ပုန်းကျေးရွာမှတောင်နီကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့် (၂)တွင် ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။


ပအို၀်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့

Powered by Blogger.