တောင်ကြီး၊ ဇူလိုင်လ (၂၄) ရက်
ခွန်စောအောင်သည် ၂၀၁၅-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) တွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN) လူငယ် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၎င်းမဲဆန္ဒနယ်အတွင်းဖြစ်သော ပေါအင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုနှင့် မွေးပြင်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်နေသည့် Pilot Project တွင် ထဲထဲဝင်ဝင် ဝင်ရောက်အကောင်အထည်ဖော်ပေးခဲ့သူဖြစ်ပါသည်။
ထို့အပြင် ဒေသခံပြည်သူများဝင်ငွေတိုးရန်အတွက် ထိုင်းနိုင်ငံ မယ်ဖားလုံဖောင်ဒေးရှင်းနှင့် CP ကုမ္ပဏီ၏ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူနေသူဖြစ်ကာ ၎င်းတာဝန်ယူကို ထိထိရောက်ရောက် ဆက်လက်တာဝန်ယူ နိုင်စေရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ပေးခြင်းခံရသောကြောင့် လာမည့် ၂၀၂၀-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ ခွန်စောအောင်နေရာအား လုပ်ရည်ကိုင်ရည်ရှိသော နောင်တရားဒေသခံ ပအိုဝ်းမျိုးဆက်သစ် လူငယ်တစ်ဦးဖြင့် အစားထိုးဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးချုပ်၊ ဖြားခွန်သိန်းဖေမှ ပြောကြားခဲ့ပါသည်။
ခွန်အာကာ
#Pa-O National Organization






Like On Facebook
Follow On Twitter
Subscribe On RSS