Tuesday, July 28, 2020

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄)၊ ကိုယ်စားလှယ်လာင်း စောခွန်ကျော်ဝင်း ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်ခြင်း

တောင်ကြီး၊ ဇူလိုင်လ (၂၉) ရက်


ရှမ်းပြည်နယ်အမှတ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄)တွင် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလေမြို့နယ်ာ၊ ရပ်စောက်မြို့နယ် နှင့် ဖယ်ခုံမြို့နယ် စုစုပေါင်း (၅) မြို့နယ်ပါဝင်ပြီး၊ အဆိုပါ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လာင်း စောခွန်ကျော်ဝင်း ကိုယ်ရေးမှတ်တမ်းအကျဉ်း မိတ်ဆက်တင်ပြအပ်ပါသည်။

၁။ အမည် - စောခွန်ကျော်ဝင်း
၂။ အခြားအမည်ရှိလျှင် - မရှိပါ။
၃။ လူမျိုး/ဘာသာ - ကရင်+ပအိုဝ်း/ ခရစ်ယာန်
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ၁၃/တကန(နိုင်) ၀၀၁၀၆၃
၅။ မွေးသက္ကရာဇ်/အသက် - ၁၈.၁၀.၁၉၇၁/ ၄၉-နှစ်
၆။ မွေးဖွားရာဇာတိ - တံတားမီးလောင်ကျေးရွာ၊ ထီဖောင်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ်

၇။ ပညာအရည်အချင်း - B.A(Psychology)
Certificates
- Community Management [ Thai-German Institute (TGI), German-Thai Chamber of Commerce (GTCC) ]
- Planning & Evaluation for Health Promotion (The Leprosy Mission International and National University of Singapore , Southeast Asia)

- Planning & Evaluation for Community   Development (The Leprosy Mission  International,  Southeast Asia)
- Health Promotion Training (The Leprosy Mission International and National University of Singapore, Southeast Asia)
- Training of Trainers [ Generate Your ` Business   
Idea, Start Your Business and Improve Your 
Business - GYB/SYB, IYB (ILO, SIYB)  ]
- Post-Graduate Certificate Course in 
Peace, Democracy and Development 
(MDRI)
၈။ လက်ရှိအလုပ်အကိုင် - ဥယျာဉ်ခြံ။

၉။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖော်ပြရန် - 
အခြေခံပညာမူလတန်းကျောင်း (အ.မ.က-လွယ်ကောင်း၊ တောင်ကြီးမြို့ နယ်) အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း( အ.ထ.က(၆) မော်လမြိုင်)၊ တက္ကသိုလ်(ရန်ကုန်တက္ကသိုလ်)။
 (ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွေ့လုပ်ကိုင်ခဲ့သည့် နေရာများ ဖော်ပြရန် -
(၁) ကျောက်မျက်တူးဖော်ရေးလုပ်ငန်း၊ 
- မေအဲင်မတ်ကုမ္ပဏီ၊ (ဖားကန့်၊ ၁၉၉၈ ခုနှစ်)
- ဇွပ်ဂင်ဒိုင်ကုမ္ပဏီ၊ (ဖားကန့်၊ ၁၉၉၉ ခုနှစ်)
(၂) The Leprosy Mission International, Mawlamyine Christian Leprosy and  
     Reconstructive Surgery Hospital
- Social Rehabilitation Manager/Maintenance Supervisor (2000 to  
   2003)
- Training Coordinator (2004-2005)
- Development Officer (Training and Clinical, 2006-2007)
- Planning, Monitoring & Evaluation Officer, 2008-2009)
- Director (Fund Raising, Advocacy, Spiritual and Training, 2010-2011)
(၃) ဦးဆောင်တည်ထောင်သူ/အတွင်းရေးမှူး (ပါရမီဖွံ့ဖြိုးရေးကွန်ယက် ၂၀၁၂ မှ  ၂၀၁၄) အထိ။
 (ဂ) ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များ ဖော်ပြရန် -
(၁) နိုင်ငံရေးဆောင်ရွက်ချက်များ
- ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရုံးအဖွဲ့မှူး/ ဗဟိုအလုပ်အမှု ဆောင်/
      ဗဟိုကော်မတီ (၂၀၁၅ မှ ယနေ့အထိ)
- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ခြင်း။
- နိုင်ငံရေးပါတီနှင့် သက်ဆိုင်သည့်အစည်းအဝေးများ/ အလုပ်ရုံ ဆွေးနွေးများ/ သင်တန်းများတက်ရောက်ခဲ့ခြင်း။
- ပါတီတာဝန်ဖြင့် နိုင်ငံခြားလေ့လာရေးခရီစဉ်များ သွားရောက် လေ့လာခြင်း။
ထိုင်း - ဒေသန္တရလေ့လာရေးခရီးစဉ်။
တရုတ် - ပါတီအချင်းချင်း ချစ်ကြည်ရေးခရီးစဉ်။
ဘူတန် -    “Achievement and Strengths of Democracy” & “2nd National Conference Women in Governance and
Leadership & Politics in Bhutan with a Regional Dimension”
- ပအိုဝ်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းတွင် စီမံချက်ကို စတင် ဖော်ဆောင်ပေးခဲ့ခြင်း။
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၅)နှစ်ကာ မဟာဗျူဟာ ဖွံ့ဖြိုး တိုးတက်ရေး  အစီအစဉ်ရေးဆွဲရာတွင် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက် ပေးခြင်း (၂၀၁၂ - ၂၀၁၇ နှင့် ၂၀၁၈ - ၂၀၂၂)။
- ပအိုဝ်းဒေသရှိ လူငယ်ပေါင်း(၁၆၀၀၀)ကျော်ကို ပြည်သူ့နီတိ (Civic Education) သင်တန်းပေးရာတွင် ဦးစီးဦးဆောင်ခဲ့ခြင်း။
- ပါရမီဖွံ့ဖြိုးရေးကွန်ယက်တွင် တာဝန်ယူစဉ် UN အဖွဲ့အစည်း၊ နိုင်ငံတကာ 
အဖွဲ့အစည်းများ နှင့် ပအိုဝ်းဒေသတွင် အသက်မွေးဝမ်းကျောင်း နှင့် လူမှုဖူလုံရေး စီမံကိန်း၊ ပျားမွေးမြူရေးလုပ်ငန်းများ၊ သစ်တောစိမ်းလန်း စိုပြေရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ခဲ့ခြင်း။
- Mawlamyine Christian Leprosy and  Reconstructive Surgery Hospital တွင်  တာဝန်ထမ်းဆောင်စဉ် လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၌ မသန်စွမ်းနှင့် အနာကြီးရောဂါဝေဒနာရှင် များအတွက် အသိအမြင်ဖွင့်သင်တန်းများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေး ခဲ့ခြင်း။
- အတွင်းရေးမှူး၊ စိတ်ပညာအသင်း(ရန်ကုန်တက္ကသိုလ်-၁၉၉၄)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
#Pa-O National Organization


 

Powered by Blogger.