Wednesday, August 19, 2020

မွေတော်ကက္ကူသို့ ကြွရောက်လာသော သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ နှင့်တပည့်ဝင်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်းခမ်းထီနှင့် အဖွဲ့ဝင်များ ကြိုဆိုကြည်ညိုခဲ့ကြ

တောင်ကြီး၊သြဂုတ်လ(၁၉)ရက်







ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊ ရှေ့ဟောင်းသမိုင်းဝင် ဆံတော်ရှင် မွေတော်ကက္ကူဘုရားတွင် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ (၁၉)ရက် ယနေ့ မွန်းလွဲပိုင်း ၁း၃၀နာရီအချိန်၌ သီတဂူဆရာတော်ဘုရာကြီး ဒေါက်တာ အရှင်ဉာဏိဿရ နှင့်တပည့်ဝင်များသည် မွေတော်ကက္ကူဘုရားအား ကြွရောက်ကြည်ညို ဖူးမျော်ကြောင်း သိရသည်။


ထိုသို့ ကြွရောက်လာသော သီတဂူဆရာတော်ဘုရာကြီး ဒေါက်တာအရှင်ဉာဏိဿရ နှင့်တပည့်ဝင်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘုရားတကာ ဖြားတန်စင်ဖါအောင်ႏခမ်းထီနှင့်အဖွဲ့ဝင်များက အောင်ဆုဟော် ဘုံဓမ္မာရုံကျောင်းဆောင်၌ လက်ခံကြိုဆိုကြည်ညိုကန်တော့ခဲ့ကြကြောင်း သိရသည်။


ထိုသို့ လက်ခံကြည်ညိုကန်တော့စဉ်တွင် သီတဂူဆရာတော်ဘုရားကြီးက '' မြန်မာနိုင်ငံတွင် တိုင်းရင်းသားညီ အကိုမောင်နှမတွေ ၁၀၀ ကျော်နေထိုင်ခဲ့ကြပြီး ယခုကဲ့သို့ ၂၅၀၀မျှ အရေအတွက်ရှိသော သမိုင်းဝင် ရှေ့ဟောင်းမွေတော်ကက္ကူ စေတီတော်များ ဘုရားဆင်းတုတော်များ ဖူးပြီး ဘုန်းကြီးဆုတောင်းပေးပါ ကြောင်း၊ နို့နဲ့ရေနဲ့ရောလိုက်ရင် ပြန်ခွဲလို့မရတော့သလို တိုင်းရင်းညီအကိုမောင်နှမ တွေအားလုံး ပေါင်းစည်းပြီး ညီညွတ်ကြပါစေကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ပအိုဝ်းဒေသသည်လည်း ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီလည်း သက်တော်ရာကျော်ရှည်ပါစေကြောင်း'' စသဖြင့်ဆုတောင်း မေတ္တာပို့သပေး ခဲ့ကြောင်း သိရသည်။


ထို့နောက် ပအိုဝ်းအမျိုးသားခေါင်း ဆောင်ဘုရားတကာ ဖြားတန်စင်ဖါအောင်ႏခမ်းထီက သီတဂူဆရာတော်ဘုရားကြီးနှင့် အောက်စဖိုစ်ဆရာတော် ဒေါက်တာဓမ္မသာမိ၊ မင်းကွန်းရွှေကျင် တိပိဋကဆရာတော်များအား သက်တော်ရာကျော်ရှည်ပြီး ဆထက်တပိုး သာသနာပြုနိုင်ကြပါစေကြောင်း၊ နောက်နှောင်လည်း ပအိုဝ်းဒေသမွေတော်ကက္ကူ ဘုရားတွင် မကြာခဏလာရောက်ဖူးမြော်ကြပါစေ ကြောင်း၊ ပြန်လည်ဆုတောင်းပေး ခဲ့ပါကြောင်း သိရှိရပါသည်။


ခမ်းရတနားခွန်

@Pa-O National Organization


Powered by Blogger.