Tuesday, May 7, 2019

မိုင်းဖြတ်ရွာတွင် အခြေခံအင်္ဂလိပ်သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက်





ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ မိုင်းဖြတ်ရွာ၊ မိုင်းဖြတ်ဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့၌ အခြေခံအင်္ဂလိပ်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ဒေသနေလူငယ်လူရွယ်များ အခြေခံအင်္ဂလိပ်စွမ်းရည် ပြည့်ဝလာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို မိုင်းဖြတ်ကျောင်းတိုက်ဆရာတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပီတိဆရာကွန်ရက်တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းသည် (၁၂)ရက် ကြာမြင့်မည်ဖြစ်ပြီး ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ လာရောက်တက်ရောက်ကြသည်။ သင်တန်းသူသင်တန်းသားများ နေထိုင်စားသောက်ရေးတို့ကို ဆရာတော်မှ တာဝန်ယူစီစဉ်ပေးလျက်ရှိပြီး ကွန်ပျူတာသင်တန်းနှင့် ဘင်ခရာသင်တန်းတို့ကိုပါ ဆရာတော်မှ စီစဉ်ပေးထားကြောင်းကိုလည်း သိရသည်။

ခွန်ဟံသာ
Powered by Blogger.