Tuesday, July 30, 2013

ပျူဆိုတာ

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
    စာရင်ပြင်ရှိ “ရုပ်ရှင်တေးကဗျာ” မည်သော ရသစုံ မဂ္ဂဇင်း ဇာတ်ခုံထက်တွင် “ပျူချစ်သူများ” ဆောင်းပါးကို ရေးသား ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်းပါး ရေးသားရခြင်း အကြောင်းရင်းသည် ဆရာ ဦးကျော်ဇင် (ဘုန်းတင့်ကျော်) ၏ “ပျူစစ်လျှင် မြန်မာ” ဆောင်းပါးကြောင့် ရင်ထဲက အသိ ရင်ထဲက ခံစားချက် ကို မြိုသိပ် ထားခြင်းငှာ မတတ်သာ တော့သဖြင့် လည်းကောင်း၊ မြိုသိပ် မထားသင့် သောကြောင့် လည်းကောင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ သမိုင်းကြောင်းကို ပိုမို အလေးနက် ထားကြရန် လိုအပ်သောကြောင့် လည်းကောင်း၊ သမိုင်း ပညာရှင် တစ်ယောက် မဟုတ်ပါပဲလျက် အပြု သဘော ဆောင်ကာ မလွှဲ မကင်းသာ ထပ်မံ၍ ကျမ်းကိုးများကို အထူး မဖော်ပြတော့ပဲ လိုရင်း အချက်များ ကိုသာ ပွင့်ပွင့်လင်းလင်း ဆက်လက်ရေးသား တင်ပြပါမည်။
    ဆရာ ဦးကျော်ဇင်၏ ဆောင်းပါး ရေးသား တင်ပြချက်သည် အမျိုးမာန် ဇာတိမာန် ထက်သန်စွာဖြင့် အနောက်တိုင်း သမိုင်းပညာရှင် တို့၏ ရေးသားချက် များကို ထိုးနှက် တိုက်ခိုက်ခြင်းသာ လိုရင်း ဖြစ်မည်ဟု လေးစားစွာ အသိအမှတ် ပြုလိုပါသည်။ ထိုသို့ ဆိုလိုခြင်းဖြင့် “ ဂျီအိပ်ခ်ျလုစ် ” ကို ထူးပြီး ထောက်ခံ ပြနေ ခြင်းမျိုးလည်း မဟုတ်ကြောင်း ကြိုတင် အသိပေး အပ်ပါသည်။
    လူ အမျိုးမျိုး၊ စိတ် အထွေထွေ တတ်စွမ်းသည့် အသိပညာ အတွေ့အကြုံ အသီးသီး ကိုယ်စီ ရှိနေ ကြမည် ဖြစ်သကဲ့သို့ သမိုင်းအပေါ် ရှုမြင် သုံးသပ်ကြရာတွင် ကိုယ်စီ ယူဆချက် ထောက်ဆချက် များနှင့် ကွဲလွဲမှုများ ရှိနေမည်မှာလည်း မလွဲပါချေ။
    မျက်မမြင် ပုဏ္ဏား (၆) ယောက်က ဆင်တစ်ကောင်ကို အပြိုင် စမ်းသပ် ကြရာတွင် ကိုင်တွယ် ထိတွေ့မိရာ ကိုယ်ယူဆ ရာ အတိုင်း မှတ်ချက်ထုတ်ဆို ဖွင့်ပြော ခဲ့ကြသည်မှာ တစ်ယောက် တစ်မျိုးစီသာ ဖြစ်သည်။ အားလုံး အမှန်ကို ဆိုလိုကြသည်ချည်း ဖြစ်သည်ဟု ယေဘူယျ ဆိုနိုင်ပေမည်။
    သို့သော် ဆင်နှင့် မတူသော ပျူကို မျက်မမြင် ပုဏ္ဏား (၆) ယောက်က တကယ့်ဆင်ကို စမ်းသပ် ကြသကဲ့သို့ အဖြေအမျိုးမျိုး ထွက်စရာ အကြောင်းမရှိပါပေ။ မျက်မမြင် ပုဏ္ဏား (၆) ယောက်တင် မကပဲ (၁၂) ယောက်၊ (၂၄) ယောက်၊ (၃၆) ယောက် ……… ဘယ်နှစ်ယောက်ပင် စမ်းစမ်း၊ စမ်းချင်သလောက် စမ်း အမျိုးမျိုး မတူသော အဖြေမျိုး ထွက်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပျူမှ ဆင့်ပွားသော၊ ပျူနှင့် မျိုးဆက် ပေါက်ဖွားလာသော လူမျိုးများကို စူးစမ်းခြင်းကို မဆိုလိုသောကြောင့် ဖြစ်ပါသည်။
    ပျူမှ ကွဲပြားသွားသော သို့မဟုတ် ပျူနှင့် မျိုးဆက်ခဲ့သော လူမျိုးများတွင် ဗမာသည် အဦးအစ မဟုတ်သေးပါ။ ကမ်းယံ (ကရင်)၊ သက်(ချင်း) (တစ်ချို့က သက်ကို မွန်၊ တစ်ချို့က ရခိုင်ဟု ယူဆလိုသော သဘောများ ရှိပါသည်) နှင့် ကဒူး (ကန္တူး) လူမျိုး များသည် အစောဆုံး ဖြစ်ပါသည်။ သရေခေတ္တရာ ပျက်သောအခါ သုံးစုကွဲသော ပျူတွင် တစ်စုသည် ပျူတို့၏ နေရာဒေသ သာဖြစ်သော အထက်ပုဂံ၊ အညာ ပုဂံ (တကောင်း) ဒေသများ ဆီသို့ ပြန်ဆန်တက်ရာ ထိုဒေသများ ဆီသို့ တရွေ့ရွေ့ စိမ့်ဝင် နေပြီးသော ဗမာများနှင့် အကျွမ်းတ၀င် ရောယှက်သွား ခဲ့ကြသည်။
    ထိုကာလ များဆီက ပျူလူမျိုး များအား ကမ်းယံ (ကရင်) တို့က တိုက်ခိုက်သည်။ ဓည၀တီ (ရခိုင်) က တိုက်သည်။ မွန် (တလိုင်း) တို့ကလည်း တိုက်သည်။ သဓမ္မ၀တီ (သထုံ) အထိ ကမ်းယံ (ကရင်) တို့က လိုက်လံတိုက်ခိုက် ပြန်သည်။ ဤတွင် ဗမာနှင့် ပျူ တိုက်ခဲ့ခြင်း ရှိမရှိ ဆိုသော ကိစ္စရပ်သည် အထူး ဂရုပြု အရေးထားရမည့် အချက်တစ်ရပ် ဖြစ်သည်။
    နောက်ပိုင်း ကာလများတွင် သထုံမှ ပျူ (ပအိုဝ်း) မင်းဆက်ထံ မွန်တို့က သမီးကညာ ဆက်၍ အရာရောက်အောင် ကြိုးပမ်းခဲ့သည်။ မွန်တို့ အရေးမသာပဲ ရှိခဲ့သည်။ ပဲခူး (ဟံသာဝတီ) မှ နေ၍ အထက် ပုဂံတွင် လွှမ်းမိုး ကြီးစိုး နိုင်နေပြီ ဖြစ်သော အနော်ရထာမင်းထံ မွန်မင်းသမီး မဏိစန္ဒာကို ဆက်သကာ ကြိုးစား ဆောင်ရွက်ခဲ့ကြသည်။ မွန် ဗမာ ပေါင်းကာ သထုံကို ဆင်းတိုက်ခဲ့သည်။ သထုံ မြို့ရိုး အဟန့် ကောင်းစေရန် ကုလားဗျတ်ဝိ ကို သတ်ပြီး အစီအရင် ပြုခဲ့သော်လည်း အထက်မှ ဆင်းလာသော ဗမာ မွန် တပ်တွင် ကုလား ဗျတ္တလည်း ပါဝင်လာခဲ့သည်။
    ဟံလင်းနှင့် မိုင်းမောခေါ် ပင်လယ် (တချို့က သထုံဟု ဆိုသည်) ကို နန်ချောင် / နန်ချို (ရှမ်း) တို့က တိုက်၍ ပျက်သည်။ ပျူ (ပအိုဝ်း) တို့သာ ထိခိုက် နစ်နာခဲ့သည်။ သရေခေတ္တရာ ပျက်၊ ဟံလင်း ပျက်၊ သထုံ ပျက်၊ ပျူမြို့ကြီး မှန်သမျှ အတိုက်ခံ၊ အဖျက်ဆီး ခံရပြီး အပျက်ကြီး ပျက်စီးခဲ့သည်။ ပျူ (ပအိုဝ်း) တို့ အစိပ်စိပ် အမွှာမွှာ ကွဲခဲ့ရသည်။ ပျူတို့ ဘ၀ကို သမိုင်း ပညာရှင်တို့ ရေဆုံး မြေဆုံး လိုက်၍ လေ့လာခြင်း ရှိမရှိ သမိုင်း ပညာရှင် တို့သာ ပို၍ သိပေမည်။ ရေဆုံး မြေဆုံး အတိုက် ခံရသူမှာ ပျူ (ပအိုဝ်း) တို့သာ ဖြစ်သဖြင့် သမိုင်းဆရာတို့ တမင် လစ်လျူရှုခဲ့ ကြသလော။ ထည့်တွက် စဉ်းစားခြင်း ပြုနိုင်ဖို့ရန် မလိုအပ် (သို့မဟုတ်) သမိုင်း ပညာရှင်တို့ အသိ မစုံလင် ခဲ့ကြခြင်းကြောင့်လော။ ပျူ များ မျိုးကန်းသွား သယောင်အထိ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ထိုအချက်ကို လေးလေးနက်နက် သတိပြုမိဖို့ အထူး လိုအပ်နေပါသည်။
    သူများအမှား ကိုယ့်အမှား မဖြစ်စေသင့်ပါ။ သူများမမှား ကိုယ့်အမှားလည်း မဖြစ်စေသင့်ပါ။ မခံချင် စိတ်လွန်ကဲ လျှင်လည်း ဆင်းရဲခြင်းကိုသာ ခံစားရတတ်ပါသည်။ သူတစ်ပါး အာမ မခံနိုင်တိုင်း အာမခံဝံ့သူ ရှိပြီး အထောက် အထား မပြနိုင်တိုင်း သမိုင်းပညာရှင်က လက်ခံခြင်း၊ လက်မခံခြင်းသည် အာမ မခံနိုင်သူ၊ အာမ မခံဝံ့သူ၏ အလုပ် မဟုတ်ပါ။
    သမိုင်းပညာသည် ရာဇ၀င် ဆိုင်ရာထက် ပိုမို ကျယ်ပြန့်ကောင်း ကျယ်ပြန့်မည် ဖြစ်၍ သမိုင်း ပညာရှင်သည် သမိုင်းဆိုင်ရာတွင် တစ်ခန်း တစ်ကဏ္ဍ ပါဝင်သော ရာဇ၀င်ခန်းကို မလွဲမသွေ ဂရုပြု လေ့လာပြီး သမိုင်းနှင့် ဆက်စပ် သိမြင်နိုင်စွမ်းသော၊ နှိုင်းဆ ချင့်ချိန်တတ်သော အတတ် ပညာရှင် အသိ ပညာရှင် ဖြစ်ဖို့ လိုပါသည်။ တကယ့် သမိုင်း ပညာရှင်သည် အရာရာတိုင်း၌ ၀ိရောဓိ ရှိနိုင်နေမည်ကို အမြဲ သတိရပြီး ဘက်စုံ သိမြင်တတ်အောင်၊ ရင်ဆိုင် ဖြေရှင်းနိုင်အောင် အရည်အချင်း ရှိရမည်ဟု ယုံကြည်ပါသည်။
    သူတစ်ပါး အမှား၊ အလျှမ်းကို အတင်းထောက်ပြပြီး သူတစ်ပါး အယူအဆကို အမှားဟု ယူဆ ခါထုတ်ပစ်ကာ ထိုအမှား အလျှမ်း နေရာထဲ ကျွမ်းပစ် ၀င်ထိုင် နေမိသော သဘော သက်ရောက်နေမည့် အဖြစ်သည် ပိုမို၍ သာလွန်မှားယွင်း ပါလိမ့်မည်။
    ဤသို့မှ မှန်သည်ဟု ယူဆ ဘောင်တပ်ပြီး ဘောင်ဝင်သည့် အထောက်အထားများ ဖြင့်သာ သမိုင်းကို အမှားအမှန် ဆုံးဖြတ် လိုပါလျှင် အထောက်အထား စုံလင်အောင် မိမိအသိ၊ မိမိဘာသာ၊ မိမိ အတွေး၊ မိမိဥာဏ်အားမျှဖြင့် မဆုံးဖြတ်သင့်ပေ။ ဘောင်ဝင်ရသည့် အချက်၊ ဘောင်မ၀င် ရသည့် အချက် များကို ဘက်စုံသော အသိမျိုးဖြင့် ဖြစ်စေ၊ ဘာသာမျိုးစုံ လူမျိုးစုံ၏ အသိဥာဏ်မျိုး များဖြင့်ဖြစ်စေ ရင်ဆိုင် ထောက်ပြ နိုင်စွမ်းအောင် ကြိုးစားဖို့ လိုပါသည်။
    ပျူလူမျိုး များသည် ငြိမ်းချမ်းခြင်းကို အင်မတန် မြတ်နိုး တန်ဖိုးထား တတ်သည့် လူမျိုးများ ဖြစ်သကဲ့သို့ အမှန်တရား ကိုလည်း မြတ်နိုး တန်ဖိုးထားသည့် လူမျိုး ဖြစ်ပါသည်။ သို့သော် ပျူ ဟူသော လူမျိုးစွဲကို အမြဲတမ်း ရှေ့တန်း မတင်ခဲ့ကြပေ။
    ပျူနှင့် ဗြဟ္မာ ဆက်စပ်၍ ရနိုင်ပါသည်။ ပျူလူမျိုးသည် ပေါ်ဦးလူမျိုး ဖြစ်သည်။ ဗုဒ္ဓဘာသာ ၀င်တို့ အယူအဆ အရ ကမ္ဘာဦးလူ၊ ပေါ်ဦးလူ တို့သည် ဗြဟ္မာပြည်မှ စုတေ ဆင်းသက်လာကြောင်း ယုံကြည် လက်ခံ ခဲ့ကြသည်။
    ဗြဟ္မာနှင့် ဗမာ ဆက်စပ်လည်း ရကောင်းပါသည်။ အဘယ့်ကြောင့် ဆိုသော ဗြဟ္မာနှင့် ဗမာဟူသော ဝေါဟာရသည် အသံထွက် ဆင်သယောင်ရှိသော အရွေ့အပြောင်း နီးစပ်သောကြောင့် ဖြစ်သည်။ သို့သော် ဗြဟ္မာ ဝေါဟာရနှင့် ဗမာ ဝေါဟာရ အဓိပ္ပါယ် ထပ်တူမဟုတ်ပါ။ အဓိပ္ပါယ် သီးခြားစီ ရှိနေကြ ပါလိမ့်မည်။ ဗြဟ္မာနှင့် ဗြဟ္မဏ၊ ဗြဟ္မာဏာ တို့ပင် အဓိပ္ပါယ် ထပ်တူ မဖြစ်ပါ။
    ထို့ကြောင့် ပျူနှင့် ဗမာ တိုက်ရိုက် မပတ်သက်ပါ။ ဝေါဟာရခြင်းလည်း မတူပါ။ မနီးစပ်ပါ။ အမှားညီ “ဤ” ကို “ကျွဲ” ဟု ဖတ်နိုင် ဆိုသကဲ့သို့ ပညသတ်သာ ဖြစ်သော “ဗြဟ္မာ” ကို “ဗမာ”ဟု အဓိပ္ပါယ်တူ သတ်မှတ်နိုင်ပါက ဖြစ်နိုင်ခြေ ရှိပေမည်။ ပျူသည် ပျူဟူ၍သာ မျိုးစဉ် မျိုးဆက်မပြတ် ရှင်သန်လာ ခဲ့ပါသည်။ ထင်ရှားခြင်း မထင်ရှားခြင်းသာ ရှိပေမည်။ သီးခြား အမည် နာမ များဖြင့် ပြောင်းလဲရှင်သန် ခဲ့ရသော ပျူ အဆင် အနွယ်များ ရှိနေသော်လည်း ပျူမျိုးရင်း စစ်စစ်သည် ပျူဟူသော ဝေါဟာရ အရင်းအမြစ် ကိုပင် ဗျည်း သရသံဖြင့် သုံးနှုန်း လာခဲ့ပေသည်။
    ရှေ့ပိုင်း၌ ပျူ (ပအိုဝ်း) ဟု တွဲစပ် သုံးနှုန်း ဖော်ပြခဲ့သည်။ သမိုင်းဆိုင်ရာ မြန်မာဘာသာဖြင့် ရေးသား ဖော်ပြသော မှတ်တမ်းများ၍ ပအိုဝ်းကို ပအူတောင်သူ၊ ပအိုတောင်သူ၊ ဗအို၊ ဘအု၊ ပအိုး၊ ပအိုဝ့်၊ ပအိုဝ်၊ ပအိုဝ်း ဟု အသုံးအနှုန်း အမျိုးမျိုးဖြင့် ရေးခဲ့ကြသည်။ ပအိုဝ့်၊ ပအိုဝ်နှင့် ပအိုဝ်း စသော ဝေါဟာရ အရေးအသား များကိုပင် “ပအိုး” ဟု အနီးစပ်ဆုံး အသံမထွက်နိုင်ပဲ “ပအိုဝ်း“ ဟု ရုတ်တရက် အသံထွက် မှားလေ့ ရှိကြသည်။
    ယနေ့ ပအိုဝ်းဟူသော “ပရေပ၊ အလုံးကြီးတင် တစ်ချောင်းငင် ၀သတ် ၀စ္စနှစ်လုံးပေါင်း အိုဝ်း” ပအိုဝ်း ဟူသော ဝေါဟာရမှာ ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ပေါင်းစုံ ပအိုဝ်း ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့က “ပအိုဝ်း” ဟု ရေးသား ခေါ်ဝေါ်ကြရန် အသိအမှတ်ပြု၍ သဘောတူ ဆုံးဖြတ်ပြီး ယနေ့တိုင် ခေါ်ဝေါ် ရေးသားလာကြကြောင်း သိရပါသည်။
    ပအူသည် လည်းကောင်း၊ ပအိုဝ်း စသည်တို့သည် လည်းကောင်း၊ မြန်မာဘာသာ အသုံးအနှုန်းတွင် ရှိသော အရေးအသားဖြင့် အလွယ်တကူ သုံးနှုန်းပြောဆိုနိုင်ရန် သတ်မှတ် ခဲ့ခြင်းသာ ဖြစ်သည်။ ပျူဘာသာ ဖြစ်သော ပအိုဝ်းစာပေ အရေးအသား အားဖြင့်မူ ဌာန်ကရိုဏ်း တိကျသော ရေးသား သုံးနှုန်းမှု မဟုတ်ချေ။ ယနေ့ခေတ် ပျူပအိုဝ်းတို့၏ အရေးအသား အတိုင်း ပအူနှင့် ပအိုဝ်း စသည့် ဝေါဟာရ များကို ရေးသား ဖော်ပြရပါမူ “ပအူ” နှင့် “ပအိုဝ်” ဖြစ်သည်။ ပျူမဟုတ်သော အခြားလူမျိုး များသည် လည်းကောင်း၊ ဗမာသည် လည်းကောင်း ယင်းပျူအရေး ဝေါဟာရများကို “ပအူ” နှင့် “ပအိုဝ်း(အိုး)” ဟုသာ အသံထွက်နိုင်ကြမည် ဖြစ်ပါသည်။
    ထိုပအူ သို့မဟုတ် ပဦ သည် ပဗျည်း၊ အ (ပအိုဝ်းဗျည်း ၃၇ လုံးတွင် ပါဝင်သည်။) ဗျည်းနှင့် အူ/ဦသရ တို့ ပါဝင်သော ဗျည်းနှင့် ဗျည်းသရ တွဲစပ် ခေါ်ဆိုသော ဝေါဟာရဖြစ်သည်။ ၀ဏ္ဏဖွဲ့သော “ပျူ” ဟူသော ဝေါဟာရကို ရပါသည်။ ဗမာအသုံး ပအူ/ ပဦ ဗျည်း သရတွဲဖြင့် ၀ဏ္ဏဖွဲ့သော် “ပျူ” ဟု မရပဲ “ပူ” ဟူ၍သာ ရပါလိမ့်မည်။
    “ပျူ” ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရ၊ မြန်မာ ဘာသာစကား မဟုတ်ပါ။ တိတိကျကျ ဆိုရလျှင် ဗမာစကား ဗမာဝေါဟာရ မဟုတ်ခဲ့ပါ။ “ပျူချစ်သူများ” ဆောင်းပါးတွင်လည်း ပျူ ဟူသော ပအူကို မြန်မာလို မအူဟု သုံးနှုန်းပြီး ဝေါဟာရ တစ်လုံးချင်း၊ ဗျည်း တစ်လုံးချင်း၏ ဆိုလိုချက်များကို ရေးသား ဖွင့်ဆို ပြခဲ့ခြင်း ဖြစ်ပါသည်။ ပျူ (ပအိုဝ်း) တို့၏ ဘာသာစကား ဝေါဟာရများ ဖြင့်သာ မှည့်ခေါ် သုံးနှုန်း လာခဲ့ခြင်းများ ဖြစ်ပါသည်။
    ပျူဟူသော ၀ဏ္ဏဖွဲ့ စကားလုံးဖြင့် “Pyu” ဟူ၍ လည်းကောင်း၊ ပအူ ဟူသော ဗျည်းများနှင့် သရ တွဲစပ်သော စကားလုံး ဖြစ်သည့် “Piao”  ဟူ၍ လည်းကောင်း၊ တရုတ်မှတ်တမ်း အစောင်စောင်၌ ရေးသား သုံးနှုန်းလေ့ ရှိပါသည်။
    ထို ပျူ ပအူ ကို မွန်တို့က “တိရ်စုလ်” ဟု ခေါ်ခဲ့သည်။ တောင်သူဟု ဆိုလိုသည်။ ပျူ (ပအိုဝ်း) တောင်သူ ကလည်း မွန်တို့အား “တလိုင်း” ဟု ခေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တိလိင်္ဂဏတိုင်းမှ လာရောက်သော လူမျိုးများဟု ဆိုလိုခဲ့သည်။ တောင်သူ၊ တလိုင်း စသော ဝေါဟာရများကို မနှစ်သက် ကြောင်း အသီးသီး ဖွင့်ဆို ခဲ့ကြသည်။
    သမိုင်းမှတ်တမ်းများ ရေးကြရာတွင် ပျူနှင့် ပတ်သက်မှု မကင်းကြောင်း အသိအမှတ်ပြု ရေးသား ကြသော်လည်း ပျူတို့ဘ၀ အစိပ်စိပ်အမွှာမွှာ ကွဲပြီး အင်အားလျော့နည်း နိမ့်ပါးတိုးတိတ်နေသော ပအူ၊ ပအိုဝ်းဘ၀ကို အနေနီးကြပါလျှက် အတတ်နိုင်ဆုံး ဥပေက္ခာ ပြုခဲ့ကြသည်။ ထည့်တွက် စဉ်းစားဖော်ပင် မပြုခဲ့ကြပေ။ ထိုအချက်ကို အလေးအနက်ထား ဂရုပြုခြင်း မပြုပါက မြန်မာ့သမိုင်းကို မည်သို့ပင် အရေး ကောင်းပါစေ ပြီးပြည့်စုံသော သမိုင်းဖော်ထုတ်ချက် မဟုတ်ဟု ရဲရဲ ဆိုဝံ့ပါသည်။
    ပျူသည် ဗမာမဟုတ်၍သာ ဗမာကို ပျူဖြစ်ကြောင်း သမိုင်းဆရာများက ဆက်စပ် တွေးခေါ် ယူဆ ကြောင်း ဖော်ပြမပေးခဲ့ခြင်း၊ ပျူနှင့် ဗမာ ထပ်တူဟု မဆိုခဲ့ခြင်း ကိစ္စမှာ ထင်ရှားပါသည်။ ပျူနှင့် နီးစပ်မှု ရှိသည့် အချို့ တိုင်းရင်းသား လူမျိုးများ အကြောင်းကို သမိုင်းပညာရှင် အချို့က လက်ရှိအမြင်အတိုင်း သုံးသပ်တင်ပြ ခဲ့မှုရှိသည်ကို မျက်ကွယ် မပြုသင့်ပေ။ မလျှမ်းသင့်ပေ။
    အနော်ရထာမင်း သထုံကို ဆင်းတိုက်ခဲ့ခြင်းမှာ မွန် ပယောဂ မကင်းကြောင်း အထက်၌ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အနော်ရထာမင်း၏ ပုဂံတပ်ကို ကျန်စစ်သားက ဦးဆောင်ပြီး ကုလားစစ်သား ဗျတ္တလည်း ပါဝင် အမှုထမ်းကြောင်းကိုလည်း ဖော်ပြပြီး ဖြစ်ပါသည်။ အနော်ရထာမင်းသည် ပျူသား ပျူမြေးဟု ယေဘူယျ ဆိုခဲ့ကြသည်။ သို့ဆိုလျှင် ကျန်စစ်သား သည်လည်း ပျူသား၊ ပျူမြေးဟု အတိဆိုရန် ခက်လှ၏။ အနော်ရထာ မတိုင်မီနှင့် အနော်ရထာ နန်းရလာသည့် ကာလအထိ ထီးရေးနန်းရေးနှင့် သားရေး၊ သမီးရေး ကိစ္စများ ရှုပ်ထွေးမှုကို ကွက်၍ ကြည့်လျှင်ပင် သူ့သွေးသူ့သား အစစ်ဟု နှောင်းလူတို့ စိတ်ချ ယုံကြည်ရန် ခက်ခဲလှသော အခြေအနေများ ရှိခဲ့သည်။ အနော်ရထာမင်း မတိုင်မီ နန်းရ နန်းကျ ခဲ့ကြသော မင်းတို့၏ အပြောင်းအလဲများသည် လွယ်ကူလွန်းလှသဖြင့် နှောင်းခေတ် သမိုင်းသုတေသီတို့ အထင်တသေး ရေးခဲ့၊ ငေါ့ခဲ့၊ သရော်ခဲ့ကြသည် အထိ ပေါ့ပျက်ပျက် ရှိလှသည်။ အနော်ရထာ ကိုယ်တိုင်၏ ဘ၀သည် စက္ကတေး နှင့် ကျည်စိုးမင်းတို့ ပထွေး၏ သားဖြစ်ပြီး ထိုဖခင်၏ မယားပါသား မင်းစုက္ကတေးသည် အနော်ရထာအား “ညီသားနောင်မယ်” ဟု လှောင်ခဲ့ဖူးသည်။
    ထိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် တိကျမှန်ကန်သော အဖြေကို တွက်ချင့် ပြနိုင်ရေးသည် လွယ်ကူမည် မဟုတ်ပေ။ အနော်ရထာမင်း ကိုယ်တိုင်ကရော သူ့ဘ၀ကို ရှင်းရှင်းလင်းလင်း ရှင်သန်ခွင့် ရအောင် မွေးမြူခွင့် ရခဲ့ပါသလော။ ရှုပ်ထွေးလှသော သူ့ဘ၀၏ အခြေခံခဲ့မှုများကို အလွန်ပင် ညည်းငွေ့ခဲ့ ပေမည်။ စစ်မှန်သော ဘာသာ သာသနာကို သထုံမှရအောင် ဆောင်ကြဉ်းနိုင်ခဲ့ပြီး အရှည် တည်တံ့ ပြန့်ပွားအောင် ကြိုးပမ်းနိုင် ခဲ့သော်လည်း သူ့ရင်တွင်းဝယ် ရှုပ်ထွေး နေပါလိမ့်မည်။
    ကျန်စစ်သားကို အနော်ရထာမင်း၏ သားတော် ဟုတ်မဟုတ် သမိုင်းပညာရှင်တို့ ဆန်းစစ်ခဲ့ကြ ဖူးသည်။ တောင်ပြုံးနယ်မှရသော ကျောက်စာ အထောက်အထားအရ အနော်ရထာနှင့် ရခိုင်မင်းသမီး ပဉ္စကလျာဏီ တို့မှ ဖွားကြောင်း ယုံကြည်လက်ခံ လာကြသည်။ သို့သော ပဉ္စကလျာဏီကို အနော်ရထာမင်း အထင်လွဲပြီး နယ်နှင်ခဲ့ဖူးသည်။ မင်းလောင်းပေါ်မည် ဆိုသဖြင့် သတ်မှတ်အရွယ် ကလေးသူငယ်များကို လိုက်သတ်ခိုင်းခဲ့သည်။ ပဉ္စကလျာဏီမှာ ကျန်စစ်သားအား ဖခင်အကြင်နာ ဂရုပြု စောင့်ရှောက်မှု ကင်းစွာဖြင့် မွေးမြူခဲ့ရသဖြင့် ထိုသို့သော ကလေးမျိုးကို ပျူဘာသာအားဖြင့် “ကျန်” ဟု ခေါ်ပါသည်။ ထို “ကျန်” ကလေးဘ၀မှ စစ်သား၊ စစ်ဗိုလ် ဖြစ်လာသဖြင့် ကျန်စစ်သား၊ ကျန်စစ်မင်း ခေါ်လာ ခြင်းလည်း ဖြစ်နိုင်ပါသည်။ မင်းမိန့်ဖြင့် လိုက်သတ်ရာ မသေပဲ ကျန်ရစ်ခဲ့သဖြင့် ကျန်ရစ်သားမှ ကျန်စစ်သား ဖြစ်လာကြောင်း၊ ကလန်သန်ပျင်အမတ် ဘ၀မှ ကလန်စစ်သား၊ ထိုမှ ကျန်စစ်သား ဖြစ်လာကြောင်း ဗမာတို့ ဆိုလေ့ရှိသည်။ ကုလားစစ်သားမှ ကျန်စစ်သား ဖြစ်လာခြင်း ဟုလည်း ယူဆနိုင်မည်သာ ဖြစ်ပါသည်။
    အဘယ်ကြောင့်ဆိုသော် ကျန်စစ်သား၏ မယ်တော် ပဉ္စကလျာဏီ မင်းသမီးသည် မာဂဓတိုင်း အဆက်အနွယ်ဟု အဆိုရှိသော ရခိုင်မျိုး ဖြစ်သည်။ မာဂဓတိုင်း ဟူသည်မှာ သာကီယမျိုး မဟုတ်သော အဖသတ်သား အဇာတသတ်မင်း၏ အဆက်အနွယ်များ ဖြစ်သောကြောင့် ကုလား အဆက်အနွယ်ဟု ဆိုနိုင်မည် ဖြစ်ပါသည်။ သို့သော် ယနေ့ အိန္ဒိယကုလားနှင့် မျိုးနွယ် တူမတူ သတိထားရမည် ဖြစ်ပါသည်။ သာကီယပျူတို့ကို ချစ်သော ဖခင် ကောသလမင်းနှင့် သာကီယပျူတို့ကို အသေမုန်းသော သားဝီဍဍူပ တို့၏ ဆွေမျိုးရင်းခြာ မာဂဓတိုင်းသားများ ဖြစ်ကြပါသည်။
    ခက်ခဲနက်နဲလှသော ပဒေသရာဇ်ခေတ်၏ အစဉ်အလာအရ သွေးနှောခြင်း နည်းဖြင့် သွေးစည်းမှု တည်ဆောက်ခဲ့ကြကြောင်း ထင်ရှားလှသည်။ အနော်ရထာမင်းလည်း ထိုအစဉ်အလာကို လိုက်နာခဲ့သည့် မင်းဖြစ်သည်။ ပဉ္စကလျာဏီနှင့် လက်ဆက်ခြင်းဖြင့် ရခိုင်နှင့် သွေးစည်းခဲ့မှု၊ မဏိစန္ဒာကို လက်ခံခြင်းဖြင့် မွန်နှင့် သွေးစည်းခဲ့မှု၊ စောမွန်လှကို မိဖုရားခေါင် တင်ခဲ့ခြင်းဖြင့် ရှမ်းနှင့် သွေးစည်းခဲ့မှုများသည် ယုံတမ်း စကားလာ ဒဏ္ဍာရီ ပုံပြင်များ မဟုတ်ခဲ့ပါ။
 သို့သော် အနော်ရထာမင်းသည် မဏိစန္ဒာ၏ နှလုံးသား သန့်သန့်ကို မရရှိ ခဲ့သကဲ့သို့ ပဉ္စကလျာဏီ ကိုလည်း စိတ်ချလက်ချ မချစ်ဝံ့ခဲ့ရှာပါ။ ထို့အတူပင် စောမွန်လှ ကိုလည်း အထင်တော်လွဲကာ ပြည်နှင် ခဲ့သည့် အနော်ရထာ၏ နှလုံးအိမ် အသည်းနန်း အဆောင်ဆောင် အခန်းခန်းတို့သည် အလွမ်းများ၊ သောကများ၊ သံသယများဖြင့် ပြည့်လျှမ်းနေမည် မလွဲပါချေ။ ဘာသာရေး၊ နိုင်ငံရေးဘက်၌ စွမ်းစွမ်းတမံ ကြိုးပမ်းတော်မူ နိုင်ခဲ့သော်လည်း နှလုံးသားရေး၌မူ ရင်မောစရာ များဖြင့် အတိ ပြီးခဲ့လေသည်။
    အနော်ရထာမင်းကို ဆက်ခံသည့် သားတော် စောလူးမင်း၏ မယ်တော် အဂ္ဂမဟေသီသည် မည်သူ ဖြစ်သည်၊ မည်သည့် အမျိုးအနွယ် ဖြစ်သည် ဆိုသည့် ကိစ္စကိုလည်း ပညာရှင်တို့ စူးစမ်းသင့်ပါသည်။ စောလူးကို ကျန်စစ်သား ဆက်ခံခဲ့သည်။ ကျန်စစ်သားကို မြေးတော် အလောင်းစည်သူ ဆက်ခံသည်။ ပျူ မွန် ဗမာ သွေးစည်းရေးဟု ဆိုခဲ့ကြသည်။ အမှန်လည်း ဖြစ်ခဲ့ပါသည်။
    အနော်ရထာသည် ပျူ ဗမာ သွေးနှောသောမင်း၊ မနုဟာသည် မွန် ပျူ သွေးနှောသောမင်း၊ ကျန်စစ်သားသည် ပျူ ဗမာ ရခိုင် သွေးနှောသောမင်း၊ အလောင်းစည်သူသည် ပျူ မွန် ဗမာ ရခိုင် သွေးနှောသောမင်း ဖြစ်ခဲ့သည်။
    ဗမာသည် မွန်နှင့် ထပ်တူ၊ ဗမာသည် ရှမ်းနှင့် ထပ်တူ၊ ဗမာသည် ရခိုင်နှင့် ထပ်တူ မဆိုပဲ ဗမာသည် ပျူနှင့် ထပ်တူ ဆိုလာခဲ့သော စကားမှာ ငြင်းခုံလေ့မရှိသော ပျူတို့၏ ဓလေ့ကို အကြွင်းမဲ့ ယုံကြည်သောကြောင့်လော။ “ရှမ်းလည်းဗမာ၊ ဗမာလည်းရှမ်း” ဟု အကယ်ဒမီချိုပြုံး တေးဆိုခဲ့သည်မှာ ရှမ်းနှင့်ဗမာ ထပ်တူ လူမျိုးတစ်မျိုးတည်း ဖြစ်သည်ဟု မဆိုလိုပဲ ရှမ်းနှင့်ဗမာ သွေးစည်း ချစ်ကြည်မှု ခိုင်မာစွာ ရှိပါကြောင်း ဆိုလိုခြင်းသာ ဖြစ်ပေမည်။ ပျူစစ်လျှင် မြန်မာ၊ မြန်မာစစ်လျှင်ပျူ ဆိုသော စကား သည်လည်း ထို့အတူသာ ဖြစ်ပေလိမ့်မည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးသည် တစ်သွေးတည်း တစ်သားတည်း “မြန်မာ” အဖြစ် ပေါင်းစု ပိုင်ဆိုင်သည့် အမည် ဖြစ်ပါသည်။
    မြန်မာ ဆိုသည်မှာ ဗမာတစ်မျိုးတည်း ကိုသာ ကိုယ်စားမပြု၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ပျူ(ပအိုဝ်း)၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်မှ ၁၀၀ ကျော် တိုင်းရင်းမျိုးနွယ်များ အားလုံး၏ သွေးစည်း ပေါင်းဖွဲ့မှု အမှတ်သင်္ကေတဟု စိတ်ချယုံကြည်စွာ မှတ်ယူပိုင်ခွင့် ရရှိချင်ပါသည်။
    “မြန်မာ” ဟူသော ဝေါဟာရသည် “ဗြဟ္မာ” နှင့်လည်းမတူ “ဗမာ” ဟူသော ဝေါဟာရထက်လည်း ထူးကဲလေးနက်သော အဓိပ္ပါယ်ကို ဆောင်ကာ ရပ်တည်မည်တွင် လာခြင်းရှိသော အများပိုင်နာမ် တစ်ခု အဖြစ်  အသိအမှတ် ပြုအပ်ပါသည်။ မြန်မာ ဟူသော ဝေါဟာရနှင့် ဆက်စပ်နှီးနွယ် နိုင်သော စကားလုံး များတွင် ဗြဟ္မာနှင့် ဗမာ တင်မကပဲ ဗြဟ္မာ၊ ဗြဟ္မာဏ၊ မရန်း၊ မရမ္မာ၊ မြောင်၊ မြို၊ မင်၊ မန်၊ ခမာ စသော ဝေါဟာရ များလည်း ပါဝင်ပါသည်။
    မည်သို့ဆိုစေ ရှေးဟောင်းပျူခေတ်မှသည် ယနေ့မြန်မာခေတ်တိုင် တိုင်းရင်းသား အားလုံးသည် အေးအတူ ပူအမျှ အတူတကွ ပူးပေါင်း နေထိုင် ခဲ့ကြခြင်းဖြင့် ငြိမ်းချမ်းမှု အရသာကို ဖော်ဆောင်ခံစား တည်ဆောက် လာခဲ့ကြသည်။ ထိန်းသိမ်း ခဲ့ကြသည်။ တစ်ဦး၏ ဘာသာဓလေ့ ယဉ်ကျေးမှု အစဉ်အလာ များကို တစ်ဦးက လေးစား တန်ဖိုးထား နားလည်ခဲ့ကြသည်။ ဤနေရာ၌ တစ်ခု ပြောစရာ ရှိသည်မှာ ပျူ တို့၏ အစဉ်အလာကြောင့် ပျူတို့ကို ရှိနေသည်ဟု သတိမရတော့ပဲ ပျူနှင့် အနေနီးစပ်ရုံ သွေးစည်းခဲ့ရုံဖြင့် ပျူမဟုတ် ပါပဲလျှက် ပျူပါဟူ၍ တယုတယ အမြတ်တနိုးထား ပိုင်ဆိုင် ပြသသံ ကြားသိလာရ သောအခါ မလိုလားအပ်သော လွဲချော် မှားယွင်းမှုများ မပေါ်ပေါက် မပွားများ ရလေအောင် မုဒိတာ ပွားမနေ တော့ပဲ အမှန်ကို သတိပြုမိအောင် ရေးသားရပါသည်။
    ပျူတို့သည် စိတ်နေ သဘောထား ကောင်းမွန်ကြောင်း၊ အငြင်းအခုံ ပြောဆိုလေ့ မရှိကြောင်း၊ ဗုဒ္ဓ တရားတော်ကို အလေးအမြတ် ထားကြောင်း၊ သတ်ဖြတ်မှုကို ရွံရှာ မနှစ်သက်ကြောင်း၊ တရုတ်မှတ်တမ်း အစောင်စောင်တွင် ဖော်ပြထားသည်။
    ပျူတို့၏ ဘ၀သည် အရပ်ဒေသမျက်နှာ အသီးသီးတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ကရင်၊ ရခိုင်၊ မွန်၊ ဗမာ၊ ရှမ်းများ၏ ထိုးဖောက် လွှမ်းမိုးခြင်းများကို ခံခဲ့ရသည်။ ပျူတို့သည် ဗုဒ္ဓဘာသာဝင်များ ပီပီ သည်းခံခြင်းတရား အစဉ်ထားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဦးစားပေးခဲ့သည်။ ယနေ့ ပအိုဝ်းလူမျိုး အမည်ဖြင့် ရှင်သန်နေသော လူမျိုးသမိုင်းကို ခြေခြေမြစ်မြစ် လေ့လာနိုင်လျှင် ပျူတို့၏ ဘ၀ ရပ်တည် ရှင်သန် လာခဲ့ရမှုများကို အလျဉ်မပြတ် ဆက်စပ်သိမြင် နိုင်ပါလိမ့်မည်။ တစ်ခု သတိထားရမည်မှာ ပအိုဝ်းလူမျိုးကို သွေးနှောသော၊ ရုပ်ပြင် လက္ခဏာ အမျိုးမျိုးရှိသော လူမျိုးဟု ရှုတ်ချ ထိုးနှက်ယောင် မှတ်ချက် ပြုတတ်သော သမိုင်းပညာရှင် အမည်ခံ ပုဂ္ဂိုလ်တစ်ချို့၏ အရေးအသားများကို ဖြစ်ပါသည်။
    ပအိုဝ်းသည် ပျူအစစ်ဖြစ်ကြောင်း မည်သည့် သမိုင်းပညာရှင်များက သတိပြုမိသည်ဖြစ်စေ မပြုမိသည်ဖြစ်စေ၊ အသိအမှတ်ပြုနိုင်သည် ဖြစ်စေ၊ မပြုနိုင်သည် ဖြစ်စေ၊ ဥပေက္ခာပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ပျူ (ပအိုဝ်း) တို့၏ ကိစ္စဟု သတိမပြုမိခဲ့ပါ။
    ပျူ (ပအိုဝ်း) တို့၏  အစဉ်အလာ ဂုဏ်သိက္ခာကိုတော့ လုံးဝ အပျက်ခံမည် မဟုတ်ပါ။ သမိုင်း ပညာရှင်သည် မြေပေါ် မြေအောက် အထောက်အထား၊ ခေတ်ဟောင်း အထောက်အထား များကို ကိုယ့်အမြင် ကိုယ့်အရှိဖြင့်သာ ကိုယ့်အတတ်လောက်မျှဖြင့် လုံးဝအမှန်ဟု ယူလိုလျှင် ထိုအထောက်အထား များကို စစ်မစစ်၊ မှန်မမှန် အသေအချာ ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ သူတစ်ပါးတို့၏ အမြင်ပေါင်းစုံ၊ အတတ် ပေါင်းစုံကို ရင်ဆိုင် ဖြေရှင်း နိုင်ပါမှ လုံးဝ အမှန်ပါဟု စိတ်ချလက်ချ နိုင်သော အခြေအနေ ရှိပါမှ ဖွင့်ထုတ် ကြေငြာ သင့်ပါသည်။
    ပျူလူမျိုးများသည် သမိုင်းကဏ္ဍတွင် အထင်ကရ ဖြစ်နေသော်လည်း သမိုင်းပညာကို တတ်သိ နားလည်သော သူများ ရှားပါးပါသည်။ မိမိအကြောင်းကို ပြော၍ ပြောနေကြမှန်းလည်း သတိမထားမိကြ မသိခဲ့ကြပေ။ ထိုအချက်ကို အခွင့်ကောင်းယူ၍ လိုရာဆွဲယူပြီး မိမိမူပိုင် လုပ်လိုသော သဘောများကို သတိမပြု၍ မသင့်တော့ချေ။ ကိုယ့်စကားကို သူ့စကားအဖြစ် မှတ်ယူ သုံးနှုန်း နေခြင်းသည် သာမန်အားဖြင့် ၀မ်းမြောက်ဖွယ်ဟု မှတ်ယူနိုင်သော်လည်း အာခေါင် လှံစူးမည့် လုလင်ကဲ့သို့ ဒုက္ခ မရောက် စေရအောင် အသိ ပေးသင့်သည်ကို သေသေချာချာ ထောက်ပြ အသိပေးခြင်းဖြင့် ရေရှည် ရေခမ်း အခက်အခဲ ဒုက္ခ ခံစားကြရမည် မဟုတ်ကြောင်း ယူဆပါသည်။ ဝေ့လည်လည် ဖြစ်နေကြမည့် သမိုင်း သုတေသန လုပ်ငန်း အတွက် လမ်းကြောင်းမှန် ရောက်အောင် ညွှန်ပြလိုပါသည်။
    ကိုယ်လိုရာ မရောက်ရောက်အောင် သမိုင်းကို ပြုပြင်ခြင်းသည် တရားသည့်ဘောင် (မှန်ကန်သည့် လုပ်ရပ်) ဟု ဆိုနိုင် ပါသလား။ သမိုင်းဆရာ၊ သမိုင်း ပညာရှင်သည် ရှေးရာဇ၀င် တို့ကို သတိပညာ ကြီးကြီး ဖြင့် ချဉ်းကပ် လေ့လာကြစမြဲဟု ဆိုရာ မည်သည့်ဘောင် (Frame) ၊ စံချိန် စံညွှန်းများဖြင့် အခြေပြု လေ့လာရပါမည်ဟု သတ်မှတ်ချက် ရှိပါသလား။ သမိုင်း ပညာရှင် မဟုတ်သော မိမိတို့မှာ အစဉ်အဆက် အားဖြင့် ပြောဆိုလာခဲ့သော သုံးနှုန်းလေ့ရှိသော စကားလုံး ဝေါဟာရများ၏ ခိုင်မာမှု၊ ရွေ့လျား ပြောင်းလဲမှု အနည်းဆုံးနှင့် အတိတ် ပစ္စုပ္ပန် ဆက်စပ်နေမှု ကွာဟချက် သိပ်မရှိသဖြင့် မိမိကိုယ် မိမိ စိတ်ချလက်ချ မှတ်ကျောက်အတင်ခံ နိုင်ပါသည်။
    ဥပမာ - ပင်းတယ၊ ရပ်စောက်၊ ပခုက္ကူ စသည့် ဝေါဟာရ များကို ဗမာတို့ အလို့အားဖြင့် ပင့်ကူရ၊ ရပ်စိုက်၊ သားထုတ်ကူ (ဂူ) စသည်ဖြင့် ရေးသား ဖော်ပြမှုမျိုး၊ ကျိုက်ထီးရိုးကို မွန်ဗမာ ပေါင်းပြီး ထီးရိုးလုပ်၍ ရသော၊ ငါး ပေါက်ရောက်သော ဘုရားတောင်ဟု ဆိုခြင်းမျိုး စသည်ဖြင့် ပျူဘာသာစကား ဝေါဟာရ များကို ဗမာစကား၊ ဗမာ ဝေါဟာရ ဖြစ်အောင် ကြံဖန် တွေးတော ဆက်စပ်ယူပြီး သမိုင်းစကားယောင် ပြုခဲ့ကြသည်။
    သမိုင်းပညာရှင်တို့ အထောက်အထား ပြုလိုသော အရာ၊ အခိုင်မာဆုံးဟု သတ်မှတ်လေ့ရှိသော ကျောက်စာများ၊ ပစ္စည်းများသည် အားလုံး စိတ်ချလက်ချ ယုံကြည်နိုင်လောက်အောင် အခြေအနေ မပေး သည်လည်း ရှိပေမည်။ အချို့ကျောက်စာများ၊ အချက်အလက်များသည် သဘာဝ ရာသီဥတုကြောင့် လည်းကောင်း၊ နဂိုမူလ စွမ်းဆောင်ရှင်တို့ တည်ထားခဲ့သည့် အတိုင်း သူ့နေရာနှင့်သူ ရှိမနေခြင်းမျိုး၊ အပြင် အဆင် ခံလိုက်ရခြင်းမျိုး စသည်တို့ကြောင့် ဖြစ်သည်။
    မြန်မာနိုင်ငံ၏ အထောက်အထား အချို့သည် ထိုသို့ စိတ်မချသော အခြေအနေ ဖြစ်ပေါ်အောင် ဆောင်ရွက် ခံခဲ့ရကြောင်း လေ့လာမှတ်ဖူး ပါသည်။ အထောက်အထား ညှိနှိုင်းရန် အကြောင်းပြချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောက်စာများကို မင်းမိန့်အာဏာဖြင့် နေပြည်တော် အရောက် နှုတ်ယူ သယ်ပို့စေဖူးရာ၊ မင်းမှုထမ်း အချို့က မနိုင်သော ကျောက်စာတိုင်ကြီးများ၊ သယ်ယူရန် ခက်ခဲသော ကျောက်စာများကို တူးဆွ ရိုက်ချိုး ချေဖျက် ပျောက်ပျက်စေခဲ့သည်။ ကျောက်စာ၊ မော်ကွန်း ကမ္ဗည်း မှတ်တမ်းစာ များကို ရွှေ့ပြောင်း သယ်ယူစေခဲ့သော လုပ်ရပ်သည် မှန်ကန် ရိုးသားသော လုပ်ရပ်ဟု မည်သူ စိတ်ချ ယုံကြည်နိုင် ပါမည်နည်း။ အလိုတူ အလိုပါ ဆိုလျှင်တော့ မပြောတတ်ချေ။ သမိုင်းဆိုင်ရာ အထောက်အထားများကို ရိုးရိုးသားသား တိုက်ဆိုင် ညှိနှိုင်းခြင်းသာ ဖြစ်ပါက တပင်တပန်း ရွှေ့ပြောင်း သယ်ယူစေရန် လိုအပ်မည် မဟုတ်ပါ။ အစဖျောက်ခဲ့ကြသည့် တာဝန်ပေါ့ မင်းမှုထမ်းများကို အပြင်းအထန် အရေးယူရန်လည်း တာဝန် ရှိပါသည်။
    မြစေတီ (သို့မဟုတ်) ဂူပြောက်ကြီး၊ ရာဇကုမာရ် ကျောက်စာတိုင် နှစ်တိုင်အား ပြန်လည် တွေ့ရှိ ရသည့် အနေအထားများသည် မူလနေရာများတွင် မဟုတ်ပါချေ။ သမိုင်းကျောက်စာ အချို့ အစဖျောက် ခံရသကဲ့သို့ အချို့ ပြင်ဆင် ဖြည့်စွက်မှုများ၊ ပယ်ဖျက်ခြင်းများ၊ မထင်မရှား ပြုခြင်းများ မရှိခဲ့ဖူးပါဟု မည်သူ ဆိုမည်နည်း။
    မြန်မာ့သမိုင်းတွင် မက ကမ္ဘာ့သမိုင်း ၌ပါ ထိုအပြုအမူများ ပြုလုပ်ခဲ့ကြကြောင်း သတိပြုကြ ရပါမည်။ ဥပမာ - ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူရာ လုမ္ဗိနီ အင်ကြင်းဥယျာဉ်ရှိ အာသောကမင်းမှ အမှတ်တရ စိုက်ထူခဲ့သော ကျောက်စာတိုင်သည် အမျိုးဇာတ် ခွဲခြားမှု ပြင်းထန် လွန်းသော ဗြဟ္မဏ မျိုးနွယ်များက ရိုက်ချိုး ချေဖျက်ပစ်ခြင်း၊ ဗုဒ္ဓ၀င်ဇာတ်ကွက် သရုပ်ဖော်ပုံ နေရာများ အစား ဟိန္ဒူ ဗြဟ္မဏဆိုင်ရာ ဇာတ်ကွက် သရုပ်ဖော်ပုံများဖြင့် အစားထိုးခြင်း လုပ်ရပ်များ ရှိခဲ့ပါသည်။ သမိုင်း အထောက်အထား များကို မည်သို့ပင် ဖျောက်ဖျက် ပြောင်းရွှေ့မှုများ ပြုကြပါစေ သမိုင်း၏ အမှန်တရား မျက်နှာစာသည် လင်းလက်တောက်ပ နေမည်သာ ဖြစ်ပါသည်။
    အတိတ်၊ ပစ္စူပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါးသည် အကြောင်းအကျိုး ဆက်စပ်ကာ ပြောင်းလဲ ဖြစ်ပျက် နေမည်ဖြစ်ရာ ဆက်စပ် သိမြင်နိုင်စွမ်း ရှိ မရှိ အပေါ်မှာသာ မူတည်ပြီး သမိုင်း အခြေအနေကို အကဲခတ် နိုင်ကြမည် ဖြစ်ပါသည်။ ဆက်စပ်သိမြင် နိုင်သူတို့သည် သမိုင်း ပညာရှင်များသာ ဖြစ်ရမည်လော။ ကာယကံရှင် တို့သည် မိမိဆိုင်ရာ အချက်အလက်များကို သမိုင်းပညာရှင်တို့ထက် ပိုမို သိရှိနိုင်စွမ်း မရှိကောင်းပါသလော။
    ဘာသာဗေဒ ဆန်းစစ်ချက်အရ၊ လေ့လာသုံးသပ် ဖော်ထုတ်ချက်များ အရ ပျူဘာသာသည် အဆုံးသတ်ဗျည်းမဲ့ပြီး သံနေသံထား ရှစ်ခုခန့် ရှိသော တိဘက် မြန်မာ ဘာသာစကားမျိုး ဖြစ်ကြောင်း သမိုင်း သုတေသီတို့ မှတ်ချက်ပြု ခဲ့ကြသည်။ ယနေ့ မြန်မာအသုံး ဗမာစကားတွင် သံနေသံထား ရှစ်ခု ရှိမနေပါ။ ပျူ (ပအူ) ခေတ်ဟောင်း ကာလမှသည် ယနေ့ ပအူ (ပအိုဝ်း) တို့ ခေတ်ကာလတိုင် ရှေးမူမပျက် သံနေ သံထား ရှစ်ခုကို ပိုမိုပြည့်စုံသော အမှတ် သင်္ကေတ များဖြင့် တိကျစွာ ရေးသား အသံထွက် သုံးနှုန်း ပြောဆိုနိုင်သော အခြေအနေ အထိ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါသည်။

    ဥပမာ - ဗမာစာတွင် ထိုကဲ့သို့သော သံနေသံထား ရှစ်ခုကို သုံးနှုန်းသော အလေ့ မရှိပါ။
        က ကာ ကား - စသည်ဖြင့် သုံးနှုန်း အခြေပြု ထားပါသည်။
   
    ထို့ကြောင့် ဗမာသည် ပျူမှ ခွဲထွက်ခြင်းလော၊ ဗမာသည် ပျူနှင့် လာရောယှက်ခြင်းလော။ အစစ် အမှန် သမိုင်းပညာရှင်များမှသာ ရဲရဲဝံ့ဝံ့ ဖော်ထုတ်နိုင်မည့် လေးနက်လှသော ကိစ္စ ဖြစ်လေသည်။
    ပျူလူမျိုးများက ပျူဟုသော ဝေါဟာရကို ဗျည်း သရ ခွဲကာ ခေါ်ဝေါ် သုံးနှုန်း လာခဲ့ကြသော်လည်း မြန်မာပြည်ရှိ မည်သည့် သမိုင်း ပညာရှင်များ၏ စိတ်စေတနာ ခံစားချက်များနှင့် လိုက်တွေး၍ မမီနိုင်သော ၄င်းတို့၏ အခြေအနေများကြောင့်သာ ဖြစ်သဖြင့် အဆိုး အကောင်း ဝေဖန်ရန် တာဝန်မရှိပါ။ ကိုယ့်သမိုင်း ကိုယ်ရေး ကြသည်ချည်းသာ ဖြစ်သည်။ “ပျူ” လူမျိုးဟု အကြောင်းပြလာသောအခါ ပျူ (ပအူ) ဝေါဟာရ များကို အဓိပ္ပါယ် ပြောင်းလဲပေးရတော့မယောင် ခံစားမိ ပါသေးသည်။ ဆရာဦးကျော်ဇင်၏ ဗမာသည် အမှန်တကယ် ပျူ ဖြစ်ပါက ပျူခေတ်က ဓလေ့အတိုင်း ပြန်လည်သုံးနှုန်း ရေးသားပြောဆို သင့်ပါသည်။
    ပျူမြို့ပြနိုင်ငံများဟု မှတ်တမ်းတင်ရှိခဲ့သော ဟံလင်း (လင်(န်)ယန်(င်)၊ တကောင်း (သင်းကွဲ / သင်းတွဲ)၊ သရေခေတ္တရာ (ဘိသိတ်)၊ မှော်ဇာ၊ သထုံ (ကြုံစိန်)၊ မိုင်းမော (ပင်လယ်)၊ ပင်း၊ တနင်္သာရီ၊ ကော့သောင်း စသည့် ဝေါဟာရများသည် ဗမာစကား ဗမာဝေါဟာရများ မဟုတ်ပါ။ ထို့အပြင် ဒီပဲရင်း (ထီးပေသျှင်)၊ ထီးလင်း၊ ပဲခူး (ဥဿာ)၊ ဒဂုံ၊ ဒလ( က္ဃ)၊ မုဒုံ၊ ရမည်းသင်း၊ ပျဉ်းမနား စသော မြို့အမည် များသည် လည်းကောင်း၊ သကျ၊ သာကီဝင်၊ သာကီယ စသော ဝေါဟာရ စကားလုံး များတို့သည် လည်းကောင်း၊ ပျူလူမျိုးတို့၏ ဝေါဟာရ အရွှေ့အပြောင်း အကင်းဆုံးနည်းဖြင့် ယနေ့တိုင် အဓိပ္ပါယ်ရှိရှိ အသံထွက် မကွာလှပဲ သုံးနှုန်းနိုင်သေးသည့် ပျူဝေါဟာရ အစစ်များပင် ဖြစ်ကြောင်း အလေးအနက် တင်ပြ အပ်ပါသည်။ (ထိုဝေါဟာရများ၏ ဆိုလိုရင်း အဓိပ္ပါယ်များကို နောက်ဆောင်းပါးများတွင် ဆက်လက် ဖွင့်ဆို ပြပါမည်။)
    ပျူကို ချစ်သော၊ ပျူကို တွယ်တာသော၊ ပျူကို တန်ဖိုးထားသော မည်သည့် ပုဂ္ဂိုလ်မျိုး ကိုမဆို ပျူ ပအိုဝ်းတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆို လေးစားပါကြောင့်နှင့် မိမိဘ၀၊ မိမိလူမျိုးဘ၀၊ မိမိတို့၏ နိုင်ငံဘ၀ သည် အမှား နည်းပါးပြီး၊ အမှားကင်းပြီး၊ တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများ အားလုံး အေးအတူ ပူအမျှ အတူတကွ သွေးစည်းညီညွတ်စွာ ပူးပေါင်းနေထိုင်မှု အဓွန့်ရှည် ခိုင်မာပါစေကြောင် ဆန္ဒပြု ရေးသား အပ်ပါသည်။ “ သမဂ္ဂါနံတ ပေါသုခံ ” ဟူသော တရားကို အစဉ်ယုံကြည်လျှက်။


                                                                           ခွန်ကျော်မြင့် (တောင်ကြီး)
                                                                           ၁၃.၉.၂၀၀၅




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လှုပ်ရှားမှု မှတ်တမ်း

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်
   ရှမ်းပြည်နယ် အတွင်း ပဒေသရာဇ် စော်ဘွားများသည် ပအိုဝ်းအမျိုးသားများ  စိုက်ပျိုးသော သနပ်ဖက် အပေါ် အခွန်တိုး ကောက်သဖြင့် ဖြားတန် ကောင်ခဲ ဦးဆောင်သော ပအိုဝ်းအမျိုးသား များက ၁၉၂၉ ခုနှစ်တွင် ပထမအကြိမ် စတင်တော်လှန်ခဲ့ကြသည်။ စော်ဘွား လဲဗီးတပ်မှ နှိမ်နင်း သဖြင့် ချုပ်ငြိမ်းခဲ့ရသည်။ ဖိနှိပ်ခံ ပအိုဝ်း အမျိုးသားများမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသော်လည်း ရှမ်းပြည်နယ်တွင် ပဒေသရာဇ် စော်ဘွားများ အာဏာ ပိုရှိလာပြီး ပအိုဝ်းအမျိုးသား များကို မျက်စိပိတ် နားပိတ် ဖိနှိပ် အုပ်ချုပ်နေဆဲ ဖြစ်၍ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် ဆရာတော်ကြီးများ၊ နာယကလူကြီးများ၊ အမျိုးသား ခေါင်းဆောင် ကြီးငယ်များမှ ဒုတိယအကြိမ် ပဒေသရာဇ် စနစ် တော်လှန်ရေးကို ဆင်နွှဲခဲ့ရာ ၁၉၅၀ ပြည့်နှစ်တွင် တပ်မတော်နှင့် ရှမ်းပြည်နယ် အစိုးရတို့၏ လွတ်ငြိမ်းချမ်းသာ ခွင့်အရ ဗိုလ်ချန်ဇုံနှင့် ဗိုလ်ဟိန်မောင် ဦးဆောင်သော ပအလဖ အဖွဲ့ ငြိမ်းချမ်းရေး ရယူ ခဲ့ကြသည်။ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် အလင်းဝင်ရောက် ခဲ့သည့် ပအိုဝ်းခေါင်းဆောင် ဗိုလ်ချန်ဇုံကို စော်ဘွားမှ စိုးရိမ်မှုလွန်ကဲပြီး ပုဒ်မ - ၅ ဖြင့် ဖမ်းဆီး ကာ မန္တလေး အကျဉ်းထောင်သို့ ပို့လိုက်ကြသည်။ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး နေ၀င်းမှ ပြန်လည် လွတ်ပေး သဖြင့် ဗိုလ်ချန်ဇုံလည်း တောတွင်းသို့ ပြန်လည် ၀င်ရောက်ကာ ပအလဖကို ဆက်လက်ဦးဆောင် တိုက်ပွဲဝင်ခဲ့ ပြန်သည်။
    ၁၉၅၈ ခုနှစ်တွင် ပအလဖနှင့် တပ်မတော် အရာရှိကြီးများ ညှိနှိုင်းပြီး ဥပဒေ ဘောင်အတွင်း ဒုတိယ အကြိမ် ၀င်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ် တွင် ရှမ်းပြည်နယ်ရှိ စော်ဘွားများ အားလုံး အပြီးအပိုင် အာဏာ စွန့်လွတ် ခဲ့သဖြင့် ပဒေသရာဇ် စနစ်ဆိုးကြီး တပ်မတော် အိမ်စောင့် အစိုးရ၏ ကြိုးပမ်းမှု ကြောင့် ချုပ်ငြိမ်းခဲ့ရသည်။ ပအလဖနှင့် ပအမဖ ခေါင်ေးဆာင်များ တွေ့ဆုံ ဆွေးနွေးပြီး ပအလဖကို ဖျက်သိမ်းကာ တစ်ခုတည်းသော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) အနေဖြင့် ပအိုဝ်း အမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းများကို အင်တိုက် အားတိုက် ကောင်အထည်ဖေါ် ဆောင်ရွက်လာနိုင် ခဲ့ကြသည်။ အဏာစွန့်လွတ် လိုက်ရသော ပဒေသရာဇ်နွယ်ဝင်အချို့ လက်နက်ကိုင် တောလှန်ပြီး ပအိုဝ်းဒေသ ကျေးရွာများ အတွင်း ဆက်ကြေး ကောက်သဖြင့် ပအိုဝ်းတော်လှန်ရေး ရဲဘော်ဟောင်း အချို့နှင့် တပ်မတော်တို့ ပူးပေါင်းတိုက်ခိုက် ခဲ့သည်ကို ပအိုဝ်းအမျိုးသားများ လူ၊ လက်နက် စုဆောင်းနေသည်ဟု သတင်းပို့ခဲ့သဖြင့် ပအိုဝ်း အမျိုးသား ခေါင်းဆောင်များကို အစည်း အဝေး ခေါ်၍ ဖမ်းဆီးပြန်သည်။ ကျန်ခဲ့သော ပအိုဝ်း ခေါင်းဆောင်များမှ ၁၉၉၆ ခုနှစ်တွင် ဒုတိယ အကြိမ် လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ရပြန်သည်။ ဒုတိယ အကြိမ် ပအိုဝ်း လက်နက်ကိုင် ရခြင်း၏ အဓိက အကြောင်းရင်းသည် ပအိုဝ်းဒေသ လုံခြုံရေး အတွက်ပင် ဖြစ်သည်။
    ဒုတိယ တော်လှန်ရေးကို ဗိုလ်စံသိန်း၊ ဗိုလ်တာကလယ်၊ ဆရာလှစိန်၊ ဆရာစိန်ရွှေ၊ ဆရာခင်၊ ဆရာကျော်၊ ဆရာချုံနှင့် ဆရာငဲဖါအောင်သာ တို့မှ ဦးဆောင်ခဲ့ကြသည်။ ၁၉၆၇ ပအလဖ ကြေညာချက်တွင် ပအိုဝ်း လက်နက်ကိုင် တော်လှန်ရေး ပြန်စရခြင်းမှာ ပအိုဝ်း အမျိုးသားများ တိုးတက် ဖွံ့ဖြိုးရေးနှင့် ညီညွတ်ရေးကို မလိုလား သူများ ကြောင့်လည်းကောင်း၊ ပအိုဝ်း ဒေသ အတွင်း အခြား လက်နက်ကိုင် အဖွဲ့များ ၀င်ရောက်၍ လည်းကောင်း ပါရှိခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဗိုလ်လှမော် ဦးဆောင်သော ဗကပများ ပအိုဝ်း ဒေသအတွင်း ကျူးကျော် ၀င်ရောက် လာသဖြင့် ပအလဖမှ ချေမှုန်း တိုက်ခိုက်ရသည်။ ရှမ်းပြည် တော်လှန်ရေး တပ်မတော်နှင့် ပအိုဝ်း၊ ၀၊ ပလောင်၊ လက်နက်ကိုင်များ ရှမ်းပြည် တပ်မတော် ဖွဲ့စည်းရန် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြသော်လည်း အောင်မြင်မှုကား မရ ရှိခဲ့ပေ။ ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပန်တွင် ပအလဖကို ဖျက်သိမ်း၍ ဥက္ကဌ ဗိုလ်စံသိန်း၊ အတွင်းရေးမှူး ဆရာလှစိန်နှင့် အဖွဲ့ဝင် ငါးဦးပါဝင်သော ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကို ပြန်လည်  ဖွဲ့စည်းခဲ့သည်။ ရလလဖ အဖြစ် ဖွဲ့စည်းလာပြီးသော အခါ အမျိုးသားရေးမှ အတန်းစားရေးသို့ တဖြည်းဖြည်း ဦးတည် လှုပ်ရှား လာခဲ့ကြသည်။ ထိုသို့ အတန်းစားဘက် ဦးတည် နေသည်ကို ဘ၀င်မကျ မနှစ်မြို့သော ဆရာတော်ကြီးများ ပအိုဝ်း အမျိုးသား ခေါင်းဆောင် အချို့ ရှိလာသည်။
    ရလလဖ အဖြစ် ဖွဲ့စည်းလာပြီး သောအခါ ရလလဖ၏ မူကိုးချက်နှင့် လမ်းစဉ်လေးရပ်ကို ချမှတ်ခဲ့သည်။ ပညာရေးလမ်းစဉ်တွင် အစိုးရ စာသင်ကျောင်းများ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဖွင့်လှစ်ရန်၊ ကျန်းမာရေး လမ်းစဉ်တွင် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေး မျြင့်တင်ရန်၊ စီးပွားရေး လမ်းစဉ်တွင် စီးပွား ဖွဲ့ဖြိုး တိုးတက်ရေး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အားပေးရန်နှင့် လုံခြုံရေး လမ်းစဉ်တွင် ရာဇ၀တ်မှု ကင်းရှင်းရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး စိုက်၊ စား၊ ရောင်း သည်များကို ပိတ်ပင်ရန် ဟူ၍ ဖြစ်သည်။ ၁၉၆၈ ခုနှစ်၊ မတ်လ (၂၅) ရက်မှ မတ်လ (၂၇) ရက် အထိ ကျောက်တလုံး ဘုရားတောင် အစည်းအဝေး တွင် တောင်ကြီး ထီသိမ် ပအိုဝ်းစာမူကို ဆွေးနွေး တိုင်ပင်ကြပြီး အတည်ပြုနိုင်ခဲ့သည်။ ပအိုဝ်းတစ်မျိုးသားလုံး၏ စည်းလုံး ညီညွတ်ရေး အတွက် တောင်ကြီးစာမူကို သံဃာတော်များ ဆရာတော်ကြီးများနှင့် ပအိုဝ်း အမျိုးသား ခေါင်းဆောင်များမှ တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ကြခြင်း ပင်ဖြစ်သည်။ ပအိုဝ်းဒေသ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ရန် ဆေးသင်တန်း အပတ်စဉ် (၁) နှင့် (၂) ကို အောင်မြင်စွာ ဖွင့်လှစ် သင်ကြားပေး နိုင်ခဲ့သည်။ ၁၉၆၈ ခုနှစ် အောက်တိုဘာလတွင် ရလလဖ ဥက္ကဌ ဗိုလ်စံသိန်းနှင့် ပဒေသရာဇ် အကြွင်းအကျန် လက်နက်ကိုင် အင်အားစုနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ရာ ဗိုလ်စံသိန်း ကျဆုံးခဲ့ရသည်။ ဗိုလ်စံသိန်းကျဆုံးပြီး ဗကပ လူထွက် ဗိုလ်လှမောင်အား ရလလဖ ဥက္ကဌ အဖြစ် တင်မြောက်သည့် အပြင် အနားယူပြီးသော ဦးတာကလယ်အား စစ်ရေးတာဝန် ပြန်လည်ပေးအပ် ခဲ့သဖြင့် ပအိုဝ်းအမျိုးသား ခေါင်းဆောင်အတွင်း မကြေမလယ်မှုများ စတင် အမြစ်တွယ် လာခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဇန်န၀ါရီ လဆန်းတွင် ဆရာတော် ဦးနေမိ၊ ရဟန်းတော် ဦးကုသလ တို့မှ ကမကထ ပြုပြီး ပင်လျမ်ရွာ ဘုရားတောင်တွင် ညီလာခံ တစ်ရပ် ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးသို့ ရလလဖ၏ နာယက အဖြစ် ဆရာတော် ဦးနေမိနှင့် ရဟန်းတော် ဦးကုသလ တို့အား လည်းကောင်း၊ ဥက္ကဌ အဖြစ် ဦးမော်ဟိုင်း၊ အတွင်းရေးမှူးအဖြစ် ဆရာဦးလှစိန်နှင့် အဖွဲ့ဝင် (၆) ဦး တို့အား အောင်မြင်စွာ ရွေးချယ် တင်မြောက် ခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင် အမျိုသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုကို ကေအင်န်ယူ ဦးဆောင် ဖွဲ့စည်းကြသည်။ ကေအင်န်ယူ ခေါင်းဆောင် များ ရလလဖ နယ်မြေအတွင်း ရောက်ရှိနေကြောင်း ဗကပတို့ သိရှိသောအခါ ဗကပ ဗဟိုကော်မတီဝင် အသားမဲ မျိုးမြင့် (ခေါ်) ဦးအောင်နှင့် ဗကပ (၁၀၈) စစ်ဒေသ တာဝန်ခံများ ရလလဖ နယ်မြေအတွင်း ၀င်ရောက် စည်းရုံးလာခဲ့ ကြသည်။
    ထိုစဉ်ကာလတွင် ဗကပကို ဆန့်ကျင်သော ပအိုဝ်းအမျိုးသား ခေါင်းဆောင်များ ဥပဒေ ဘောင်အတွင်း ပြန်လည် ၀င်ရောက် နိုင်ရေးအတွက် တောင်ကြီးမြို့တွင် ပအိုဝ်းရေးရာ ကိစ္စများ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ရန် (၇) ဦး ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မတီတွင် ဦးခွန်စိန်၊ ဦးဘဖြူ၊ ဆရာစောလှ၊ စင်ဖါကွံ၊ ဦးထွန်းကျော်ကြီး၊ ဦးထွေးလုံနှင့် ဦးထွန်းရီ တို့ ပါဝင် ခဲ့ကြသည်။ ထိုကော်မတီ၏ လှုပ်ရှားမှု မထိရောက် သောအခါ နိုင်ငံတော်မှ ထိန်းသိမ်းခံထားသော ပအလဖနှင့် ပအမဖ ခေါင်းဆောင်ဟောင်း ဗိုလ်ချန်ဇုံအား ပြန်လည် လွတ်ပေးခဲ့သည်။ ဗိုလ်ချန်ဇုံမှ ပအစခ ခေါ် ပအိုဝ်းစွိုးခွို အဖွဲ့ကို ဖွဲ့စည်း ထူထောင် လှုပ်ရှားခဲ့သည်။ ဗိုလ်ချန်ဇုံသည် တရုတ်ဖြူ စစ်ဆင်ရေးတွင် တပ်မတော်နှင့် လက်တွဲပြီး ပအလဖ တပ်ကို ဦးဆောင် လှုပ်ရှားခဲ့သည်။ ဗိုလ်ချန်ဇုံသည် ၄င်း၏ အဖွဲ့ဝင်များနှင့် လှုပ်ရှားနေစဉ် ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်၊ သောကြာနေ့တွင် ၄င်း၏ တပည့် ဖြစ်သူ ဟိန်ပေ၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မြေပေါ်ရှိ ပအိုဝ်းခေါင်းဆောင်များ ကလည်း အစည်းအဝေး တစ်ရပ် ကျင်းပပြီး ရလလဖနှင့် စပ်လျဉ်း၍ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဗိုလ်စံသိန်းသည် အမျိုးသားရေး လမ်းကြောင်းကို သွေဖီပြီး ဗကပတို့ အလိုကျ လုပ်ဆောင်နေကြောင်း၊ ပအိုဝ်းအမျိုးသား အကျိုးစီးပွား အတွက် ဆောင်ရွက်ရမည့် အစား ကွန်မြူနစ် ထွန်းကားရေးကို ပြုလုပ်နေကြောင်း ပါရှိပြီး တော်လှန်ရေးကောင်စီ အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံရန် ဟူ၍ ပါရှိခဲ့သည်။
    တပ်မတော်၏ ထိုးစစ်ကြောင့် ရလလဖ ခေါင်းဆောင်များသည် ကျောက်တလုံးဒေသကို အခြေမခံတော့ပဲ ပွန်ချောင်း အရှေ့ဒေသ များကို အခြေခံပြီး လှုပ်ရှားခဲ့ကြသည်။ ၁၉၇၁-၇၂ ခုနှစ် ကာလအတွင်း ကေအင်န်ယူ ကိုယ်စားလှယ်များနှင့် ဗကပ ကိုယ်စားလှယ်များ ရလလဖ နယ်မြေအတွင်း ရောက်ရှိလာကြပြီး ဗကပ ၏ အတန်းစားရေး ဦးဆောင်မှုကို ခံယူရန်၊ ကေအင်န်ယူ့၏ အမျိုးသားရေး ဦးဆောင်မှုကို ခံယူရန် အပြိုင် စည်းရုံး ခဲ့ကြသည်။ ဗိုလ်စံသိန်း ကျဆုံးပြီး ရလလဖသည် ကွန်မြူနစ် ၀ါဒကို အထင်ကြီးပြီး သြဇာခံအဖြစ် ခံယူလို့ နေကြပြီ ဖြစ်သည်။ ကွန်မြူနစ်ဝါဒသည် ပအိုဝ်းအမျိုးသား ဗုဒ္ဓ ဘာသာဝင် များအတွက် ဓမ္မန္တရာယ် ဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် ရဟန်းတော် ဦးကူသလ တာဝန်ကို စတင်ယူခဲ့သည်။ ၁၉၇၂ ခုနှစ် ခန့်တွင် ထိန်းသိမ်း ခံနေရသော ပအိုဝ်းအမတ် ဦးလှဖေနှင့် ဦးကျော်စိန်တို့ ပြန်လည် လွတ်မြောက်လာပြီး ပအိုဝ်း မျိုးချစ်များနှင့် ဆက်သွယ် လှုပ်ရှားလာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီသည် တစ်ခုတည်းသော အလုပ်သမား ပါတီဖြစ်ကြောင်း ရလလဖ ခေါင်းဆောင်အချို့မှ အသိအမှတ်ပြု လက်မှတ် ရေးထိုး ခဲ့ကြသည်။
ထိုအချိန်မှ စပြီး မော်စီတုံး အတွေးအခေါ် သြ၀ါဒ စာအုပ်များ၊ မော်စီတုံး ဓါတ်ပုံ ရင်ထိုးများ ကိုယ်စီ တပ်ဆင်ပြီး ရလလဖ အတွင်း ဗကပ စနစ် အနီရောင် လွှမ်းမိုး လာပါတော့သည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ရလလဖ ဥက္ကဌ ဦးမော်ဟဲနှင့် အတွင်းရေးမှူး ငဲဖါအောင်သာ၊ ဆရာခင်တို့ကို ဦးတာကလယ်မှ လည်းကောင်း၊ အတွင်းရေးမှူးတာဝန်ကို ဦးစိန်ရွှေမှလည်းကောင်း အစားထိုး ရွေးချယ်ခဲ့ကြသည်။ ၁၉၇၂ ခုနှစ်အတွင်း ရှမ်းပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ထွန်းရင်လောမှ ရလလဖသို့ မူ (၆) ချက်ပါ စာတစ်စောင် ပေးပို့လာ ခဲ့သည်။ ထိုစာရရှိပြီး သောအခါ ရလလဖ လက်ဝဲယိမ်း ခေါင်းဆောင်များက ဦးလှဖေ၊ ဦးကျော်စိန် နှင့် ဦးအောင်ခမ်းထီ တို့အပေါ် ယုံမှား သံသယ ၀င်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှ ဇွန်လ (၁၃) ရက်နေ့အထိ စတုတ္ထအကြိမ် ရလလဖ ဗဟိုကော်မတီ အစည်းအဝေးကို ဟိုနမ်းဒေသ၊ လွယ်ခွင်ကျေးရွာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အရံ ဗဟိုကော်မတီဝင် လေးဦး ထပ်မံ ဖြည့်စွက် ရွေးချယ်ခဲ့သည်။
လက်ဝဲယိမ်း ခေါင်းဆောင်များ၏ အလိုကျ စစ်ဒေသများ ဖွဲ့စည်းခဲ့သည်။ ကောင်တန် အထူးဒေသ၊ လွယ်မောကြီးမြို့နယ်နှင့် ဟိုနမ်း မြို့နယ် ကို (၄၀၄) စစ်ဒေသ ဟူ၍လည်းကောင်း၊ ကန်တော်ကြီးမြို့နယ်၊ အင်းအထူးဒေသ နှင့် ပင်မွန်းမြို့နယ်ကို (၅၀၅) စစ်ဒေသ ဟူ၍ လည်းကောင်း၊ ကောင်ခဲ မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဆင်တောင်မြို့နယ်ကို (၉၀၉) စစ်ဒေသ ဟူ၍လည်းကောင်း အမည်ပေး ခဲ့ကြသည်။ ထိုစဉ်ကာလတွင် သထုံ ပီအင်န်အယ်လ်အေ အဖွဲ့မှ ဦးခွန်စံ ရလလဖသို့ ရှိလပြီး အကူအညီ တောင်းခံခဲ့သည်။ ဗဟိုကော်မတီ အစည်းဝေးအပြီး သွပ်မိုး ပျဉ်ခင်း ပျဉ်ကာအိမ်ဖြင့် နေနိုင်သော ပအိုဝ်းအမျိုးသားများကို မြေရှင်၊ မြေယာအရင်းရှင် ဖြစ်၍ ရန်သူအဖြစ် သတ်မှတ်လာသည်။ ၁၉၇၃ ခုနှစ်အတွင်း ရလလဖ လက်ဝဲယိမ်း ခေါင်းဆောင်များမှာ ဦးလှဖေ၊ ဦးကျော်စိန်၊ ဦးကီးဒေါင် တို့ကို ဖာစန့်ရွာ အရှေ့မြောက်တွင် အကျယ်ချုပ်ဖြင့် ထိန်းထားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆွေးနွေး ကြသည်။ ထိုအခြေအနေဆိုးကို ရိပ်စားမိသော ရလလဖ နိုင်ငံရေးမှူး ဦးအောင်ခမ်းထီက အကျယ်ချုပ်ခံ ပအိုဝ်းအမျိုးသား ခေါင်းဆောင်များအား ကယ်တင်ပြီး ပွန်ချောင်း အနောက်ဘက်သို့ ကူးလာခဲ့ကြသည်။ ရလလဖအတွင်း မှာကား ဖြုတ်၊ ထုတ်၊ သတ် လုပ်ငန်းကြီး စတင်လာပါတော့သည်။
၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် ရလလဖ သဘာပတိ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ မျိုးချစ် ရဟန်းသံဃာ တော်များနှင့် ပအိုဝ်းပြည်သူလူထု တစ်ရပ်လုံးမှ ဗကပ ဆန့်ကျင်ရေးနှင့် အမျိုးသားဟန် ပီပြင်သော အဖွဲ့အစည်း တစ်ရပ် ထူထောင်ရန် တောင်းဆို လာကြသည်။ ရလလဖ သဘာပတိအဖွဲ့နှင့်  ယာယီ အုပ်ချုပ်ရေး အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နှင့် (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရလလဖ သဘာပတိ အစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင် ရွေးချယ် တင်မြောက်ခဲ့ကြသည်။ နာယက ဆရာတော် အဖြစ် ဆရာတော် ဦးနေမိ၊ ဥက္ကဌ အဖြစ် ဦးလှဖေ၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ခမ်းထီ၊ တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးကျော်စိန်နှင့် ဗဟိုကော်မတီများ အဖြစ် ဦးကီးဒေါင်၊ ဦးအောင်ခမ်း၊ ဦးကျောင်းရွှေလန်း၊ ဦးကျော်မြိုင်၊ ဦးမောင်မောင်၊ ဦးသူရနှင့် ဦးစင်ဖါချိန် တို့ဖြစ်သည်။ ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဦးလှဖေသည် ကန်တော်ကြီးမြို့နယ်၊ ပင်တွန်ရွာတွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။
၁၉၇၅ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဆီဆိုင်မြို့နယ်၊ နောင်လတ်ကျေးရွာ တတိယအကြိမ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ပြန်လည် ရွေးချယ်တင်မြောက်ခဲ့သည်။ ဗဟိုနာယက ဆရာတော်အဖြစ် ဆရာတော် ဦးနေမိ၊ ဥက္ကဌ အဖြစ် ဦးကျော်စိန်၊ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ဦးအောင်ခမ်းထီ၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးခင်ကျော်ညို၊ ဗဟို ကော်မတီဝင် များအဖြစ် ဦးကီးဒေါင်၊ ဦးအောင်ခမ်း၊ ဦးမောင်မောင်၊ ဦးစင်ဖါချိန်၊ ဦးကျော်မြိုင်နှင့် ဦးထွန်းရီတို့ ရွေးချယ် တာဝန်ပေးအပ် ခဲ့ကြသည်။ 
    ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် အမျိုးသားဟန် ပီပြင်သော ပအိုဝ်းအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော် ဦးနေမိ၊ ဦးကျော်စိန်၊ ဦးအောင်ခမ်းထီ၊ ဦးအောင်ခမ်း၊ ဦးခွန်ရဲနောင်နှင့် ဦးခွန်စံ တို့ ပါဝင်ခဲ့ကြသည်။ ရလလဖ သဘာပတိအဖွဲ့ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် ညီလာခံကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ တတိယပါတ်တွင် အောင်မြင်စွာ ကျင်းပနိုင် ခဲ့သည်။ တဖန် ၁၉၇၆ ခုနှစ်၊ ဇန်န၀ါရီလ၊ ဆီဆိုင်မြို့နယ်၊ လုံးဒါ ဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (အီအင်န်အို) ညီလာခံတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆန္ဒပေး ကြသဖြင့် အမျိုးသားဟန် ပီပြင်သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။
    လုံးဒါ ညီလာခံတွင် နာယက ဆရာတော်အဖြစ် ဆရာတော် ဦးနေမိ၊ ဥက္ကဌ အဖြစ် ဦးကျော်စိန်၊ ဒု-ဥက္ကဌ ဦးအောင်ခမ်း၊ ဦးခွန်ရဲနောင်၊ ဦးအောင်ခမ်းထီ (အထွေထွေ အတွင်းရေးမှူးချုပ်)၊ ဦးခင်ကျော်ညို (တွဲဖက် အတွင်းရေးမှူး)၊ ဦးခွန်စံ (တွဲဘက် အထွေထွေအတွင်းရေးမှူး) နှင့် ဗဟို ကော်မတီဝင်များ အဖြစ် ဦးကီးဒေါင်၊ ဦးခွန်ဝိဇ္ဇာ၊ ဦးဆန်နွံ၊ ဦးထွန်းရီ၊ ဦးမောင်မောင်၊ ဦးသူရ၊ ဦးစင်ဖါချိန်၊ ဦးဖိုးတိုနှင့် ဦးကျော်မြိုင်တို့ ရွေးချယ် တာဝန် ပေးအပ်ခဲ့ကြသည်။ အဆိုပါ ညီလာခံ၌ ယခင် စိန်ဌာနကို ဖြားဗွာတိုင်း ဟူ၍ လည်းကောင်း၊ ယခင် မီးဌာနကို စန္တာတိုင်း ဟူ၍ လည်းကောင်း၊ အောက်ပြည် အောက်ရွာ ဒေသ အားလုံးကို သူဝဏ္ဏတိုင်း ဟူ၍ လည်းကောင်း ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၏ အလံကို ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) ၏ အလံကို ဆက်လက် အသုံးပြုရေး၊ ပအိုဝ်းအမျိုးသားနေ့အဖြစ် တပေါင်းလပြည့်နေ့ကို သတ်မှတ်ရေး၊ ပဒေသရာဇ် စနစ် တော်လှန်ရေးနေ့ ကို ဒီဇင်ဘာ (၁၁) ရက်နေ့ သတ်မှတ်ရေးနှင့် အာဇာနည်နေ့ကို အမျိုးသား ခေါင်းဆောင်ကြီး ဦးလှဖေ ကွယ်လွန်သည့် တော်သလင်းလဆုတ် (၅) ရက်ကို သတ်မှတ်ရေး စသည့် ဆုံးဖြတ်ချက်များပါ ချမှတ်ခဲ့သည်။
    လုံးဒါ ညီလာခံ၏ အဓိဋ္ဌာန်များမှာ ကျွန်ုပ်တို့သည် ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ပအိုဝ်း အမျိုးသားများ အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် အမျိုးသား ခေါင်းဆောင်ကြီး ဦးလှဖေ ချမှတ်ပေးခဲ့သော လမ်းစဉ်အတိုင်း တည့်မတ်စွာ လျှောက်လှမ်း သွားပါမည်။ ကျွနိုပ်တို့သည် ပအိုဝ်းအမျိုးသားများ အပေါ် သစ္စာရှိ ပါမည်။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ထိန်းသိမ်းပြီး အများအကျိုးကို ဆောင်ရွက်ပါမည်။ ပအိုဝ်း အမျိုးသားများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေးနှင့် အဆင့်အတန်း မြင့်မား တိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပါမည်။ အဓိဋ္ဌာန် ပြုပါသည်ဟု ကိုယ်စားလှယ် အားလုံးမှ ရွတ်ဆိုကြသည်။ ၁၉၇၇ ခုနှစ်တွင် ပီအင်န်အယ်လ်အေ ဦးခွန်ရဲနောင်နှင့် ဦးခွန်ဘိုးတို့ ဦးဆောင်သော အင်အား (၆၀) တို့သည် ဆီဆိုင် အမှတ် (၉၄) ခြေလျင်တပ်ရင်းသို့ လက်နက်ချ ၀င်ရောက်ခဲ့ကြသည်။ အဆိုပါ အလင်းဝင်သည့် ကိစ္စကြောင့် ဥက္ကဌ ဦးကျော်စိန်နှင့် တွဲဘက် အတွင်းရေးမှူး ဦးခွန်စံတို့ နှုတ်ထွက်လိုက်၍ ၁၉၈၀ ပြည့်နှစ်တွင် အလင်းဝင်ရောက် လိုက်ကြသည်။
    ၁၉၇၃ ခုနှစ်၊ ကျောင်းထို ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးအောင်ခမ်းထီ အား လည်းကောင်း၊ ဒုဥက္ကဋ္ဌ များအဖြစ် ဦးစင်းဖါချိန်နှင့် ဦးအောင်ခမ်း တို့အား လည်းကောင်း၊ ဦးခင်ကျော်ညိုအား အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် လည်းကောင်း၊ ဦးခွန်ဝိဇ္ဇာ အား တွဲဘက် အတွင်းရေးမှူး (၁) အဖြစ် လည်းကောင်း၊ ဦးစိုင်းထွန်းဟန် အား တွဲဘက် အတွင်းရေးမှူး (၂) အဖြစ် လည်းကောင်း အစားထိုး ရွေးချယ် ခဲ့ကြသည်။ ပအိုဝ်း အမျိုးသားနေ့ ပွဲတော်ကို ပအိုဝ်းအမျိုးသားအဖွဲ့မှ ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်၊ မတ်လ (၂၃) ရက်၊ တပေါင်းလပြည့်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ယာဆိုင်း ကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ကြသည်။ ထိုအမျိုးသားနေ့ ပွဲတော် ၏  ဦးတည်ချက်များမှာ မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး၊ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းရေး၊ အမျိုးသား ယဉ်ကျေးမှု မြှင်တင်ရေး၊ ပအိုဝ်း အမျိုးသားများ၏ အနာဂတ် ဘ၀ သာယာ ဖြောင့်ဖြူးရေးနှင့် တောင်ကြီးစာမူကို ပအိုဝ်း တစ်မျိုးသားလုံး၏ စာမူအဖြစ် သတ်မှတ်ရေး တို့ဖြစ်သည်။
    ၁၉၈၀ ပြည့်နှစ်တွင် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် အနေဖြင့် မဒတ သို့ ၀င်ရောက်ခဲ့သည်။ မဒတ သို့ ၀င်ရောက်ရသည့် ရည်ရွယ်ချက် များမှာ တပ်ပေါင်းစု ဖွဲ့စည်းရေးကို အကောင်အထည် ဖေါ်သည့် အနေဖြင့် မဒတသို့ ၀င်ရောက်ရန်၊ ပအိုဝ်းနယ်မြေ လုံခြုံမှု ရှိစေရန်၊ မဟာမိတ် အဖွဲ့အစည်း များနှင့် ချစ်ကြည် ရင်းနှီးမှု ရှိရန်၊ နိုင်ငံတကာ ရေးရာများတွင် အတွေ့အကြုံ ရရှိစေရန်နှင့် မဟာမိတ် အဖွဲ့အစည်း များ၏ အခြေအနေကို အကဲခတ် နိုင်ရန် စသည်တို့ ဖြစ်သည်။ ၁၉၈၈ အရေးအခင်းကြောင့် တပ်မတော်မှ အဏာ သိမ်းယူလိုက်ရသည်။ ဖွံ့ဖြိုးမှု နောက်ကျနေသော နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကောမတီများကို (၂၅-၅-၈၉) ရက်စွဲပါ အမိန့် ကြောငြာ စာအမှတ် ၂၃/၈၉ အရ ဖွဲ့စည်းပေးခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသော လုပ်ငန်းများမှာ စိုက်ပျိုးရေး လုပ်ငန်း၊ သစ်တော လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သတ္ထု ရှာဖွေ တူးဖော်ရေး လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ ဖြစ်သည်။
    ၁၉၈၉ - ၉၀ ပြည့်နှစ် အတွင်းတွင် ကိုးကန့်၊ ၀၊ ရှမ်း၊ ကချင် စသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တပ်မတော်နှင့် လက်တွဲ ခဲ့ကြသည်။ နိုင်ငံတော်၏ တာဝန်ပေးအပ်ချက် အရ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ နာယကကြီး ဦးကျော်သိန်း၊ ဥက္ကဋ္ဌကြီး ဦးမောင်ငွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျ နှင့် တွဲဖက် အတွင်းရေးမှူး (၁) ဦးခွန်မောင်တုတ် တို့က ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီထံ ပထမအကြိမ် စတင်တွေ့ဆုံ ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့တွင် ပအမဖ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တို့ ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးကြပြန်ရာ ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းများ ပေါ်ထွက်လာသည်။ ၁၉၉၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ကျယ်ပြန့်ရန် အသေးစိတ် ဆွေးနွေးပွဲ တစ်ရပ်ကို တောတွင်းစခန်း တစ်ခုဖြစ်သော ထီသာယာ စခန်းတွင် တတိယအကြိမ် ဆွေးနွေး ခဲ့ကြရာ နိုင်ငံတော်၏ ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းလာမှုကို ပအိုဝ်းအမျိုးသားအဖွဲ့မှ ကြိုဆိုပါကြောင်း တရားဝင် တွေ့ဆုံဆွေးနွေးမှု လက်ခံသဘောတူကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးမှု အောင်မြင်စေရန် ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) မှ တာဝန်ယူပေးရန် ဟူသော သဘောတူညီချက်များ ရရှိခဲ့သည်။
    ပအမဖ ငြိမ်းချမ်းရေး အကျိုးဆောင်များ အဆင့်ဆင့် တင်ပြချက်အရ ၁၉၉၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် နိုင်ငံတော်မှ ဒုဗိုလ်မှူးကြီး ကျော်သိန်း၊ ဗိုလ်မှူး စန်းမောင်၊ ဗိုလ်မှူးရွှေမိုးနှင့် ဗိုလ်ကြီးသန့်စင် တို့အား တာဝန်ပေး သကဲ့သို့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးခွန်ထွန်းရီ၊ ဦးခွန်ဝိဇ္ဇာ၊ ဦးခွန်စံလွင်၊ ဦးဟိုက်ဇော်ဝမ်း တို့ တွေ့ဆုံ ဆွေးနွေးရန် အသီးသီး တာဝန် ပေးအပ် ခဲ့ကြသည်။ ပအမဖ မှ ဦးကျော်သိန်း၊ ဦးမောင်ငွေ၊ ဦးခွန်မောင်တုတ်နှင့် ဦးခွန်သိန်းဖေ တို့မှ တက်ရောက် ခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် မှ တင်ပြမည့် ပအိုဝ်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရအနေဖြင့် မဖြစ်မနေ ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး ကို ၁၉၉၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်မှ စပြီး အတည်ဖြစ်ပြီးကြောင်း၊ နိုင်ငံတော် အကြီးအကဲ များနှင့်သာ တွေ့ဆုံ ဆွေးနွေးရန်သာ လိုတော့ကြောင်း စသည်ဖြင့် သဘောတူညီချက်များ အသီးသီး ရရှိခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၊ မတ်လ (၂၁) ရက်မှ (၂၃) ရက်နေ့ အထိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၏ ဒုတိယ အကြိမ် ညီလာခံကို တောင်ကြီးမြို့နယ်၊ အောင်ဆုကွီ စခန်း၌ ကျင်းပရာ ဗဟို ဦးစီးအဖွဲ့များ၊ ဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် အောက်ခြေ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ညီလာခံ သဘာပတိ ဦးအောင်ခမ်းထီမှ လက်နက်ကိုင် သက်တမ်း ကြာရှည် လာသည်နှင့် အမျှ ပြည်သူလူထုလည်း ငြီးငွေ့လာကြသည်ကို သုံးသပ်ရကြောင်း၊ မိမိတို့ အဖွဲ့ထံ နိုင်ငံတော်၏ တာဝန် ပေးအပ်ချက် အရ ပအမဖ မှ အကြိမ်ကြိမ် လာရောက် ဆွေးနွေးခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်နှင့် မိမိတို့ ကိုယ်စားလှယ် တောင်ကြီးမြို့၌ လျှို့ဝှက် ဆွေးနွေး သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ကြောင်း၊ အခြား အဖွဲ့အစည်းများ လက်နက်စွန့်ရန် မလိုသကဲ့သို့ မိမိတို့လည်း စွန့်ရန် မလိုသေးကြောင်း အကျယ်တ၀င့် ရှင်းလင်း တင်ပြရာ ကိုယ်စားလှယ် အသီးသီးတို့မှ အပြန်အလှန် အကြံပြု ဆွေးနွေးကြပြီး အပစ်အခတ် ရပ်စဲရေး အတွက် တစ်မျိုးသားလုံး ဆန္ဒ ရယူနိုင်ရန် အမျိုးသား ညီလာခံ တရပ် ကျင်းပနိုင်ရန်၊ ယခင် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်မှ ၀င်ရောက်ခဲ့သည့် မဒတမှ နုတ်ထွက်ရန် သဘောတူ ဆုံးဖြတ် ကြသည်။ အဆိုပါ ညီးလာခံမှ ဗဟို အလုပ်အမှုဆောင် များကို ရွေးချယ် တင်မြောက်ရာ နာယကအဖြစ် ဦးကျော်မြိုင်၊ ဦးစင်းဖါချိန်နှင့် ဦးတိဟန် တို့ကို လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးအောင်ခမ်းထီ အား လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးထွန်းရီနှင့် ဦးခင်ကျော်ညို တို့အား လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ဦးခွန်ဝိဇ္ဇာ အား လည်းကောင်း၊ ဗဟို ကော်မတီဝင် များအဖြစ် ဦးစံထွန်း၊ ဦးခွန်မြင့်အောင်၊ ဦးခွန်စံလွင်၊ ဖြားစန္တာ၊ ဆရာခွန်ချွန်း၊ ဆရာအောင်သာ၊ ဦးသူရ၊ ဦးဆရာယွန်း၊ ဦးဟိုက်ဇော်ဝမ်း၊ ဦးခွန်ချစ်လယ်၊ ဦးခွန်ဆန်းအောင်၊ ဦးလှမြင့်၊ ဦးဆရာခေါင်၊ ဗိုလ်ကျော်ကျော် နှင့် ဦးခွန်ကျော်ခမ်း တို့အား အသီးသီး ရွေးချယ် တာဝန် ပေးအပ် ခဲ့ကြသည်။
    ၁၉၉၁ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် အမျိုးသား ညီလာခံ တစ်ရပ်ကို တောင်ကြီးမြို့နယ်၊ ထီရီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပရာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုယ်စားလှယ်များ၊ ကျေးရွာ အသီးသီးမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြပါသည်။ သဘာပတိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီက နိုင်ငံတော်မှ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ထံ ကမ်းလှမ်းလာမှု၊ ဥပဒေ ဘောင်အတွင်း ၀င်ရောက်ပြီးသော အဖွဲ့အစည်းများ၏ ဒေသအတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ထားမှု၊ အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးမှု အကြောင်းအရာ များကို အကျယ်တ၀င့် ဆွေးနွေးပါသည်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဥပဒေ ဘောင်အတွင်း ၀င်ရောက်သင့်ကြောင်း အဆိုကို ပချားကလို ကျေးရွာ ဆရာဘော်က တင်သွင်းပြီး လုံးဖြော့ ကျေးရွာမှ ဗွာဖါခေတ်က ထောက်ခံ၍ လူထုဆန္ဒ ယူရာတွင် ညီလာခံ ကိုယ်စားလှယ် အားလုံးမှ ကန့်ကွက်သူမရှိ တခဲနက် ထောက်ခံ ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် နိုင်ငံတော် အစိုးရ အတွင်းရေးမှူး (၁) ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်အေး (ယခု ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း))၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ်သန်းညွန့်၊ စစ်ဦးစီး အရာရှိချုပ် (လေ)၊ ၀န်ကြီးများ၊ ရှမ်းပြည်နယ် မှ အရာရှိကြီးများ တက်ရောက်ကြသည်။ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ၊ ဒုတိထဥက္ကဋ္ဌ ဦးခင်ကျော်ညို၊ အတွင်းရေးမှူး ဦးခွန်ဝိဇ္ဇာ၊ အဖွဲ့ဝင် ဦးခွန်စံလွင်၊ ဦးဟိုက်ဇော်ဝမ်း နှင့် ဦးခွန်ကျော်ခမ်းတို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (ပအမဖ) မှ ဦးကျော်သိန်း၊ ဦးမောင်ငွေ၊ ဦးကျော်ဇေယျ၊ ဦးစံအောင် နှင့် ဦးခွန်မောင်တုတ် တို့မှ တက်ရောက် ကြပါသည်။ အတွင်းရေးမှူး (၁) မှ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် အနေနဲ့ မိမိတို့ ဒေသ ဖွံ့ဖြိုးရေး အတွက် ဥပဒေ ဘောင်အတွင်း ၀င်လာသည်ကို နိုင်ငံတော်နှင့် တပ်မတော် ကိုယ်စား လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြောင်း အကျယ်တ၀င့် ရှင်းလင်း မိန့်ကြားပြီး ပအိုဝ်း အမျိုးသား အဖွဲ့ချုပ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ မှ မိမိတို့ ဥပဒေ ဘောင်အတွင်း ၀င်ရောက်ရန် အချင်းချင်း အကြိမ်ကြိမ် ဆွေးနွေးရ သကဲ့သို့၊ တပ်မတော်အစိုးရ၏ စေတနာနှင့် မေတ္တာကို အကြွင်းမဲ့ ယုံကြည်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက် များသည် နိုင်ငံ၏ ပကတိ လိုအပ်ချက်နှင့် တိုင်းရင်းသား လူမျိုးများ အားလုံး၏ တောင့်တချက် များနှင့် ကိုက်ညီနေပါကြောင်း တင်ပြသွားပါသည်။
    ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်ဝိဇ္ဇာမှ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် တင်ပြရာ အတွင်းရေးမှူး (၁) မှ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များသည် များပြားသော်လည်း နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် ဦးစားပေးအလိုက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားနိုင်ရန် ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး အမျိုးသား ကော်မတီတစ်ရပ်ကို ၁၉၉၁ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ၊ ဒုဥက္ကဋ္ဌ ဦးခွန်မောင်ငွေ၊ အတွင်းရေးမှူး ဦးခွန်ဝိဇ္ဇာ၊ တွဲဘက် အတွင်းရေးမှူး ဦးခွန်မောင်တုတ်နှင့် ကော်မတီဝင်များ အဖြစ် ဦးထွန်းရီ၊ ဦးခင်ကျော်ညို၊ ဦးသူရ၊ ဦးကျော်သိန်း၊ ဦးကျော်ဇေယျ၊ ဦးခွန်သိန်းဖေနှင့် ဦးမော်ဝါယမ တို့ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ ကော်မတီများ ဖွဲ့စည်း၍ လက်တွေ့ ကျကျ အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
    စစ်ဖြစ်ပြီ ဆိုလျှင် အများဆုံး ဒုက္ခရောက်ကြရသူ များသည် တိုင်းသူပြည်သားများသာ ဖြစ်သည်။ စစ်သည် ကြမ်းတမ်းကြသည်။ ရက်စက် ကြသည်။ ဆင်းရဲဒုက္ခ မျိုးစုံကို တွေ့ကြုံရစေသည်။ မင်းမဲ့ စိုးမဲ့ ဥပဒေမဲ့ ဖြစ်လာနိုင်သည်။ စစ်ပြီးဆုံးသောအခါ အဆိုးများသာ ကျန်ရစ် တတ်ကြသည်။ လူသား တစ်ဦးချင်း ဖြစ်စေ၊ လူ့အဖွဲ့အစည်းလိုက် ဖြစ်စေ၊ ငြိမ်းချမ်းမှုကို လိုလား တပ်မက်ကြသည်။ ရုပ်ပိုင်း ငြိမ်းချမ်းရုံ သာမက စိတ်ပိုင်းပါ ငြိမ်းချမ်း လိုကြသည်။ ငြိမ်းချမ်းရေး၏ အရသာ ငြိမ်းချမ်းရေး၏ အသက်ဝင်မှုသည် မိုးကောင်းကင်မှ ပြုတ်ကျလာသည် မဟုတ်၊ လိုအပ် သင့်တော်သော အကြောင်းတရား များအတွက် အသက်ရှည်ရာ အနာမဲ့ကြောင်း ဖြစ်စေသည်မှာလည်း ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ကမ္ဘာ့လူသားတိုင်း ငြိမ်းချမ်းရေးပန်း များ ပွင့်လန်းဝေဆာ သည်ကို မြင်တွေ့လိုကြသည်။ ပအိုဝ်း အမျိုးသားဒေသ ပအိုဝ်း အမျိုးသားထု သည်လည်း ငြိမ်းချမ်းရေး ရလိုကြမည်မှာ မုချပင် ဖြစ်သည်။ ငြိမ်းချမ်းပြီ ဖြစ်၍ မိမိ မိသားစု၊ မိမိကျေးရွာ၊ မိမိလူမျိုး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ အလျင် အမြန် ဖွံ့ဖြိုး တိုးတက် လာစေရန် နိုင်ငံတော်နှင့် လက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်ကြရန် အထူး တိုက်တွန်းလိုက်ရ ပါသည်။




ပအိုဝ်းအဖွဲ့ အစည်းများ တောင်ကြီးမြို့ တွင် အဋ္ဌမအကြိမ် စုပေါင်း ၀ါဆိုသင်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲ ကျင်းပ

၂၀၁၃-ခု၊ ဇူလိုင်လ(၂၈)ရက်၊ ခွန်မေးလို့ (တောင်ကြီး)

 အနန္တော အနန္တငါးပါး နှင့် အနောဓိဿ မေတ္တာတရားကို ဦးထိပ်ထားပြီး ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ - ဗဟိုက ကြီးမှူး၍ တောင်ကြီးမြို့ ရှိ ပအိုဝ်းအမျိုးသား ဂေဟာ တွင် အဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်င်္ကန်း နှင့် ဘုရားအနေကဇာ တင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် (၆)နာရီတွင် ပူဇော်ကျင်းပ ခဲ့ကြောင်း သိရပါသည်။
တောင်ကြီးမြို့  ပအိုဝ်းအမျိုးသမီးအဖွဲ့  အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းဝင်းကြည် မှ ပြောဆိုရာတွင် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းသည် မြတ်စွာဘုရား၏ သားတော် များဖြစ်သည့် ရဟန်း သံဃာတော်များကို အလွန်မွန်မြတ်သည့် ဗုဒ္ဓဘာသာ သူတော် စင်အပေါင်းတို့  ၏ ဘာသာရေး ထုံးတမ်းဓလေ့ ဖြစ်ကြောင်း၊ ၀ါတွင်းကာလတွင်  ရဟန်းသံဃာတော် များ သီလစောင့် သာသနာပြုရာတွင် သင်္ကန်းတော်လုံလောက်မှု ရှိစေရန် ဤကဲ့သို့  နှစ်စဉ် ၀ါဆိုလတွင် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော် ရခြင်း ဖြစ်ကြောင်း သိရပါသည်။
ဤအဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲသို့  ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ပအိုဝ်းအမျိုးသားနှင့် အမျိုးသမီးအဖွဲ့ အစည်းများ၊ ပအိုဝ်းလူမှုအဖွဲ့  အစည်းများ၊ ပအိုဝ်းဂီတအနုပညာ ရှင်များအပါအ၀င်၊ ပအိုဝ်းရပ်မိရပ်ဖများ၊ အနည်း ဆုံး(၂၀၀)ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဤအဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ဗုဒ္ဓသာသနံ စိရံသိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။



တောင်ကြီးမြို့ တွင် အနာဂါတ် ရှမ်းပြည်တိုင်းရင်းသား လူမ်ျိုးစုများဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

၂၀၁၃-ခု၊ ဇူလိုင်လ(၂၄)ရက်၊ ခွန်မေးလို့ (တောင်ကြီး)


Burma Centrum Nederland မှ    ကြီးမှူး၍ အနာဂါတ်ရှမ်းပြည် တိုင်းရင်းသား လူမ်ျိုးစုများဖွံ့ ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရုံးတွင် ဒီနေ့ နံနက်(၉)နာရီအချိန်တွင် စတင်ကျင်းပခဲ့ကြောင်းသိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Burma Centrum Nederland အစီအစဉ်မှ ညွှန်ကြားရေးမှူး မစ္စစ် စကစ်ကီယား ကန့် စ်ထ် (Ms. Saskia Kunst) မှ ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်၏ အင်္ဂါရပ် အဖြစ်အပျက်များ အကြောင်းနှင့် နိုင်ငံ အကူးအပြောင်းကာလတွင် ဒေသခံမှ စွမ်းရည်မြင့်တင်ရန် အတွက် ပြင်ဆင်မှုများ လိုအပ်ကြောင်း၊ တက်ရောက် လာသည့် တိုင်းရင်းသား ကိုယ်စားလှယ် များ ကျေးရွာမှ ရပ်မိရပ်ဖများ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် စေလိုကြောင်း၊ အားပေးစကား ပြောကြားသွား ပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး(၂) ဦးခွန်လာမှ မိမိသွားရောက်လေ့လာ တွေ့ မြင်ခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံမှ အတွေ့ အကြုံနှင့် ခမာနီကွန်မြူနစ် အစိုးရလက်ထက်က ကမ္ဘောဒီးယား နိုင်ငံသားများ မည်ကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံရခဲ့ ပုံများကို ဓါတ်ပုံဆလိုက် နှင့်တကွ တက်ရောက်ဆွေးနွေး တင်ပြခဲ့ ကြောင်းသိရပါသည်။


အနာဂါတ် ရှမ်းပြည်တိုင်းရင်းသား လူမ်ျိုးစုများ ဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီမှ ကိုယ်စာလှယ်များ၊ ရှမ်းပြည်နယ် အမျိုးသမီးဖွံ့ ဖြိုးရေးအဖွဲ့မှ  ကိုယ်စာလှယ်များ၊ ကျေးရွာမှ တိုင်းရင်းသား ကိုယ်စာလှယ်များ၊ ရပ်မိရပ်ဖများ အနည်းဆုံး(၈၀)ကျော် တက်ရောက်ခဲ့ ကြောင်းသိရပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ကျေးရွာဒေသဆိုင်ရာ လုပ်ငန်းစဉ်စီမံချက်များ ကို လက်တွေ့ရေးဆွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


   





Monday, July 29, 2013

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နောင်ကုလားကျေးရွာရှိ ပါတီ ဗဟိုဌာနရုံးခွဲတွင် အောက်ပြည် အောက်ရွာရှိ ပါတီခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ

၂၀၁၃ ခုနှစ်၊ ဇူလိုင် (၂၇) ရက်


    ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဦးခွန်သိန်းဖေ၊ ဦးခွန်မောင်သောင်း တို့သည် သထုံမြို့နယ်၊ နောင်ကုလား ကျေးရွာရှိ ပါတီ ဗဟိုဌာနခွဲ ရုံးတွင် မွန်ပြည်နယ်ရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင် မြို့နယ် တို့မှ ပါတီ ခေါင်းဆောင်များ၊ ကရင်ပြည်နယ် အတွင်းရှိ ဘားအံ့၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ မြို့နယ် များမှ ပါတီခေါင်းဆောင် များနှင့် ၂၇-၇-၂၀၁၃ ရက် နေ့တွင် ပါတီ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျောင်း (စင်္ကာပူ) ဆရာတော်မှ တက်ရောက် သြ၀ါဒ ချီးမြှင့် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Friday, July 26, 2013

အမျိုးသားလွှတ်တော် မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဗီယက်နမ် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်


    အမျိုးသား လွှတ်တော်၊ မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်း သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဗီယက်နမ် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ Mr.Nguyen Manh Tien ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇူလိုင် ၂၄ ရက် ၁၁း၀၀ နာရီ အချိန်တွင် နေပြည်တော် ဟေမာဝင်း ဟိုတယ် အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
    အဆိုပါ တွေ့ဆုံပွဲ၌ နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးမှု မှသည် နှစ်နိုင်ငံ အကြား ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စများ ညှိနှိုင်း ဆွေးနွေး ကြပါသည်။
    ယင်းတွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော်၊ မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်း နှင့် အတူ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဆိုင်ပေါင်နပ်၊ ဦးဘရန်ရှောင်၊ ဦးစောတော်ပလဲ၊ ဦးဟာရှိန်းဘွေ၊ ဦးဆန်းရယ် တို့ တက်ရောက် ကြပြီး ဧည့်သည်တော် ဗီယက်နမ် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ Mr.Nguyen Manh Tien ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Thursday, July 25, 2013

ကျောက်တလုံးကြီးမြို့တွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

         ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖေါ်ရေးလုပ်ငန်း ကော်မတီ (နတလ) ၏ ကတ္တရာ အလုံးရေ (၁၀၀) ကူညီပံ့ပိုးမှု၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်သိန်းပေါင်း (၂၅၆.၃၆) ဖြင့် ကျောက်တလုံးကြီး မြို့တွင်းလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ဆောင်ရွက် ပြီးစီးကြောင်း သတင်းရရှိပါသည်။ 
         အဆိုပါ ကတ္တရာလမ်းမှာ လမ်းအကျယ် ၁၂ ပေရှိသော အပိုင်း ၃၉၆၃ ပေ၊ လမ်းအကျယ် ၁၈ ပေရှိသော အပိုင်း (၇၇၆) ပေနှင့် လမ်းအကျယ် ၂၄ ပေရှိသော အပိုင်း ၅၇၀ ပေ၊ စုစုပေါင်း ၅၅၀၉ ပေ ဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

         ၂၄.၇.၂၀၁၃ ရက်နေ့တွင် တရားခံ ဝေလင်း(ခ) ဘေသားအား စစ်မေးချက် အရ ၄င်းထံမှ သိမ်းဆည်း ရမိသော စိတ်ကြွ ရူးသွပ် ဆေးပြား (၁၉)  ပြားကို တောင်ကြီးမြို့နယ်၊ ရေသပြေ  (ထနော့)  ကျေးရွာနေ ဒေါ်နန်းစိန် ထံမှ ၀ယ်ယူ ရရှိကြောင်း သိရှိရသဖြင့်  ယင်းနေ့ နံနက် ၆း၃၀ နာရီ အချိန်ခန့်တွင် တောင်ကြီးမူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် တင်စိုး၊ ရဲအုပ်လှထွဋ်၊ ရဲအုပ် သန်းဝင်းနှင့် တပ်သား မြင့်သန်းဦးတို့ ပါဝင်သော တပ်ဖွဲ့ဝင်များသည် တောင်ကြီးနယ်မြေ  ရဲစခန်း ပလီလင်း  ရဲကင်းမှူး  ဒုရဲအုပ် မောင်မောင်ကြီး ဦးစီး တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍  သက်သေများ ဖြစ်သည့် တောင်ကြီးမြို့နယ်၊ ရေသပြေ ကျေးရွာ၊  PNA ဌာနေ ပြည်သူ့စစ်မှ ဦးခွန်ဗဲ၊ ဦးအောင်ထွေး တို့နှင့်အတူ တောင်ကြီးမြို့နယ်၊  ရေသပြေ (ထနော့) ကျေးရွာနေ ကွင်းဆက် တရားခံ ဒေါ်နန်းစိန်၏ နေအိမ်သို့ တောင်ကြီးမူးယစ်  (အထူး)  အဖွဲ့ ကြီးကြပ်သူ အရာရှိ၏ ရှာဖွေခွင့် ၀ရမ်းအမှတ်  (၅၇/၂၀၁၃)  ဖြင့် ၀င်ရောက် ရှာဖွေ ခဲ့ပါသည်။
         ထိုသို့ရှာဖွေရာ ကွင်းဆက်တရားခံ ဒေါ်နန်းစိန်အား ၄င်းနေအိမ် အိပ်ခန်းအတွင်း တွေ့ရှိပြီး အိပ်ယာခေါင်းရင်း ထရံကြားတွင် ၀ှက်သိမ်း ထားသော အနီရောင် ပိုက်ဆံအိတ်ငယ် အတွင်းမှ  အပြာရောင် ပလပ်စတစ် ကပ်ခွာအိပ်ဖြင့် ထည့်ထားသော  WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၁၁၂) ပြား၊ အလေးချိန်  (၁၁.၂) ဂရမ်ခန့်၊ အဖြူရောင် ပလပ်စတစ် အိတ်ဖြင့် ထည့်ထား သော R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၄၈) ပြား၊ အလေးချိန် (၄.၈) ဂရမ်ခန့်နှင့် အိပ်ယာနံဘေး မှ အမြင့် (၆) လက်မခန့်ရှိ ပလပ်စတစ် ဘူးငယ်တွင် အပေါက်ဖောက်၍ သံပိုက် ထပ်ထားသော စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာ (၁) ခုတို့အား တွေ့ရှိ၍ သက်သေများရှေ့တွင် ရဲအုပ် တင်စိုးမှ ရှာဖွေပုံစံဖြင့်  သိမ်းဆည်း ခဲ့ပါသည်။
         အထက်ပါ ကိစ္စကို စိတ်ကြွရူးသွပ် ဆေးပြားများအား ရောင်းချ /သုံးစွဲရန် လက်ဝယ် ထားရှိသည့် ကွင်းဆက် တရားခံ ဒေါ်နန်းစိန် (၅၃) နှစ်၊ (ဘ) ဦးလုံးစော၊ ရှမ်း/ဗုဒ္ဓ၊  ၁၃/ ဟပန(နိုင်) ၀၀၇၅၀၉၊ တောင်ယာလုပ်၊  ရေသပြေ (ထနော့) ကျေးရွာ၊ မွေတော် အုပ်စု၊ တောင်ကြီးမြို့နယ် နေသူအား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရ အရေးယူ ပေးပါရန် တောင်ကြီးမြို့၊ နယ်မြေတပ်ဖွဲ့ စခန်း စခန်းမှူး ထံသို့ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

Saturday, July 20, 2013

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥပဒေ လူမှုကူညီရေး အသင်းမှ ဦးစီးကျင်းပသော ဥပဒေ ပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

     ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို) ဥပဒေ လူမှု ကူညီရေး အသင်း ဥပဒေ ပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို တောင်ကြီးမြို့၊ ဒဲဉ်သီးလာဗွေကွင်း ခန်းမ၌ ၁၉-၇-၂၀၁၃ ရက်နေ့ နံနက် ၁၀း၀၀နာရီ အချိန်တွင် ကျင်းပခဲ့ ပါသည်။ အခမ်းအနားသို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို)မှ ဥက္ကဌ ဦးခွန်ဝင်းကို၊ အတွင်းရေးမှူး ဦးခွန်မောင်မောင်စိုး၊ ဦးခွန်လှမောင် (ခ) ပွဲစားမောင်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ ဦးခွန်မင်းကျော်၊ ပအိုဝ်း အမျိုးသမီး ရေးရာအဖွဲ့မှ ဥက္ကဌ ဒေါ်နန်းမွံ နှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာ ဦးတင်ဦး (တောင်ကြီး တက္ကသိုလ် ဥပဒေ ပညာဌာန အချိန်ပိုင်း ကထိက) နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
     အခမ်းအနားကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကို မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး၊ ဆက်လက်၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ ဦးခွန်မင်းကျော်၊ သင်တန်း ပို့ချပေးသော ဆရာ ဦးတင်ဦး၊ ပအိုဝ်း အမျိုးသမီး ရေးရာအဖွဲ့ မှ ဥက္ကဌ ဒေါ်နန်းမွံ နှင့် ပအိုဝ်း ဥပဒေ လူမှုကူညီရေး အသင်းမှ အတွင်းရေးမှူး ဦးခွန်ဇာလီ တို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြ ပါသည်။
     ဆက်လက်    ၍ သင်တန်းတွင် ထူးချွန်ဆု ရရှိသော သင်တန်းသား၊ သင်တန်းသူ များအား ဦးခွန်ဝင်းကို မှ ဆုများ ချီးမြှင့် ပေးခဲ့ပြီး  သင်တန်းသား၊ သင်တန်းသူများ အားလုံးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ ဦးခွန်ဝင်းကိုမှ သင်တန်းဆရာ ဦးတင်ဦးအား အမှတ်တရ ဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့ပါသည်။ သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် နေ့လည် ၁း၀၀ နာရီတွင် အခမ်းအနား အစီအစဉ် ပြီးဆုံးကြောင်း ကြေညာ ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။
     အခမ်းအနား အပြီးတွင် ကြွရောက်လာကြသော ဧည့်သည်တော်များ နှင့် သင်တန်းသား၊ သင်တန်းသူများအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 သင်တန်းသား/သူ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားစဉ်

ပအိုဝ်း အမျိုးသား ဂေပာာသမိုင်း

    ပအိုဝ်း အမျိုးသား ဂေဟာသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ၊ တောင်ကြီးမြို့နယ် ၊ တောင်ကြီးမြို့ ၊ ဈေးပိုင်းရပ်ကွက် ၊ ကုန်သည်လမ်း တွင် အိမ်အမှတ် (၉၈/၁၊ ၉၈/၂) ဖြင့် တည်ရှိပါသည်။
    ပအိုဝ်း အမျိုးသား ဂေဟာ၏ မြေနေရာနှင့် အဆောက်အဦး ဖြစ်စဉ် နောက်ခံသမိုင်းသည် အခိုင်အမာရှိ ပါသည်။
   
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ပအိုဝ်း အမျိုးသား ခေါင်းဆောင်တို့ နိုင်ငံရေးနိုး ကြားမှု ရှိကြသဖြင့် ၁၉၄၇-ခုနှစ်တွင် ပအိုဝ်းလွောင်;ဗူ; မှ ပြည်ထောင်စုပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(ပအမဖ) ကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ရုံးခန်းကို စာတိုက်နှင့် ကြေးနန်းဌာနရှေ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းအနောက် ဘက်ယခင် ညွန့် မြန်မာ ထမင်းဆိုင်အား ငှါးရမ်း ဖွင့်လှစ်ခဲ့သည်။ အဖွဲ့ချုပ်၏ ဆိုင်းဘုတ် တင်ပွဲသို့ (ယခင်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီး) ဗိုလ်ချုပ် စောမောင် နှင့် မြန်မာ့ အလင်း သတင်းစာ သတင်း ထောက်ဦးစံ အောင်တို့က တက်ရောက် ခဲ့ကြသည် ။
    ၁၉၅၄-ခုနှစ်၊ ဧ  ပြီလ(၇) ရက်၊ သက္ကရာဇ် - ၁၃၁၅-ခုနှစ် ၊ တန်းခူးလဆန်း (၄) ရက် ၊ ဗုဒ္ဒဟူးနေ့ နေ့လည် (၁၂) နာရီအချိန်တွင် အဖွဲ့ချုပ်ရုံး အပေါ်ထပ် အစည်းအဝေး ခန်းမတွင် ဗဟိုဦးစီး အစည်းအဝေး တစ်ရပ်ခေါ်ယူ ကျင်း ပခဲ့သည် ။ ထိုအစည်းအဝေး ကိုသို့ ဦးဖြူ ၊ ဦးဟိန်ရှင်ငွေ၊ ဦးထွေးလုံ၊ ဦးထွန်းရီ၊ ဦးကျော့လမ်း၊ ဦးနန္ဒိယ၊ ဦးဆရာ ပေ၊ ဦးကံ၊ ဦးရှမ်းခင်၊ ဦးဖေရှင်၊ ဦးအုံးဖါဖြိန်း၊ ဦဗျမ်း၊ ဦးမြ၊ ဦးစာရေးဖြား၊ ဦးဟိန်မောင်၊ ဦးကျန်၊ ဦးကျော်စိန်၊ ဦးပေါင်းစင်ထွန်း၊ ဦးကြွယ်၊ ဦးကျောင်းကုံရ နှင့် ဦးစံညွန့် တို့တက် ရောက်ခဲ့ကြသည်။
    ထိုအစည်းအဝေး မှ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ပဏာမ ညီလာခံကို ၁၉၅၄ - ခုနှစ်၊ မေလ(၂၇) ရက်နေ့တွင် နောင်ကားခရိုင်၊ နောင်ယွေးရွာ ဘုန်းကြီးကျောင်း တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစည်းအဝေး တွင် (ပအမဖ) ပါလီမန်အမတ် ဦးအောင်သာက ဆွေးနွေးရာတွင် ကချင်၊ ကယား၊ ချင်း၊  မွန်၊ ရခိုင်၊ လူမျိုးများ ကိုယ်ပိုင် အဆောက်အဦး အသီးသီးရှိ ကြကြောင်း ရန်ကုန်မြို့ တွင် ပအိုဝ်း အမျိုးသားပိုင် အဆောက်အဦး လိုအပ်သည်မှာ ကြာပြီ ဖြစ်ကြောင်း အမျိုးသားပိုင် အဆောက်အဦး ရရှိအောင် ဆွေးနွေး ကြစေလို ကြောင်းပြောကြားသည်။
    အဆောက်အဦးဝယ်ယူရေး နှင့် ပတ်သက်ပြီး ဗဟိုဦးစီးအဖွဲ့ဝင် ဦးအုံဖါဖြိန်း၊ ဦးပေါင်းစင်ထွန်း၊ ဦးခွန်စိန်၊       ဦးဖြူ နှင့် ဆရာပေ (နောင်စုံ) တို့က အမျိုးသားပိုင် အဆောက်အဦး ၀ယ်ယူရန် ဆွေးနွေးကြသည်။
    ပဏာမ ညီလာခံမှ အတည်ပြုနိုင်ရန် ဦးဆရာပေ (နောင်စုံ) က အဆိုတင်သွင်းပြီး ဦးအောင်သိန်း          (ထီတခုခရိုင်) ကထောက်ခံပြီး တောင်ကြီးမြို့၊ ဈေးပိုင်းရပ်၊ ကုန်သည်လမ်း၊ အမှတ် (၉၈/၁) ဦးပဉ္ဖင်း ဘဖြူတိုက်  ကိုကျပ်ငွေ ၈၀၀၀၀/- (ကျပ်ရှစ်သောင်း) ဖြင့် ၀ယ်ယူရန် အများ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
    ထိုသို့ ၀ယ်ယူနိုင်ရန် ပအိုဝ်းဒေသမှ ပအိုဝ်း လူထုတို့က ခရိုင် အလိုက် လူဦးရေအနည်းအများ အလိုက်တစ်   အိုးစားလျှင် (သုံးကျပ်နှုံး) ဖြင့် (ထိုစဉ်က ဖွဲ့စည်းပုံအမည်ဖြင့်) ငွေထည့်ဝင် လှူဒါန်းခဲ့ကြပါသည်။
(၁)    လွယ်ပွတ်ခရိုင်            ၉၅၀၀ ၊    (၂)    မဲနယ်တောင်ခရိုင်    ၇၅၀၀၊
(၃)    ကျောက်တန်းခရိုင်        ၅၅၀၀ ၊    (၄)    ထီတခုခရိုင်        ၇၅၀၀၊
(၅)    ဆဲလင်ခရိုင်            ၁၅၀၀ ၊    (၆)    စန်းသန်းကောင်ခရိုင်    ၉၅၀၀၊
(၇)    မူရားခရို်င်            ၈၀၀၀ ၊    (၈)    ဆောင်ဖိုးခရိုင်        ၆၀၀၀၊
(၉)    နောင်ကားခရိုင်            ၆၅၀၀ ၊    (၁၀)    ပင်မွန်းခရိုင်        ၈၀၀၀၊
(၁၁)    မန်းဆောင်းခရိုင်            ၇၅၀၀ ၊    (၁၂)    ပင်မှီခရိုင်        ၃၀၀၀၊
    စုစုပေါင်း ၈၀၀၀၀/- (ကျပ်ရှစ်သောင်းတိတိ) ဖြစ်ကြောင်း သိရှိရပါသည်။
    ၁၉၅၈ - ခုနှစ်၊ မေလ(၅) ရက်နေ့တွင် ပအိုဝ်း အမျိုးသား ခေါင်းဆောင်များဖြစ်ကြသော ဦလှဖေ   နှင့်     ဗိုလ်ချန်စုံ ဦးဆောင်သော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ပအမဖ) အဖွဲ့ဝင် အင်အား (၁၃၃၃) ဦးတို့ က   ဥပဒေ ဘောင်အတွင်း ၀င်ရောက် ခဲ့ကြသည်။ မျိုးချစ်ရဲဘော်များ ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် ကျန်ရစ်စေ  ရန် ရဲဘော် တစ်ဦးလျှင် ၅၀၀(ငါးရာကျပ်) နှုံန်းဖြင့် ထည့်ဝင် လှူဒါန်းသော ငွေများအနက် မှ ၁၀၀၀၀၀/- (ကျပ်တစ်သိန်း) ဖြင့် အမှတ် (၉၈/၂) မြောက်ဘက် အဆောက်အဦးကို ၁၉၉၅၉ - ခုနှစ်တွင် လက်သမား ဆရာကြီးဦးကျန် အား ကန်ထရိုက်ပေးပြီး ဆောက်လုပ်စေခဲ့သည်။
    ၁၉၆၂-ခုနှစ်၊ မတ်လ(၂) ရက်နေ့တွင် တော်လှန်ရေး ကောင်စီတက်လာပြီး ဆိုရှယ်လစ်စီးပွားရေး စနစ်  အရ ၁၉၆၄-ခုနှစ်တွင် ပအိုဝ်း အမျိုးသားပိုင် အဆောက်အဦးနှင့် ပစ္စည်းများကို ပြည်သူပိုင် သိမ်းခြင်းခံရသည်။    ထိုနောက် ပအိုဝ်း ပြည်သူလူထုများ စုစုပေါင်းထည့်ဝင်သော ငွေမျာဖြင့် ၀ယ်ယူထားကြောင့် အထောက်အထား  အခိုင်အမာ စစ်ဆေးတွေ့ရှိရပြီး ရှမ်းပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးမှူး ကော်မတီ အတွင်းရေးမှူး ဦးထွန်းရင်လော က ၁၉၇၃-ခုနှစ်၊ မေလ(၂၁)ရက်၊ ၁၃၃၅-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅)ရက် နေ့စွဲဖြင့် ပအိုဝ်း အမျိုးသား စုပေါင်းပိုင် ပစ္စည်းနှင့် အဆောက်အဦး များကို ထိန်းသိမ်း ကြီးကြပ်ရေး အဖွဲ့အား ဖွဲ့စည်းပြီး ပြန်လည် ပေးအပ်ခဲ့   သည်။
            ပအိုဝ်း အမျိုးသားပိုင် ပစ္စည်းများနှင့် အဆောက်အဦးများ
                    ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့
    (က)    ဦးဖြူ            ဥက္ကဌ                တောင်ကြီး
    (ခ)    ဟိန်ဗျား            ဒု-ဥက္ကဌ                တနိုင်ဖက်ကွံရွာ
    (ဂ)    ဦးခွန်စိန်        အတွင်းရေးမှူး            ဆီဆိုင်
    (ဃ)    ဦးခွန်ထွန်းအောင်    တွဲဘက်အတွင်းရေးမှူး        တောင်ကြီး
    (င)    ဦးမြ            အဖွဲ့ဝင်                လွယ်ကောင်းရွာ
    (စ)    ဦးရွေး            အဖွဲ့ဝင်                တံတားမီးလောင်ရွာ
    (ဆ)    ဦးပညာကလုပ်        အဖွဲ့ဝင်                ထီဗွာရွာ
    (ဇ)    ဦးပန္တိထွန်း        အဖွဲ့ဝင်                ဟမ်းသွိုရွာ
    (ဈ)    ဦးထွက်စာရိတ္တ        အဖွဲ့ဝင်                ၀ါးလရွာ
    (ည)    ဦးကျောင်းလမ်း        အဖွဲ့ဝင်                ဆောင်းဖိုးရွာ
    (ဠ)    ဦးဝါယာမ        အဖွဲ့ဝင်                ကျောက်တစ်လုံးရွာ
    (ဌ)    ဆရာဘော်ဘီ        အဖွဲ့ဝင်                             ပင်တွန်ရွာ
    (ဍ)     ဦးပန္တိလော        အဖွဲ့ဝင်                တခဲရွာ
        ဦးနေရိ န္တာထီး        အဖွဲ့ဝင်                ဟိုပုံး
    (ဏ)    ဦးအရိန္တ            အဖွဲ့ဝင်                ဟိုပုံး
    (တ)    ပွဲးစားထွက်ဟိန်        အဖွဲ့ဝင်                တောင်ကြီး
    (ထ)    ဦးဟိန်တိထွန်း        အဖွဲ့ဝင်                တောင်ကြီး
    (ဒ)    ဦးထွန်းကျော်        အဖွဲ့ဝင်                တောင်ကြီး
                    တို့ဖြစ်ကြသည်။

    ၁၉၈၇-ခုနှစ် ၊ မတ်လ (၃၀) ရက်နေ့ တွင် ပအိုဝ်း ဂေဟာထိန်းသိမ်း ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။
                    ပအိုဝ်းဂေဟာထိန်းသိမ်းရေးအဖွဲ့
    (၁)    ဦးကျော်စိန်        နာယက
    (၂)    ဦးဆရာအိုး        နာယက
    (၃)    ဦးဘဖြူ            နာယက
    (၄)    ဦးဇော်အောင်သိန်း    ဥက္ကဌ
    (၅)    ဦးခင်မောင်မြင့်        ဒု-ဥက္ကဌ
    (၆)    ဦးကျောင်းအောင်    ဒု-ဥက္ကဌ
    (၇)    ဦးကျော်သိန်း        အတွင်းရေးမှူး
    (၈)    ဦးသန်းရွှေ        တွဲဖက်အတွင်းရေးမှူး
    (၉)    ဦးခွန်ကျော်ဇေယျ    တွဲဖက်အတွင်းရေးမှူး
    (၁၀)    ဦးထွန်းလွင်        ဘဏာထိန်း
    (၁၁)    ဦးခွန်သိန်းဖေ        ဘဏာထိန်း
    (၁၂)    ဦးခွန်ကျော်စွာ        အဖွဲ့ဝင်
    (၁၃)    ဦးသန်းဖေ        အဖွဲ့ဝင်
    (၁၄)    ဦးကျောင်းကုံရ        အဖွဲ့ဝင်
    (၁၅)    ဦးမော်ဝါယာမ        အဖွဲ့ဝင် တို့အသီးသီးပါဝင်ခဲ့ကြသည်။

    ၁၉၅၈-ခုနှစ်၊ မေလ (၃၁)ရက် ရက်စွဲဖြင့် ဂရန် ပြုလုပ်ခဲ့သည်။ ဦးကျောင်းဒကာကုံရ မှ အမည်ခံ ထားသည်။
    ၁၉၈၅-ခုနှစ်၊ အောက်တိုဘာလ (၇) ရက်စွဲဖြင့် မူလအမည် ဦးကျောင်းဒကာကုံရ မှ ဥက္ကဌပအိုဝ်း  ဂေဟာအသင်း သို့ ဂရန် အမည်ပြောင်းခဲ့သည်။ ထိုစဉ်အခါက ကွင်းနံပါတ် ၂၀ (ကန်အောက်ရပ်) ဦးပိုင်းနံပါတ်       ၁၀၈၊ မြေကွက်နံပါတ် (၂၃၁/၃၃၁) ဧရိယာ ဧကဒသမ = ၀.၁၆၂၊ ဧရိယာ စတုရန်းပေ ၇၀၅၇၀ ပေဖြစ်သည်။
    ဂရန် သက်တမ်းတိုး ရမည့်ရက်မှာ ၁၉၈၈-ခုနှစ်၊ ဇန်န၀ါရီလ(၃၀) ရက်ဖြစ်သည်။
    ဥက္ကဌ ပအိုဝ်း ဂေဟာအသင်းမှ ဂရန် သက်တမ်းတိုးရန် ပျက်ကွက်ခြင်း နှင့် ပျောက်ဆုံး သွားပြီးဖြစ်         ကြောင်း ထုတ်ဖော် ပြောဆိုခြင်းကြောင့် ၁၉၉၉-ခုနှစ်၊ ဇွန်လ(၄)ရက် နေစွဲဖြင့် ပအိုဝ်း အမျိုးသား များဂေဟာဟု      ဂရန် အမည် ပြောင်းခြင်းနှင့် ဂရန် သက်တမ်းတိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
    ၂၅-၈-၁၉၉၉ ရက်စွဲဖြင့် ကန့်ကွက် လွှာခေါ်ယူပြီး၊ ၈-၉-၁၉၉၉ နေ့အထိ ကန့်ကွက်သူ မရှိပြီး အမည်      ပြောင်းပြီးစီး ကြောင်းနှင့် နောက်နောင် တစ်ဖန် တစ်စုံတစ်ရာ မလိုလား အပ်သော ကိစ္စကြီးငယ် မဟူမဖြစ်ပေါ်      စေရေးအတွက် ဆောက်ရွက်ခဲ့ ကြသည်။
    တောင်ကြီးမြို့ ၊ ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းရှိ အကွက်အမှတ် (၂၀-ကန်အောက်ရပ်)၊ မြေကွက်     အမှတ် (၂၃၁/၃၃၁)၊ ဦးပိုင်အမှတ် (၁၈၀)၊ ဧရိယာ (၀.၁၆၂) ဧကပေါ်ရှိ မြေ နှင့် အဆောက်အဦး ၏ မြေငှါး ဂရန်အ  မှုတွဲအမှတ် (၂၃-T/၁၉၅၃-၅၄) အား ဥက္ကဌ ပအိုဝ်း ဂေဟာ အသင်း မှ ပအိုဝ်း အမျိုးသား ဂေဟာသို့ ပျောက်ဆုံး ဂရန် အမည် ပြောင်းလဲ လျှောက်ထားခဲ့ ပြီး ဂရန် ရရှိခဲ့ သည်။
    ၂၀၀၄ - ခုနှစ်တွင် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ တတိယ သက်တန်းတွင် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု   အဖွဲ့(ဗဟို) ဥက္ကဌကြီး ဦးခွန်ဝင်းကို မှ ဦးဆောင်ပြီး အဖွဲ့၏ ရန်ပုံငွေ ကျပ်သိန်း (၈၀) ကျော် ကုန်ကျခံကာ အဆောက်အဦးရှေ့ ဆိုင်ခန်း များကို တိုးချဲ့ ပြင်ဆင်ခြင်း၊ အုတ်တံတိုင်း ကို ထပ်မံမြှင့်တင်ခြင်း၊ ဆေးသုတ် မွမ်းမံခြင်း ၀င်းသံ တံခါးအသစ် ပြုလုပ်ခြင်း ၊ (၉၈/၁) အဆောက်အဦး အပေါ်ထပ် တွင် ဘုရားခန်း ပြုလုပ်ခြင်း စသည်များ ကို ဆောင်ရွက် ခဲ့ပါသည်။
    လက်ရှိ ပအိုဝ်း အမျိုးသား ဂေဟာ အဆောက်အဦး နှစ်လုံးတွင် ရုံးခန်း ဖွင့်လှစ်ထား ကြသော ပအိုဝ်း လူထု လူတန်းစား အဖွဲ့အစည်းများမှာ -
    ၁။    ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ရုံး၊
    ၂။    ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ (တောင်ကြီးမြို့နယ်)ရုံး
    ၃။    မွေတော်ကက္ကူဘုရားဂေါပကအဖွဲ့ရုံး၊
    ၄။    ပအိုဝ်း အမျိုးသား စာကြည့်တိုက်နှင့် ပြတိုက်ရုံး၊
    ၅။    ပအိုဝ်း မော်ဓမ္မကထိက အဖွဲ့ရုံး၊
    ၆။    ပအိုဝ်း တိုင်းရင်းဆေး ဆရာအဖွဲ့ရုံး၊
    ၇။    ပအိုဝ်း အနုပညာ အဖွဲ့ရုံး၊
    ၈။    ပအိုဝ်း အမျိုးသမီးများ အဖွဲ့ရုံး၊
    ၉။    ပအိုဝ်း အမျိုးသမီး ပညာရေး ဖောင်ဒေးရှင်းရုံး၊
    ၁၀။    ပအိုဝ်း ဥပဒေလူမှု အထောက်အကူ ပြုအဖွဲ့ရုံး ၊
    ၁၁။    ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ (တောင်ကြီးမြို့နယ်) ရုံးများဖြစ်ပါသည်။
    ပအိုဝ်း အမျိုးသား ဂေဟာသည် ဆုံးပါးမှု နှင့် ရင်ဆိုင်ခဲ့ရသည့် ကိန်းဆိုက် လုနီးပါးဖြစ်ခဲ့သည်။
    ပစ္စည်း ထိန်းအဖွဲ့အတွင်း မှ အဖွဲ့ဝင်အချို့ (အမည်မဖော်ပြလိုပါ) တို့သည် ရောင်းချရန် အတွက် စရန်ငွေ  တစ်သိန်း (၁၀၀၀၀၀) ယူထာပြီးနေစဉ် ၁၉၈၄-ခုနှစ်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး တက္ကသိုလ် ကောလိပ် ကျောင်းသားများမှ ပအိုဝ်း ကျောင်းသားများ ဖြစ်သော မျိုးဆက်သစ် လူငယ်တို့က ကန့်ကွက် သဖြင့် လည်းကောင်း တောတွင်း     လက်နက်ကိုင် အဖွဲ့အစည်းများထံ တိုင်ကြားရာမှ တောလှန်ရေး အဖွဲ့ခေါင်းဆောင် များ၏တားမြစ်ချက် ဖြင့်လည်းကောင်း၊ ကိုယ့်ကျိုးရှာ ရောင်းစာမှု ပျက်ပြားခဲ့ရသည်။
    ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ အစည်းအဝေး အထမမြောက်သည့် တွေဆုံမှု တစ်နေရာမှာ အ     ဆောက်အဦး ကို မည်သည့် အဖွဲ့အစည်းကိုမျှ လွှဲပြောင်းခြင်းမပြုရန် ဟုဆုံးဖြတ်ချက်တစ်ု ပြုလုပ်ခဲ့သည်။
    ထိုနောက် ပစ္စည်းထိန်းသိမ်းရေး အဖွဲ့ဝင် အချို့သည် ပအိုဝ်း အမျိုးသား ပိုင်ဂေဟာ တွင်ရှိသော အမျိုးသား ကိုယ်စားပြု အဖွဲ့အစည်း ပေါင်းစုံတို့အား ဖယ်ရှားရန်  ကြိုးပမ်း ခဲ့ကြသည်။
    ဤကဲ့သို့သော ဖြစ်စဉ်များ ကြောင့် ပအိုဝ်း အမျိုးသား ပိုင်ဂေဟာ ကိစ္စကို ဆွေးနွေး တိုင်ပင်ရန် ၂၀၁၀-ခုနှစ်၊     ဧပြီလ (၉) ရက် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ၊ ဂနိုင်ရေး ပအိုဝ်း အမျိုးသား ဘက်စုံ ဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်း   တွင် မျက်နှာ စုံညီ တွေ့ဆုံပွဲကြီး ကို ပြုလုပ်ကျင်းပ ခဲ့ကြသည်။
    ထိုမျက်နှာစုံညီ အစည်းအဝေး သို့ ကျောင်းပေါင်း (၇) ကျောင်းမှ ဆရာတော်ကြီး များ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (ပီအဲန်အို) မှ ပုဂ္ဂိုလ်များ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဝင်များ မြို့နယ် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ပအိုဝ်း တိုင်းရင်းဆေး အဖွဲ့၊ ပအိုဝ်း မော်အဖွဲ့နှင့် တောင်ကြီးမြို့ပေါ် မှ မြို့မိမြို့ဖများ စုံညီစွာ တက်ရောက်   ခဲ့ကြသည်။
    ညှိနှိုင်း ဆွေးနွေးမှု ပြီးဆုံးပြီးနောက် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် လာသူအားလုံး တို့က   အောက်ပါ အတိုင်း အများ သဘောတူ ဆုံဖြတ်ကြပါသည်။
    (က)    ပအိုဝ်း ဂေဟာ ထိန်းသိမ်းရေး (ယခင်အဖွဲ့ဟောင်း) ကို ဖျက်သိမ်းသည်။
    (ခ)    ပအိုဝ်း အမျိုးသားပိုင် ဂေဟာ အဆောက်အဦးကို ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု ဗဟိုအဖွဲ့မှ တာဝန်ယူ ထိန်းသိမ်းရန် ဆုံးဖြတ်သည်။
                အစည်းအဝေး တက်ရောက် သူများစာရင်း
    ၁။    ဆရာတော်        ပထမတောင်ကျောင်းကြီး
    ၂။    ဆရာတော်        အေးစေတီကျောင်း
    ၃။    ဆရာတော်        တပ်ဦးဥတ္တရာရုံကျောင်း
    ၄။    ဆရာတော်        ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အေးသာယာ
    ၅။    ဆရာတော်        စခဲုင်း(၆)မိုင်ကျောင်း
    ၆။    ဆရာတော်        မြို့ဦးကျောင်း
    ၇။    ဆရာတော်        ပုံဆွေပင်ကျောင်း
       
                        လူပုဂ္ဂိုလ်များ
    ၁။    ဦးခွန်စံလွင်        ဟော်ကုန်းရပ်
    ၂။    ဦးခွန်လာ        တောင်ကြီး
    ၃။    ဦးခွန်ဟိုက်ဇော်ဝမ်း    နောင်ကား
    ၄။    ဦးခွန်တင်ထွဋ်        လွယ်ကောင်း
    ၅။    ဦးခွန်ပညာဗုတ်        လွယ်ကောင်း
    ၆။    ဦးခွန်ဝင်းကို        ဦးကြီးခမ်း
    ၇။    ဦးခွန်မင်းကျော်        ညောင်ပင်သာ
    ၈။    ဦးခွန်မောင်လှ        ညောင်ပင်သာ
    ၉။    ဦခွန်ခင်မောင်        ညောင်ပင်သာ
    ၁၀။    ဦးခွန်မျိုးထီး        ကျောက်တစ်လုံး
    ၁၁။    ဦးခွန်မောင်ဖြူ        ဟိုပုံး
    ၁၂။     ဦးထွန်းဝေ        ဖရဲ
    ၁၃။    ဦးခွန်ခှကျော်        မြေဖြူ
    ၁၄။    ဦးခွန်တင်မောင်        မြေဖြူ
    ၁၅။    ဦးခွန်ထွန်းစိန်        ပြည်တော်သာ
    ၁၆။     ဖြားချစ်မောင်        ညောင်ပင်သာ
    ၁၇။    ဦးခွန်လာမဲင်း        ညောင်ပင်သာ
    ၁၈။    ဦးအောင်သိန်း        ညောင်ပင်သာ
    ၁၉။    ဆရာနေမျိုး        ကျောက်တစ်လုံး
    ၂၀။    ကိုစိန်တိုး        ဟိုပုံး
    ၂၁။    ဦးအုံးသာ        မင်္ဂလာဦး
    ၂၂။    ဦးကျော်ဇေယျ        ရေအေးကွင်း
    ၂၃။    ဦးခွန်စိန်ဝင်း        မင်္ဂလာဦး
    ၂၄။    ဦးခွန်သိန်းဖေ        ကန်ရှေ့
    ၂၅။    ဦးခွန်ဖေ၀င်း        ဟော်ကုန်း
    ၂၆။    ဦးကျောင်ကုံရ        ဈေးပိုင်း
    ၂၇။    ဦးမော်ဦး        မြေဖြူ
    ၂၈။    ဦးခွန်လှမောင်(ပင်လုံ)    မင်္ဂလာဦး
    ၂၉။    မော်ကျော်        ညောင်ပင်သာ   
    ၃၀။    ဦးမျိုးဝင်းကျော်        ညောင်ပင်သာ
    ၃၁။    ဦးခွန်ထွန်းမောင်        ဦးကြီးခမ်း
    ၃၂။    ဦးထွက်ဝင်း        မြေဖြူ
    ၃၃။    ဦးခွန်စိန်ဝင်း        ဘုရားဖြူ
    ၃၄။    ဦးခွန်မြင့်အောင်        ကက္ကူ
    ၃၅။    ဦးခွန်ကျော်သူ        ဖါမွန်း
    ၃၆။    ဦးခွန်လှဖေ        လွယ်ခေါ်
    ၃၇။    ဦးခွန်သန်းထူး        ဆိုက်ခေါင်
    ၃၈။    ဦးခွန်အောင်သာ        နောင်ကား
    ၃၉။    ဦးခွန်မောင်ကိုး        ဘုရားဖြူ
    ၄၀။    ဦးခွန်အောင်စိုးလေး    ညောင်ဖြူ
    ၄၁။    ဦးခွန်ဇော်ဝင်းမြင့်    ညောင်ဖြူ
    ၄၂။    ဦးစင်းခံ့ထုတ်        ဦးကြီးခမ်း
    ၄၃။    ဦးခွန်ခမ်းခြိုင့်        ဘုရားဖြူ
    ၄၄။    ဦးကျောင်းအောင်    ကန်ရှေ့
    ၄၅။    ဦးသုနန္ဒ            မြေဖြူ
    ၄၆။    ဦးခွန်စိန်မောင်        ညောင်ပင်သာ
    ၄၇။    ဦးခွန်ကျော်စမ်း        တိုင်းရင်းဆေး
    ၄၈။    ဦးခွန်ထွန်းလှိုင်        အောင်ပန်း
    ၄၉။    ဦးခွန်လှသိန်း        ဆီဆိုင်
    ၅၀။    ဦးလှဝင်း(ဖြားဒုံမောင်)    ဆီဆိုင်
    ၅၁။    ဦးဆွင်            ဦးကြီးခမ်း
    ၅၂။    ဦးသန်းရွှေ        မင်္ဂလာဦး



                            ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို)
   

Friday, July 19, 2013

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာ ကိစ္စ အစည်းအဝေးကျင်းပ



၂၀၁၃ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ရုံးတွင် ပအိုဝ်း အမျိုးသားများ ဂေဟာ ကိစ္စ အစည်းအဝေး ကျင်းပပြုလုပ်ရာ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်း သံဃာတော်များ၊ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) မှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပီအင်န်အို ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မြို့နယ် တာဝန်ခံများ၊ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့၊ ပအိုဝ်းမော် ဓမ္မကထိကအဖွဲ့၊ ပအိုဝ်းဥပဒေ လူမှုအထောက် အကူပြုအဖွဲ့၊ ပအိုဝ်း အမျိုးသမီးအဖွဲ့၊ ပအိုဝ်း သွေးလှူရှင်နှင့် နာရေး လူမှု ကူညီရေးအသင်း၊  ပါရမီ လူမှုကွန်ရက်အဖွဲ့ မှတာဝန်ရှိသူများနှင့် တောင်ကြီးမြို့ရှိ ပအိုဝ်းမြို့မိမြို့ဖများ စုံလင်စွာ တက်ရောက် ကြပါသည်။
    အဆိုပါ အစည်းအဝေးတွင် ဦးခွန်သောင်းစိန် မှ အခမ်းအနားမှူး အဖြစ်လည်းကောင်း၊ မှတ်တမ်းတင်သူ အဖြစ် ဒေါ်နန်းခမ်းဗွာ မှ လည်းကောင်း ဆောင်ရွက် ခဲ့ပါသည်။
    ဦးစွာပထမ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး မင်းကွန်း ဆရာတော်ဘုရားထံမှ သရဏဂုံသုံးပါး၊ ငါးပါးသီလ ခံယူဆောက်တည် ကြပါသည်။
    ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် က ကြွရောက်လာသော ဆရာတော် သံဃာတော်များ၊ ပအိုဝ်း မြို့မိမြို့ဖနှင့် အဖွဲ့ပေါင်းစုံမှ လူပုဂ္ဂိုလ်များအား အစည်းအဝေး ခေါ်ယူတွေ့ဆုံရခြင်း အကြောင်း ရှင်းလင်းရာတွင် “ ပအိုဝ်း အမျိုးသားများ ဂေဟာသည် ပအိုဝ်း အမျိုးသား လူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော အဆောက်အဦး ဖြစ်ကြောင်း၊ ကောလဟာလ သော်လည်းကောင်း၊ လိုချင်တပ်မက် မှုကြောင့် စွပ်စွဲမှုကို သော်လည်းကောင်း၊ ဂေဟာကိစ္စကြီးငယ် မှန်သမျှ ပအိုဝ်း အမျိုးသားများ နှင့်သက်ဆိုင်၍ အလေးထားရမှာ ဖြစ်ကြောင်း” ပြောကြား သွားပါသည်။ ဂေဟာ သမိုင်းကြောင်း အကျဉ်းကို ဖတ်ကြား သိရှိစေပြီး၊ တက်ရောက်သူ အားလုံးသို့ ဂေဟာသမိုင်း အချက်အလက် များကို ဝေငှပေးပါသည်။
    သြ၀ါဒါစရိယ မင်းကွန်းကျောင်း ဆရာတော်မှ တက်ရောက်လာသော ပရိသတ် အပေါင်းအား ဘုရားဟောဒေသနာ ရှိသည့်အတိုင်း ခန္ဓာရရှိလျှင် လူတိုင်း ၉၆ပါးရောဂါ နှိပ်စက်တာခံရမှာ ဖြစ်ကြောင်း၊ ပိုင်ဆိုင် မှုစည်းစိမ် ဥစ္စာမှန်သမျှ ရန်သူငါးပါး နှောင့်ယှက်တာ ခံရနိုင်ကြောင်း၊ တွေ့ဆုံပွဲကိစ္စကို ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် တင်ပြ၍ သိရှိပြီးဖြစ်ကြောင်း၊ အမျိုးသားပိုင် နေရာတစ်ခု ရရန်မလွယ်ကူ ကြောင်း၊ ဒါယကာများ အားလုံး ပအိုဝ်း အမျိုးသားပိုင် ဂေဟာ ခေတ်အဆက်ဆက် ခိုင်မြဲအောင် ထိန်းသိမ်းသွား ကြရန်နှင့် မည်သည့် ကိစ္စမဆို လေးလေး နက်နက်လုပ်ကိုင် ဆောင်ရွက်သွား ကြရန် မိန့်ကြားသွား ပါသည်။
    ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) နာယက ဦးခွန်မောင်တုတ် မှ ပအိုဝ်း အမျိုးသားပိုင် ဂေဟာကိစ္စ နှင့် ပတ်သက်၍ “ပအိုဝ်းလွောင်းဗူးအစွို” ကို ၁၉၄၇ ခုနှစ်တွင် အစပြုဖွဲ့စည်းပြီး ပါလီမန် အထွေထွေ ရွေးကောက်ပွဲ၊ ပအိုဝ်း အမျိုးသားများ လှုပ်ရှားမှု အဆက်ဆက် ဂေဟာ ပေါ်ပေါက်သည် အထိ ဂေဟာ ထိန်းသိမ်း ခဲ့သည့်  ဖြစ်စဉ်များ ကို ရှင်းလင်း အသိပေးပါသည်။ ပအိုဝ်း အမျိုးသားများ ဂေဟာ ဂရန်ဟောင်း အမည်ပေါက်မှာ ဦးကုံဝါရ အမည်ဖြင့်ပေါက်ပြီး ဂရန်သက်တမ်း ပြည့်ကျော်လွန်၍ သက်တမ်းတိုးရန် ဂေဟာ ထိန်းသိမ်းအဖွဲ့ ဥက္ကဌ ဦးဇော်အောင်သိန်း ထံရှိ ဂရန် ပြန်လည်တောင်းခံရာ ဂရန် ပျောက်ဆုံးသွားပြီ ဖြစ်သည်ဟု ပြောကြား၍ ပအိုဝ်း သံဃာတော်များ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ နှင့် တိုင်ပင်ဆွးနွေးပြီး ဂရန်သစ် ပြန်လျှောက်ရာ ဂရန်အမည် ကိုလည်း ပအိုဝ်း အမျိုးသားဂေဟာ အမည်ဖြင့် ပြုလုပ်ခဲ့သည်။ အသစ်ပြုလုပ်သော ဂရန်သည် ပုဂ္ဂိုလ် အမည်ဖြင့် လည်းမဟုတ် တသီးပုဂ္ဂလအမည် အသင်းအဖွဲ့ အမည်မဟုတ်ပဲ ပအိုဝ်း တစ်မျိုးသားလုံး အတွက် ကိုယ်စားပြုသော အမည်ဖြစ်ကြောင်း ပြောကြား သွားပါသည်။
    ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ ပအိုဝ်း ဂေဟာ သမိုင်းကြောင်းကို ဦးခွန်မင်းကျော်၊ ဦးခွန်မောင်တုတ် တို့ ရှင်းလင်းပြ၍ အလုံးစုံ သိရပါကြောင်း၊ ဦးဇော်အောင်သိန်း မှ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အချက် ၂ ချက်၊ စာ ၂ ကြိမ်တင်ထားသည် ဟုသိရကြောင်း၊ ပထမ အချက်မှာ သက်တမ်း ကုန်ဆုံးသော ဂရန်ကို သက်တမ်းတိုး လျှောက်ထားခြင်း နှင့် ၄င်း၏ အမည်ပေါက် လုပ်လိုခြင်း၊ ဒုတိယအချက် မှာ ဂရန် အမည်ကို ဥက္ကဌ ဇော်အောင်သိန်း အမည်ဖြင့်လည်းကောင်း ဂရန်သစ် လျှောက်ရာတွင် ၄င်းအနေဖြင့် ဘာမှမသိရ၍ လက်မခံနိုင်ကြောင်း၊ လူတစ်ဦး အနည်းစု ခြယ်လှယ်ခြင်း ဖြစ်ကြောင်း စွပ်စွဲထား သည့်အကြောင်း၊ မိမိအနေဖြင့် ပအိုဝ်း အမျိုးသားဂေဟာ အမည်ဖြင့်ထားရှိပြီး၊ ဂေဟာ၏ စည်းမျဉ်း စည်းကမ်း များ ရေးဆွဲထားလျှင် အရှည်သဖြင့် သမိုင်းအတွက် ခိုင်မာမည်ဟု ထင်မြင်မိပါကြောင်း ပြောကြားသွားပါသည်။
    မင်းကွန်း ဆရာတော်မှ သြ၀ါဒပေးရာ အမျိုးသားရေး အတွက် ဦးဆောင်ဦးရွက်သော ပုဂ္ဂိုလ်သည် အယူအဆ မှန်ကန်ဖို့လိုကြောင်း၊ လိုရာဆွဲ လုပ်ဆောင်မှုမျိုး မဖြစ်သင့်ကြောင်း၊ မိမိအမျိုးသား အတွက် သစ္စာ ခံယူထားရမှာ ဖြစ်ကြောင်း၊ ပစ္စည်းထိန်းအဖွဲ့ ဥက္ကဌ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်း တာဝန်များကြောင့် ကျေးဇူး တင်သင့်ကြောင်း၊ သို့ရာတွင် ၄င်းပုဂ္ဂိုလ်၏ ထပ်မံရယူ လိုသောဆန္ဒ၊ ရယူရရှိဖို့သည် အချိန်ကာလအားဖြင့် ဝေးခဲ့ ပြီဟု ယူဆကြောင်း၊ နောင်လာနောက်သား အဆက်ဆက် တာဝန်ယူ ထိန်းသိမ်းသွား ကြရန်လိုကြောင်း မိန့်ကြား သွားပါသည်။
    မြို့ဦးကျောင်း ဆရာတော်မှ ရှေ့ဆက် ပအိုဝ်း လူမျိုးများ အတွက် လုပ်ဆောင်ရန် အားလုံးတွင် တာဝန် ရှိသည် ဖြစ်၍ အားလုံး ညီညွတ်စွာ စည်းလုံးခြင်းဖြင့် အမျိုးသား အတွက်ကို သေသေချာချာ စဉ်းစား ကြိုးစား လုပ်ဆောင် ကြစေလိုကြောင်၊ အမျိုးသား ပိုင်ဖြစ်၍ ပုဂ္ဂိုလ်အမည် မထည့်ပဲ အမျိုးသား များပိုင်အမည်ဖြင့် ထည့်ရန် လိုကြောင်း မိန့်ကြားသွားပါသည်။
    စူဠာမုနိကျောင်း ဆရာတော်မှ ပအိုဝ်း တမျိုးသားလုံး ပိုင်ဆိုင်သည့် ကိစ္စဖြစ်၍ သံဃာတော်၊ အဖွဲ့ပေါင်းစုံ၊ မြို့မိမြို့ဖများ နှင့် ထင်သာမြင်သာ ဖြစ်အောင် ၀ိုင်းဝန်း အကြံပေးကြပြီး လုပ်ဆောင်ကြရန် နှင့် ထိန်းသိမ်းမှုကို သော်လည်းကောင်း၊ တိုးတက်ရန်ကို သော်လည်းကောင်း ခေါင်းဆောင် ကောင်း ဦးဆောင်မှု ကောင်းကောင်းဖြင့် ပြိုကွဲမှုမရှိစေရန် ထိန်းသိမ်းသွားရန် လွန်စွာ အရေးကြီးကြောင်း၊ ဂရန် အမည်ကို လည်း “ပအိုဝ်းအမျိုးသားများပိုင် ဂေဟာ” အမည်ဖြင့် ထည့်သွင်းလျှင် ကောင်းကြောင်း၊ သို့မှသာ နောင်လာ နောက်သား များ အတွက် ပြဿနာ ကင်းရှင်းမည် ဖြစ်ကြောင်း မိန့်ကြား သွားပါသည်။
    စခဲကျောင်း ဆရာတော်မှလည်း ပအိုဝ်း အမျိုးသားပိုင် ဂေဟာအမည်ဖြင့် သတ်မှတ် စေလိုကြောင်း၊ တသီးပုဂ္ဂလ အမည်ဖြင့် မထားရန် အကြံပြုမိန့် ကြားသွားပါသည်။
    ပီအင်န်အို ဌာနေပြည်သူ့စစ် အဖွဲ့မှာ ကွပ်ကဲရေးမှူး ဦးခွန်လာမှ ဆွေးနွေးရာ “ယနေ့ ပအိုဝ်းဂေဟာ ပြဿနာ တက်ရသည့် ကိစ္စကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း၊ လုပ်ဆောင်သူ အနေဖြင့် ကိုယ်ကျိုးအတွက် လုပ်ဆောင်သည်ဟု မထင်မိပါကြောင်း၊ အမျိုးဘာသာ လူမျိုးအတွက် အခြား လူမျိုးများနှင့် တန်းတူဖြစ်ရန် လုပ် ဆောင်ပေးနေသူ များဟု ထင်မြင်မိခဲ့ ပါကြောင်း၊ လက်တွေ့ အထင် နှင့် အမြင်သည် တခြားစီ ဖြစ်နေကြောင်း၊ ဦးဇော်အောင်သိန်း (ပစ္စည်းထိန်း ဥက္ကဌဟောင်း) သည် လွန်ခဲ့ပြီးသော ကာလတွင်သာ တာဝန်ရှိ အကြုံးဝင်ခဲ့ပြီး ယနေ့ ခေတ်စနစ် ပြောင်းလဲလာပြီး ဂရန်ဟောင်း (ပျောက်ဆုံးပြီးဂရန်) မှ ဂရန်သစ် ဖြစ်နေပြီးဖြစ်၍ ဦးဇော်အောင်သိန်း နှင့် မသက်ဆိုင် တော့ပါကြောင်း၊ မိမိအနေဖြင့် လူတစ်ဦး တစ်ယောက်၏ အမည် ဥက္ကဌဟောင်း အမည်ဖြင့် ပြုလုပ်ရန်ကိုလည်း ကန့်ကွက်ပါကြောင်း၊ ယခု ပအိုဝ်း ဂေဟာကိစ္စ၊ ဂရန် ကိစ္စများ တွင် နားလည်မှု ရှိရှိဖြင့် နောက်ဆုတ် ပေးသွားလျှင် ကောင်းမည်ဟု မိမိအနေဖြင့် ပြောကြားလိုကြောင်း” အကြံပြုပါသည်။
    ထို့နောက် ပအိုဝ်းမော် ဓမ္မကထိက အဖွဲ့မှ ဦးမော်ဦးက လည်းကောင်း၊ ပအိုဝ်းတိုင်းရင်း ဆေးဆရာအဖွဲ့ ဥက္ကဌ ဦးခွန်ကျော်စမ်းမှ လည်းကောင်း၊ ပါရမီ လူမှုကွန်ယက် အဖွဲ့မှ ဦးခွန်မြမောင် မှ လည်းကောင်း၊ ပအိုဝ်းလူငယ် အဖွဲ့မှလည်းကောင်း၊ ပအိုဝ်းဥပဒေ လူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးခွန်ဇာလီ မှ လည်းကောင်း၊ ပအိုဝ်းအမျိုးသမီး အဖွဲ့မှလည်းကောင်း၊ ပအိုဝ်းသွေးလှူရှင် နှင့်နာရေး လူမှုကူညီ ရေးအသင်း အတွင်းရေးမှူး ဦးခွန်ကျော်ဇော မှ လည်းကောင်း၊ ပအိုဝ်း အမျိုးသမီး ပညာရေးဖေါင်ဒေးရှင်း မှ ဒေါ်မြမြ၀င်းက လည်းကောင်း၊ ညောင်ရွှေမြို့နယ် ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ဥက္ကဌ ဦးခွန်လှဖေ မှ လည်းကောင်း၊ တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်စိန်မောင် မှလည်းကောင်း၊ ကျောက်တလုံးကြီး မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဌ ဦးခွန်နေမျိုးမှ လည်းကောင်း တစ်ဦးတစ်ယောက် အမည်ဖြင့် မထားပဲ ပအိုဝ်း တမျိုးသား လုံးပိုင်ဂေဟာ အဖြင့် ထားရှိရန် ထောက်ခံတင် ပြကြပါသည်။
    တောင်းကြီးမြို့နယ် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်လာမဲင်းက ဦးခွန်မင်းကျော်နှင့် ဦးခွန်မောင်တုတ် တို့ရှင်းပြခဲ့၍ ဂေဟာကိစ္စကို ရှင်းရှင်းလင်းလင်း သဘောပေါက် ပြီးဖြစ်ကြောင်း၊ ယခင်ဂရန်မှာ သက်တမ်းကုန် ဆုံးပြီးဖြစ်၍ ယခုအခါ ဦးဇော်အောင်သိန်း နှင့် သက်ဆိုင်မှုမရှိဟု မိမိအနေဖြင့် ခံယူပါကြောင်း၊ ပအိုဝ်း အမျိုးသားများဂေဟာ အမည်ဖြင့်ထားရှိရန် မိမိအနေဖြင့် မြို့နယ်ပါတီကိုယ်စား သော်လည်းကောင်း၊ ပအိုဝ်းသုခုမ အနုပညာအဖွဲ့ ကိုယ်စားသော် လည်းကောင်း ထောက်ခံပါကြောင်း တင်ပြဆွေးနွေး သွားပါသည်။
    ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ (ဗဟို) နာယက ဦးခွန်သန်းရွှေ မှ ယနေ့ တက်ရောက်လာကြ သူအားလုံး ကို လေးစားပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် အချက် ၂ ချက် ဆွေးနွေးလိုကြောင်း၊ ပထမအချက်မှာ ယနေ့ တက်ရောက်လာသူ အားလုံးသည် ယခင် ပအိုဝ်း ဂေဟာ ထိန်းသိမ်းရေး အဖွဲ့ကို သံသယဖြင့် ထင်ယောင်ထင်မှား ပြောဆိုဆွေးနွေး နေသည်ဟု မိမိပြောလိုကြောင်း၊ ထင်ယောင်ထင်မှား အလေ့အထ ပျောက်သင့်ပြီဟု ထင်ကြောင်း၊ ပအိုဝ်း ပစ္စည်းထိန်းသိမ်းရေး အဖွဲ့ကို ဦးထွန်းရင်လော မှ ဖွဲ့စည်းပေး ခဲ့ကြောင်း၊ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့၊ လူမှုရေး အဖွဲ့များထံ အပ်နှံဖို့ မိမိတို့ ထိန်းသိမ်းရေး အဖွဲ့မှ ရည်ရွယ်၍ ထိန်းသိမ်းခဲ့ကြောင်း၊ ယနေ့ ဖြန့်ဝေပေးသည့် ဂေဟာ သမိုင်းစာရွက်ထဲ အချို့စာသား များ အနည်းငယ် လွဲနေသည်ဟု မြင်မိကြောင်း၊ ယခုဖြစ်နေသော ကိစ္စနှင့် ပတ်သက်၍ ယခင် ဂေဟာ ထိန်းသိမ်းရေး အဖွဲ့ဝင် အားလုံးအပေါ် အမြင်မလွဲ စေလိုကြောင်း၊ ထိန်းသိမ်းရေး အဖွဲ့ဝင်အားလုံး တိုင်ပင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ တစ်ဦးတစ်ယောက် စိတ်ကူးဖြင့် လုပ်ဆောင်သည်ဟု ပြောနိုင်ကြောင်း၊ အဖွဲ့ဝင်အားလုံးမှ ပြောသော်ငြားလည်း ဥက္ကဌက လက်မခံလျှင် ဘာကိစ္စမှ လုပ်မရကြောင်း၊ ယခုဖြစ်ရပ် တွင်လည်း မိမိတို့ ထိန်းသိမ်းရေး အဖွဲ့အား ပုတ်ခတ်သလို ဖြစ်နေ၍ ဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ ပအိုဝ်း ဂေဟာကိစ္စသည် ပအိုဝ်း အမျိုးသားများ အားလုံးနှင့် သက်ဆိုင်သည် ဖြစ်၍ အားလုံး လက်ခံရမှာ ဖြစ်ကြောင်း ဆွေးနွေးသွားပါသည်။
    ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ(ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် မှ ယနေ့ ဖြန့်ဝေပေးထားသည့် ဂေဟာ သမိုင်း အချက်အလက်များသည် အစည်းအဝေး မှတ်တမ်းများ၊ ခိုင်လုံသော အထောက်အထားများ ရှိထား၍ ရေးသား ဖြန့်ဝေခြင်း ဖြစ်ကြောင်း ထပ်ဆင့် ရှင်းလင်းပေးပါသည်။
    ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို) တွဲဘက် အတွင်းရေးမှူး ဦးခွန်သူရအောင် မှ ပအိုဝ်း ဂေဟာကိစ္စ မှာ ယခုရှုပ်မှ နောင်ရှင်း မည်ဖြစ်ပြီး အကြေအလည် ဆွေးနွေး၍ လိုအပ်လျှင် ဥပဒေ ပညာရှင်များထံ အကြံဥာဏ် တောင်း ဖြေရှင်းသွားပါက ပိုမိုကောင်း မွန်မည်ဟု ယူဆကြောင်း ဆွေးနွေး သွားပါသည်။
    မွေတော်ကက္ကူဘုရား ဂေါပကဥက္ကဌ ဦးခွန်ထွန်းလွင် မှလည်း ပအိုဝ်း အမျိုးသား များပိုင်အမည်ဖြင့် ဆက်လက် တည်ရှိသွားရန် ဆန္ဒရှိကြောင်း ဆွေးနွေး သွားပါသည်။
    ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ အမျိုးသား ကိစ္စသည် သမိုင်း မှန်ကန်ဖို့ လိုကြောင်း၊ သမိုင်း မှန်လျှင် ယနေ့ ဆုံးဖြတ်ချက်များ မှန်ကန်မည် ဖြစ်ကြောင်း၊ သက်သေ ခိုင်လုံမှုမရှိပါက အမှား များ ရှိနိုင်ကြောင်း၊ ယနေ့ အစည်းအဝေးဆိုလျှင် သမိုင်းတွင်မည့် အစည်းအဝေး မှတ်တိုင်ပင် ဖြစ်ကြောင်း၊ သားစဉ်မြေးဆက် အထိ သံဃာတော် ဆရာတော်များ၊ လူပုဂ္ဂိုလ်အများ နှင့် ဆုံးဖြတ်၍ သမိုင်း တင်ကျန်နေမှာ ဖြစ်ကြောင်း၊ မလိုလားအပ် သော စွပ်စွဲချက်၊ တောင်းဆိုချက်ဖြင့် ဦးဇော်အောင်သိန်း အနေနှင့် ဥက္ကဌအမည် ပြန်ထည့်လိုသော ကိစ္စကို လေးလေးနက်နက် သေချာ စဉ်းစားစေလိုကြောင်း၊ မဖြစ်နိုင်သည်ကို လိုချင်လို့ မရနိုင်ပါကြောင်း၊ ယနေ့ တက်ရောက်သူများ ပွင့်ပွင့်လင်းလင်း ဆုံးဖြတ် ချက်ချသွားရ မှာဖြစ်ကြောင်း၊ ဦးဇော်အောင်သိန်း၏ လုပ်ရပ်ကို မိမိအနေဖြင့် ရှုတ်ချပါကြောင်း၊ ပအိုဝ်း အမျိုးသားဂေဟာ အဖြစ် တည်ရှိစေခြင်းကို မိမိမှ ကြိုဆိုထောက်ခံ ပါကြောင်း ဆွေးနွေး ပြောကြားသွားပါသည်။
    ပအိုဝ်း ဌာနေပြည်သူ့စစ် ကွပ်ကဲရေးမှူး ဦးခွန်လာမှ ဆက်လက် ဆွေးနွေးရာတွင် ပအိုဝ်းအမျိုးသား ဂေဟာ နှင့် အခြား ပအိုဝ်း အမျိုးသားပိုင် အဆောက်အဦး များကို ကော်မတီဖွဲ့စည်းပုံ မူကြမ်းရေးဆွဲဖွဲ့စည်းရန် လိုကြောင်း၊ နောင်တွင် ပြဿနာ မဖြစ်စေရန်နှင့် အမျိုးသား ပိုင်ပစ္စည်းများ ရေရှည်ထိန်းသိမ်းထား နိုင်ရန်အတွက် ဆုံးဖြတ်ချက်ချ ထားနိုင်လျှင် ပိုမိုကောင်းမွန် မည်ထင်ကြောင်း ဆွေးနွေးပြီး ဦးဇော်အောင်သိန်း တို့အဖွဲ့ တင်ထားသော စာအား ပြန်လည်ရုပ် သိမ်းပေးရန် တောင်းဆိုပါကြောင်း တင်ပြသွားပါသည်။
    ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ ဦးခွန်လာပြောသော တစ်ဦးပိုင်ထက် အများပိုင်ဆိုသော ပြောကြားချက်ကို ကြိုဆိုပါကြောင်း၊ ပအိုဝ်း အမျိုးသားပိုင်ဟု ထားပါက တစ်မျိုးသားလုံး ၀မ်းသာမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ ဆက်လက် ထိန်းသိမ်းနိုင်ရန် အကောင်အထည် ဖေါ်သွားရန် လိုသည်ဟု ထင်မြင်ကြောင်း၊ ပအိုဝ်း အမျိုးသားပိုင် မြေနေရာ ကော်မတီ မူကြမ်းရေးဆွဲရန် လိုသည်ဆိုသည့် တင်ပြချက် အပေါ် ဆုံးဖြတ်ချက် တစ်ခုချထား ရန်လိုကြောင်း ဆွေးနွေးသွားပါသည်။
    ဆက်လက်၍ အစည်းအဝေး တက်ရောက်လာ သူများမှ အကြေအလည် ဆွေးနွေးပြီး အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။
(၁)    ပအိုဝ်း အမျိုးသားပိုင် မြေယာ၊ အဆောက်အဦးများ ထိန်းသိန်းရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး မူကြမ်း ရေးဆွဲသွားရန်။
(၂)    ၁၃-၇-၂၀၁၃ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး ဆုံးဖြတ်ချက်အရ ပအိုဝ်း အမျိုးသားများ လူမှုရေး အသင်းအဖွဲ့ ပေါင်းစုံနှင့် မြို့မိမြို့ဖများ မှ        ဦးဇော်အောင်သိန်း၏ လုပ်ရပ်များကို ကန့်ကွက်ကြပါကြောင်း။
(၃)    အမှတ် ၉၈၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်ရှိ ပအိုဝ်း အမျိုးသားများ ဂေဟာကို ပအိုဝ်း အမျိုးသားများ အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်သွားရန်။
(၄)    ဦးဇော်အောင်သိန်းမှ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ထံသို့ တင်ပြထားသော စာအားပြန်လည် ရုပ်သိမ်း ပေးရန်နှင့် ယခင် ဂရန်ဟောင်းကို ပအိုဝ်း အမျိုးသား များထံ ပြန်လည် အပ်နှံသွားရန်။
(၅)    ပအိုဝ်း အမျိုးသား တစ်ရပ်လုံးပိုင် ဂေဟာ၏ အရေးအရာ ကိစ္စရပ်များ ဆောင်ရွက်ရန်ရှိပါက ရဟန်းသံဃာ တော်များ၊ မြို့မိမြို့ဖများ၊ ပအိုဝ်း အမျိုးသား အသင်းအဖွဲ့များ၏ သဘော တူညီချက်ဖြင့် ရယူ ဆောင်ရွက်သွားရန်။
(၆)    ၉-၄-၂၀၁၀ ရက်နေ့ ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ကျင်းပပြုလုပ်သော အစည်းအဝေး အား ထပ်မံအတည်ပြုရန်။
(က)    အမှတ် (၉၈/၁ နှင့် ၉၈/၂) အဆောက်အဦး ပအိုဝ်းဂေဟာ ထိန်းသိမ်းရေး အဖွဲ့ကို ယနေ့ ၉-၄-၂၀၁၀ ရက်နေ့မှစ၍ ဖျက်သိမ်းပြီး ဖြစ်ကြောင်း။
(ခ)    အမှတ် (၉၈/၁ နှင့် ၉၈/၂) အဆောက်အဦး ကို ယနေ့ အစည်းအဝေး တက်ရောက်သူ အားလုံး၏ သဘောတူညီချက် ဖြင့် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ထိန်းသိမ်း သွားရန် ဖြစ်ပါသည်။
    အဆိုပါ အစည်းအဝေးကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Powered by Blogger.