Sunday, July 7, 2013

ပအိုဝ်းတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာဒေသ


လွန်ခဲ့သော အနှစ်(၇၀)ကျော်၊ ၁၉၃၁-ခုနှစ်၊ သန်းခေါင်စရင်းအရ မြန်မာနိုင်ငံအတွင်း ရှိပအိုဝ်းလူဦးရေသည် (၂၂၅၈၂၂) ဖြစ်သည်ပာု သိရသည်။ ယခုအခါ (၁၃)သိန်းခန့် ရှိသည်ပာုသိရသည်။ ပအိုဝ်းတိုင်းရင်း သားတို့သည် မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနယ်စပ်တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံးနေထိုင်သော မြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ပာိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချား စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဘားအံ၊ ကော့ကရိတ်၊ စသည့်ဒေသများတွင်လည်း အများဆုံး ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့် ကျေးရွာကိုတည်ထောင်ရာတွင် စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းမွန်သည့် ဒေသကို အဓိကထားကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် အိမ်ဆယ်လုံးခန့ှ်ရိလျှင် ရွာဖြစ် သတ်မှတ်လေ့ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှအိမ်ခြေငါးဆယ်မှ တစ်ရာအထိရှိကြသည်။ ရွာပုံစံမှာ ရွားဝိုင်းများဖြစ်၏။

အိမ်ဆောက်လုပ်ရာတွင် စီးပွားရေးအခြေအနေကိုလိုက်၍ ၀ါး၊ သစ်သား၊ အင်္ဂတေအိမ်များကိုဆောက် လုပ်နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသများတွင် မြို့ကြီးများသဖွယ် တိုက်အိမ်များကို ဆောက်လုပ်နေထိုင်ကြသည်။ ဥပမာအားဖြင့်အောင်ပန်း-လွိုင်ကော်ကားလမ်းတစ်လျောက်တွင် တွေ့နိုင်ပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားနွယ်ဘွား ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် မန္တလးတိုင်းများ အတွင်းတွင်နေထိုင်ကြသည်။

ရှမ်းပြည်နယ်တွင် ၁၉၈၉-ခုနှစ်၊ သန်းခေါင်းစရင်းအရလူဦးရေစုစုပေါင်း(၄၇၄၃၆၈)ယောက်ရှိကြောင်းသိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းသည် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်းရှိသော တိုင်းရင်းသားများအနကှ် ရှမ်းတိုင်းရင်းသားပြီးရင် ပအိုဝ်းတိုင်းရင်းသားလူဦးရေသည် ဒုတိယအများဆုံးဖြစ်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားများကို ယင်းမာပင်၊ ကလော ၊တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ ကွန်ပိာန်းလမ်းမကြီး တစ်လျှောက်တွင်လည်းကောင်း ၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်ကားလမ်းနှင့် ရထားလမ်း ၀ဲယာများတွင်လည်းကောင်း၊ အင်းလေးဒေသ အရှေ့ခြမ်းနှင့်အနောက်ခြမ်းတောင်ပေါ်များတွင်လည်းကောင်း၊ တောင်ကြီး၊ လွိုင်လင်ကို ဗပာိုပြု၍ ပျံ့နှံ့စွာနေထိုင်ကြကြောင်း တွေ့ရပါသည်။

ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊မြောက်ပိုင်းပာူ၍ သုံးပိုင်းခွဲခြားထားပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားများမှာ ဓနု၊ ပလောင်၊ ပလေး၊မြန့်၊ ကချင်၊ မောရှမ်း၊ ရှမ်းတရုတ်၊ ကိုးကန့်နှင့် ၀လူမျိုးများနေထိုင်ကြသည်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်နေထိုင်ကြသော တိုင်းရင်းသားများမှာ ဂုံ၊ လားပာူ၊ ဂုံရှမ်း၊ မြောင်၊ အခါလူမျိုးများ နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်း၊ ရှမ်း၊ ဓနု၊ အင်းသား၊ ပဒေါင်(ကယန်း)၊ ယင်းနက်၊ ယင်းကျား၊ တနော့၊ တောင်ရိုးလူမျိုးများ နေထိုင်ကြသည်။ ရှမ်းပြည်နယ်တစ်နယ်လုံး၏ အကျယ်အ၀န်း စတုရန်မိုင်းသည် (၆၁၁၂၃) စတုရန်းမိုင်ရှိသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၏ အကျယ် စတုရန်းမိုင်(၂၄၆၃၉) စတုရန်းမိုင်ရှိသည်။

၁၈၉၇-ခုနှစ်၊ အထက်ဗမာပြည်နှင့် ရှမ်းပြည်နယ် မှတ်တမ်းတွင် ပအိုဝ်းတိုင်းရင်းသား လူဦးရေနှင့် နေထိုင်ရာဒေသများကို မှတ်တမ်းတင် ဖော်ပြထားကြောင်း လေ့လာတွေ့ ရှိရပါသည်။

ထိုမှတ်တမ်းအရ ပာိုပုံးမြို့၊ ပအိုဝ်းလူဦးရေ(၂၆၂၉)၊ ဆီဆိုင်(၅၅၄၁)၊ သာမိုင်းခမ်းနယ်(၄၄၈၃)၊ တီဂျစ်(၃၁၈)၊ ကလော(၃၇)၊ ကျောက်ထပ်နယ်(၆၈)၊ ကျုံးနယ်(၈၄၈)၊လဲချားန်ယ(၁၆၁၃)၊ လွယ်အဲနယ်(၃၇၆၂)၊ လွယ်လုံန်ယ(ပင်လောင်း) (၁၆၆၄၀)၊ လွယ်မောနယ်(၃၃၃၆)၊ ဘော်နယ်(၃၄၅)၊ ဘော်နင်းနယ်(၆၂၁)၊ ဘော်ဆိုင်းနယ် (၉၈၅)၊ မိုးဗြဲနယ်(၂၀၄၈)၊ မိုင်းပွန်နယ်(၃၂၃၁)၊ နမ်းခုတ်နယ်(၁၈၈၉)၊ နောင်မွန်နယ်(၁၅၀)၊ ပွေးလှနယ်(၈၆၈)၊ ပင်မှီနယ်(၁၇၂၇)၊ ပင်းတယနယ်(၁၉၄၆)၊ စကားနယ်(၅၀၁၀)၊ ဘန်းယဉ်နယ်(၅၅၄၆) ပာူ၍ ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ လူဦးရေကို ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ မောက်မယ်နယ်၊ မိုင်းပန်၊ မိုင်းပျဉ်းနယ်နှင့် လက်သက်နယ်များတွင် ရှမ်းပအိုဝ်းလူးမျိုးများ နေထိုင်ကြောင်း ဖော်ပြထားပါသည်။

သီပေါနယ်မှတ်တမ်းတွင် ရှမ်းကုန်းပြင်မြင့်ရှိ ပအိုဝ်းတို့နေထိုင်ရာ နယ်ပယ်အရပ်ဒေသများအနက် မြောက်ဘက်အကျဆုံးနေရာမှာ မိုင်းငေါဒေသဖြစ်မည်ထင်သည် ပာူ၍လည်းကောင်း ပအိုဝ်းများသည် လဲချားနယ်သို့ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ခန့်က (၁၈၉၇-၁၂၀=၁၇၇၇)အေဒီ ၁၇၇၇-ခုနှစ်တွင် ပြောင်ေ၇ွ့လာကြသည်ပာု ဖော်ပြထားသည်။

ရပ်စောက်နယ်တွင်ပအိုဝ်းများ တောင်ယာစိုက်ခင်းလုပ်ကိုင်ကြကြောင်းဖော်ပြထားပါသည်။ မိုင်းပွန်နယ်နှင့် ပတ်သက်၍ လွယ်ကွန်တောင်မှထွက်သောသနပ်ဖက်သည် အကောင်းစားဖြစ်သည်။ မိုင်းပွန်တွင် ဖက်ပိဿ(၁၀၀)လျှင် ၁၅ကျပ်ဈေးရသည်။ သနပ်ဖက်ရောင်းရငွေ တစ်နှစ် နှစ်သောင်းမှ နှစ်သောင်းငါးထောင်အထိရသည် ပာုတ်ပအိုဝ်းစီးပွားရေး လုပ်ငန်းအကြောင်းကိုမှတ်တမ်းတင်ထားကြောင်းကိုမှတ်တမ်းတင်ထားောကာင်းတွေ့ရပါသည်။

မြန်မာနိုင်ငံတော် ဆူပူသောင်းကျန်းမှုများ (ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ) ၁၉၄၉ ခုနှစ်၊ သြဂုတ်လထုတ်စာအုပ်၏ စာမျက်နှာ ၁၁ ၊ အပိုဒ် ၂ အရ၊ ၁၉၄၈ခုနှစ်တွင် ပြင်ပ၌ နေထိုင်ကြသော ပအိုဝ်းလူမျိုးများ၏ လူဦးရေစရင်းကိုဖောပြထားပါသည်။

အဆိုပါနယ်များနှင့် လူဦးရေစာရင်းများမှာဘီးလင်းနယ် (၅၉၆၀) ကျိုက်ထိုနယ်(၁၁၇၃)၊ပေါင်နယ် (၂၁၅၇)၊ သထုံနယ် (၂၇၂၆၂)၊ ဘားအံနယ် (၁၉၈၅၁)၊ လှိုင်းဘွဲနယ် (၇၆၁၄)၊ ကော့ကရိတ် (၃၂၇၁)၊ ကြာအင်းနယ် (၇၉၈)၊ ကျိုက်မရောနယ် (၁၀)၊ မော်လမြိုင်မြို့နယ်(၅၄)၊ မုဒုံနယ် (၅)၊ လွယ်လုံနယ် (၃၇၃၆)၊ စုစုပေါင်းလူဦးရေ (၇၁၇၉၁)၊ ရှိကြောင်းဖော်ပြထားပါသည်။ မြန်မာစွယ်စုံကျမ်းအတွဲ (၁၀) မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများကြောင်းတွင် ကရင်အမျိုးနွယ်စု၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှတောင်ဘက်သထုံခရိုင်အထိပျံ့နှံ့နေထိုင်ကြသော ပအိုဝ်း(တောင်သူ) လူမျိုးများ၏ လူဦးရေမှာ(၁၂၃၀၀၀)ရှိကြောင်းဖော်ပြထားပါသည်။

မြန်မာစွယ်စုံကျမ်းအတွဲ(၆) ပအိုဝ်းလူမျိုးများအကြောင်းတွင် ၁၉၃၁ ခုနှစ် သန်းခေါင်းစာရင်းအရ ပအိုဝ်းလူမျိုး လူဦးရေမှာ (၂၂၅၈၂၂) ရှိကြောင်းဖော်ပြထားပါသည်။ တစ်ဖန် ၁၉၃၁ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းချုပ်တွင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော ပအိုဝ်းလူမျိုး လူဦးရေများမှာ ပြည်နယ်နှင့်ပြည်မတွင် ခွဲခြားဖော်ပြထားပါသည်။ ထိုစာရင်းအရရှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းလူဦးရေ (၁၅၃၉၅၆)၊ သထုံခရိုင်တွင် (၅၆၂၁၃)၊ တောင်ငူခရိုင် (၆၂၀၇)၊ ကရင်နီပြည်နယ် (၂၂၉၇)၊ ပဲခူးခရိုင် (၂၆၃၄)၊ ကျိုက္ခမီခရိုင် (၃၉၆၁)၊ စုစုပေါင်း (၂၂၅၂၆၈) ရှိကြောင်းဖော်ပြထားပါသည်။

ရှမ်းပြည်နယ် ယဉ်ကျေးမှုဌာန ပြုစုသော ပအိုဝ်းလူမျိုးများအကြောင်း စာတမ်းတွင် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ပအိုဝ်းလူဦးရေ စုစုပေါင်းမှာ (၃၅၀၀၀၀)မှ(၄၀၀၀၀၀) အထိရှိမည်ပာု ခန့်မှန်းထားကြောင်း ရေးသားထားပါသည်။ ပအိုဝ့်တို့ အများဆုံး နေထိုင်ကြမည့် မဲ့နယ်တောင်ဒေသ တစ်ခုတည်းတွင်ပင် လူဦးရေ (၂)သိန်းကျော် နေထိုင်ကြမည်ပာု ခန့်မှန်းထားပါသည်။ ၁၉၈၉ ခုနှစ်အထိ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စာရင်းအရ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်စုအတွင်းလူဦးရေ (၉၇၃၄၈၈) ရှိကြောင်းနှင့် လွိုင်လင်မြို့နယ်စုအတွင်း စုစုပေါင်းလူဦးရေ (၅၉၂၄၁၅) ရှိကြောင်းဖော်ပြထားပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင့် လွိုင်မြို့နယ်စုတို့၏ စုစုပေါင်းလူဦးရေမှာ (၁၅၆၅၉၀၃)ရှိကြောင်း ဖော်ပြထားပါသည်။

တောင်ကြီးမြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းများ၏ လူဦးရေစာရင်းများမှာ တောင်ကြီးမြို့နယ် (၁၄၄၆၁၉)၊ ပာိုပုံမြို့နယ် (၆၃၃၀၄)၊ ဆီဆိုမြို့နယ် (၆၁၅၁၀)၊ ညောင်ရွှေမြို့နယ်(၆၀၂၀၇)၊ ပင်လောင်းမြို့နယ် (၁၀၉၉၂၄)၊ ကလောမြို့နယ် (၅၂၄၆၇)၊ ရပ်စောက်မြို့နယ် (၄၇၀၁၁)၊ ပင်းတယမြို့နယ် (၂၅၉၆၂)၊ ရွာငံမြို့နယ် (၂၅၇၅၁)၊ ဖယ်ခုံမြို့နယ် (၂၆၄၃၃)၊ အသီးသီးရှိကြောင်း သိရပါသည်။ တောင်ကြီးမြို့နယ်စုအတွင်း ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်း (၆၁၇၁၈၈)၊ ရှိကြောင်းသိရပါသည်။

ထိုနည်းတူလွိုင်လင်မြို့နယ်စုအတွင်း မြို့နယ် အလိုက်နေထိုင်ကြသော ပအိုဝ်းများ၏ လူဦးရေစာရင်းများမှာလွိုင်လင်မြို့နယ် (၁၆၁၇၁)၊ နမ့်စန်မြို့နယ် (၂၇၂၆၇)၊ မိုးနဲမြို့နယ် (၁၆၁၇၁)၊ မောက်မယ်မြို့နယ် (၁၅၄၈၃)၊ မိုင်းကိုင်မြို့နယ် (၂၉၅၁၇)၊ မိုင်းပန်မြို့နယ် (၁၂၇၅၆)၊ လင်းခေးမြို့နယ် (၁၄၁၃၈)၊ လဲချားမြို့နယ် (၁၇၉၀၅)၊ ကျေးသီးမြို့နယ် (၁၂၂၉၆)၊ ကွန်ပိာန်းမြို့နယ် (ခန့်မှန်း) (၅၀၀၉)၊ မိုင်းရှုးမြို့နယ် (ခန့်မှန်း) (၅၀၀၀)၊ အသီးသီးရှိကြောင်းသိရသည်။ လွိုင်လင်မြို့နယ်စုအတွင်း ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄၅၅၂) ရှိကြောင်းသိရသည်။



ထို့ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းအကျယ်အ၀န်း စတုရန်းမိုင် (၂၄၆၃၉) ရှိပြီးလူဦးရေစုစုပေါင်း (၁၅၆၅၉၀၃) ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁၇၄၀) ရှိကြောင်းသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကိုဗပာိုပြု၍ အနောက်ဘက်တွင် ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ်ဧရိယာအဆုံး၊ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်စပ်နှင့် တောင်ကြီးမြို့နယ်အဆုံး၊ မောက်မယ်မြို့နယ် အဆုံး ယိုးဒယားနိုင်ငံအထိလူဦးရေထူထပ်ပျံ့နှံ့စွာနေထိုင်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

ပအိုဝ်းတိုင်းရင်းသား အများဆုံးနေထိုင်ကြသည့် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များ၏ ဧရိယာ အကျယ်အ၀န်း လူဦးရေများကို အနည်းငယ် နှိုင်းယှဉ်သွားမည်ဖြစ်ပါသည်။ ကယားပြည်နယ်၏ အကျယ်အ၀န်း စတုရန်းမိုင်သည် ၄၈၂၀၊ မွန်ပြည်နယ် ၄၇၄၈၊ ကရင်ပြည်နယ် ၁၁၇၃၀၊ ချင်းပြည်နယ် ၁၃၉၀၇၊ ရခိုင်ပြည်နယ် ၁၅၀၀၀ နှင့် ကျချင်ပြည်နယ် ၃၄၃၇၉ ရှိကြောင်းသိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းဒေသသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၄၆၃၉ ရှိပြီးကျချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှအပ ကျန်သောပြည်နယ်များထက် ပို၍ကျယ်ဝန်းကြောင်း လေ့လာတွေ့ရှိရပါသည်။

ထိုနည်းတူ လူဦးရေအနည်းအများကို လေ့လာကြည့်မည်ဆိုလျှင် ကယားပြည်နယ်၏ စုစုပေါင်းလူဦးရေသည် ၁၈၈၆၄၆၊ ချင်းပြည်နယ် ၁၀၂၂၅၃၅၊ ကရင်ပြည်နယ် ၁၁၈၉၅၄၂ မွန်ပြည်နယ် ၁၆၈၂၆၄၁၊ ရခိုင်ပြည်နယ် ၂၂၇၅၂၉၅ ရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၏ လူဦးရေသည်ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်မှအပ ကျန်သောပြည်နယ်များထက် လူဦးရေများပြားကြောင်း တွေ့ရပါသည်။ ပအိုဝ်းလူဦးရေ တစ်မျိုးတည်းပင်လျှင် ကယားပြည်နယ်နှင့်ချင်းပြည်နယ်၏ လူဦးရေထက် များပြားကြောင်း လေ့လာသိရှိရပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးသည် မွန်ဂိုလွိုက်အနွယ်များချည်းသာဖြစ်သည်။ ရောက်ရှိနေထိုင်ရာဒေသ သဘာဝတောတောင်နယ်မြေ အရ ဘာသာစကား ဓလေ့ထုံးစံများ ကွဲပြားသောလည်း တစ်မြေတည်းနေတစ်ရေတည်းသောက် တစ်လှေထဲစီးတစ်ခရီးထဲသွား အေးတူပူအမျှ ဥမကွဲသိုက်မပျက် မခွဲမခွာကြစတမ်း လက်တွဲပူးပေါင်းနေထိုင်မည်သာ ဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများ၏ လူဦးရေသည် အခြားသောတိုင်းရင်းသားနည်းတူ ရှိသည့်အပြင် ၎င်းတို့ နေထိုင်ရာဒေသ ပထ၀ီအနေအထားအရလည်း ထင်ထင်ရှားရှား ရှိသော လူမျိုးဖြစ်ကြောင်းသိရပါသည်။
Powered by Blogger.