Friday, August 2, 2013

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ရုံးမှ ဦးဇော်အောင်သိန်းထံ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာနသို့ တင်ထားသော ပအိုဝ်းဂေဟာကိစ္စအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန် အကြောင်းစာပေးပို့

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်


    ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ရုံးမှ ဦးဇော်အောင်သိန်းထံ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ရက်စွဲပါ စာအမှတ် ၀၂၁/ ပ-အ-စ-ယ/၂၀၁၃ ဖြင့် ခရိုင်ရုံးသို့ တင်ထားသော ပအိုဝ်းဂေဟာကိစ္စ စာအား ပြန်လည်ရုပ်သိမ်းရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ စာပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ပအိုဝ်းပြည်သူများ၊ ပအိုဝ်းမြို့မိမြို့ဖများ ကျင်းပပြုလုပ်ခဲ့သော (၁၃-၇-၂၀၁၃) စနေနေ့ ပအိုဝ်းအမျိုးသားများ ဂေဟာကိစ္စ တွေ့ဆုံပွဲတွင်
(က)    ပအိုဝ်းအမျိုးသားများ၊ ပအိုဝ်းလူမှုအသင်းအဖွဲ့ပေါင်းစုံနှင့် မြို့မိမြို့ဖများမှ ဦးဇော်အောင်သိန်း၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချ ကြပါကြောင်း။
(ခ)    အမှတ် ၉၈၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ရှိ ၉၈/၁ နှင့် ၉၈/၂ အဆောက်အဦများအား ပအိုဝ်းအမျိုးသားများ အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊ ဂရန်သစ်အား (၈-၉-၁၉၉၉) ရက်နေ့ တွင် ပြုလုပ် ရရှိပြီး ဖြစ်ကြောင်း။
(ဂ)    (၉-၄-၂၀၁၀) ရက်နေ့ ပအိုဝ်းအမျိုးသားများ ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ပအိုဝ်းဂေဟာ အဆောက်အဦး ပစ္စည်းထိန်းသိမ်းရေးအဖွဲ့ကို (၉-၄-၂၀၁၀) ရက်နေ့တွင် အများဆန္ဒ သဘောတူ ဖျက်သိမ်းပြီး ဖြစ်ကြောင်း။
(ဃ)    သို့ဖြစ်ပါ၍ ဦးဇော်အောင်သိန်းမှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာနသို့ တင်ထားသော ပအိုဝ်းဂေဟာကိစ္စအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန် အကြောင်းကြားပါသည်။

Powered by Blogger.