Sunday, August 18, 2013

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီနှင့်အဖွဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကျောက်တန်းဒေသသို့သွားရောက်၍ ဘုန်းကြီးကျောင်းတက်၊ အလှူဒါနပြု၊ ဒေသခံ မိဘပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ


၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဖြားတန်အောင်ခမ်းထီနှင့် အဖွဲ့သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းဒေသသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြားတန်အောင်ခမ်းထီနှင့် အဖွဲ့သည် နံနက် (၉း၁၅) နာရီခန့်တွင် ကျောက်တန်းဒေသ၊ ပုံးချောင် ဘုန်းတော်ကြီး ကျောင်းတွင် ဆရာတော် သံဃာတော်ကြီးများထံမှ ငါးပါးသီလခံယူ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံ မိဘပြည်သူ အင်အား(၂၀၀) ခန့်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လည်းကောင်း၊ နံနက် (၉း၅၀) အချိန်ခန့်တွင် ကျောက်တန်းရွာမ ဘုန်းတော်ကြီး ကျောင်းတွင် ဆရာတော်ကြီးထံ ငါးပါးသီလခံယူ လှူဖွယ် ၀တ္ထုများ ဆက်ကပ်လှူဒါန်း၍ ဒေသခံ မိဘပြည်သူ အင်အား (၂၅၀) ခန့်နှင့် ရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ဆက်လက်ပြီး ကျောက်တန်းဒေသ၊ နမ်းဟူးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သက်တော်ရှည် ဆရာတော်ဘုရားကြီး (သက်တော် (၈၈)နှစ်) ထံ  ငါးပါသီလ ခံယူ လှူဖွယ် ၀တ္ထုများ ဆက်ကပ်လှူဒါန်း၍ ဒေသခံ မိဘပြည်သူ အင်အား (၂၀၀) ခန့်နှင့် ရင်းရင်းနှီးနှီး ထပ်မံတွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။














   


   
Powered by Blogger.