Monday, December 22, 2014
ဟိုပုံးမြို့ ကံတက်ဘုန်းကြီးကျောင်း၌ ဟိုပုံးမြို့နယ်ရှိ သင်တန်းနည်းပြဆရာ/ဆရာမများ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနား
တောင်ကြီး၊ ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
  ၂၀၁၄၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးစီးပြီး ဟိုပုံးမြို့နယ်ရှိ သင်တန်နည်းပြဆရာ/ဆရာမ များကို ဟိုပုံးမြို့ ကံတက်ဘုန်းကြီးကျောင်း၌ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ပါသည်။
   ဤအခမ်းအနားကို မြင့်မိုရ်ခမ်း ဒုခမ်းဗွေ ဦးဗိုလ်ကြုတ်၊ သူရိယခမ်း ခမ်းဗွေ ဦးအောင်သုခ၊ ဟိုပုံးမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌစင်မွိုးမွံ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချူပ်ရုံးရှိ အတွင်းရေးမှူး အထောက်အကူပြုအဖွဲ့မှ ဆရာစောခွန်ကျော်ဝင်း၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်     ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။        
  ရှေးဦးစွာ ကံတက်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး  ဖြားခွန်ဗိုလ်ကြုတ်၊ ဖြားခွန်အောင်သုခ၊ ဖြားခွန်သိန်းဖေတို့ အမှာစကားပြောကြားကာ စင်မွိုးမွံကလည်းအားပေးစကားပြောကြားပြီး ဆက်လက်၍ ဆရာစောခွန်ကျော်ဝင်းမှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသွားခဲ့ပါသည်။
ခွန်ရဲအောင်
Powered by Blogger.