ရှေ့ဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ လူကြီးမင်းများနှင့် ကြွရောက်လာသော ပရိသတ်များက ရတနာ (၃)ပါးကို ရှိခိုးကန်တော့၍ (၅)ပါးသီလ ခံယူကာ ပင်ဖြစ်ဆရာတော်၏ သြ၀ါဒစကားကို ဆက်လက်ခံယူခဲ့ပါသည်။
ထိုနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ စည်ရုံးရေးပုဂ္ဂိုလ် ဦးခွန်ပညာဗုတ်က ဟောပြောပွဲကျင်းပရခြင်းအကြောင်းကို လျှောက်တင်ပြီး ပင်ဖြစ်ဆရာတော်၏ သြ၀ါဒစကားကို နာယူခဲ့ပါသည်။
ဆက်လက်၍ ပအိုဝ်းဘာသာသင်ကြားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအုန်းငွေက ပညာရေးနှင့် ပတ်သက်၍သော်လည်းကောင်း၊ PNA ပြည်သူစစ်အဖွဲ့မှ ဦးခွန်လှမောင်က PNO၊ PNA ဖွဲ့စည်းလာပုံ၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ PNO ဗဟိုကော်မတီမှ ဆရာဦးခွန်ကိုးက ဒေသရှင်သန်ရေး၊ ဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍သော်လည်းကောင်း အသီးအသီး တင်ပြဟောပြောသွားခဲ့ပါသည်။
ဟောပြောပွဲကျင်းပရခြင်းမှာ သမိုင်းအကြောင်း နားလည်သဘောပေါက်ပြီး၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန်နှင့် ဒေသရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို ဟောပြောပွဲကို နောင်တရားမြို့နယ်၊ နမ်းပလင်းကျေးရွာ၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်း ကျေးရွာတွင်လည်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS