Tuesday, February 10, 2015

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုရုံးတွင် (၆၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်



ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပပေးသော (၆၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသား နေ့ အထိမ်းအမှတ် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲကို၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်၊ တနင်္ဂနွေနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ဦးခွန်ရာမက အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို စတင်ခဲ့ပါသည်။ ထိုနောက် ပြိုင်ပွဲဝင် တက္ကသိုလ်ကျောင်းသား/သူများ မဲနှိုက်ယှဉ်ပြိုင်ကာ ဆုရရှိသူများကို ဆက်လက်ကြေငြာပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများနှင့် အကဲဖြတ်ပေးကြသော တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာဌာန ဆရာ/မများအား အမှတ်တရဖြစ်သော ပအိုဝ်းလွယ်အိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆုရရှိသူများကို ပအိုဝ်းအမျိုးသားနေ့ပွဲတော် (၂-၃-၂၀၁၅)နေ့တွင် ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲကို ပအိုဝ်းတိုင်းရင်းသားများ အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြှင့်တင်ရန်အတွက် ၂၀၁၃ခုနှစ်တွင် စတင်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။   

ခွန်ထင်းလေအောင်း
Powered by Blogger.