Monday, March 9, 2015

Apple မှ ထုတ်ကုန်အသစ် Apple Watch ကို ထုတ်ဖေါ်ပြသ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ မတ်လ ( ၁၀ ) ရက်


ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ Apple မှ ၄င်း၏ အီလက်ထရောနစ် ထုတ်ကုန်သစ် Apple watch ကို ထုတ်ဖေါ်ပြသခဲ့ပြီဖြစ်သည်။ အဆိုပါ Apple Watch ကို (၃) မျိုး ခွဲခြားထုတ်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ (၃) မျိုးထဲမှပင် အရွယ်အစား၊ အရောင်၊ ကြိုးအမျိုးစား စသဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူသွားနိုင်မည်ဖြစ်သည်။ အကြမ်းအားဖြင့် ပထမ အမျိုးအစားမှာ အလူမီနီယံ ကိုယ်ထည်နှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး 38 MM အရွယ်အစားမှာ အမေရိကန်ဒေါ်လာ ၃၅၀ကျော် ကျသင့်မည်ဖြစ်ပြီး 42MM မှာဒေါ်လာ (၅၀) ပိုကျသင့်မည်ဖြစ်ကြောင်း၊ ဒုတိယအမျိုးအစားကို Stainless Steel ဖြင့်တည်ဆောက်ထားပြီး ဒေါ်လာ ၅၅၀/၆၀၀ ကျော်ဖြင့်လည်းကောင်း၊ တတိယအမျိုးအစားမှာ 18-karat ရွှေဖြင့် ပြုလုပ်ထားပြီး ဒေါ်လာ (၁၀၀၀) ကျော် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Apple Watch များကို April လအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။












ကိုးကား - www.apple.com

ခွန်ခမ်းမြတ် (နောင်တရား)

Powered by Blogger.