Tuesday, March 10, 2015

ပြင်သစ်ဂုဏ်ဆောင် အားကစားသမား(၃)ဦး အပါအဝင် လူ(၁၀) ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်နှစ်စင်း အာဂျင်တီးနားနိုင်ငံတွင်း TV အစီစဉ်ရိုက်ကူးနေစဉ် ရဟတ်ယာဉ်ချင်းတိုက်မိ၊ ပျက်ကျ၍သေဆုံး

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်


ပြင်သစ်ဂုဏ်ဆောင် အားကစားသမား (၃) ဦး အပါအဝင် လူ (၁၀) ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်နှစ်စင်းသည် အာဂျင်တီးနားနိုင်ငံအတွင်း Reality Show TV အစီအစဉ် ရိုက်ကူးနေစဉ် ရဟတ်ယာဉ်ချင်း တိုက်မိ​ပြီး ပျက်ကျသွားခဲ့ရာ လူ(၁၀) ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါကစားသမားထဲတွင် Camille Muffat၊ အသက် (၂၅)နှစ် (၂၀၁၂ ခုနှစ် လန်ဒန်အိုလန်ပစ်တွင် မီတာ ၄၀၀ ရေအလွတ်ကူးပြိုင်ပွဲမှ ရွှေတံဆိပ်အပါအဝင် ပြင်သစ်နိုင်ငံအတွက် ဆုတံဆိပ် ၃ ခုရယူပေးခဲ့)၊ Alexis Vastine၊ အသက် (၂၈)နှစ် ( ၂၀၀၈ ခုနှစ် ပေကျင်းအိုလန်ပစ်တွင် light-welterweight တန်း၌ ကြေးတံဆိပ် ရယူပေးခဲ့) နှင့် Florence Arthaud၊ အသက် (၅၇)နှစ် (ရွက်လှေအားကစားသမားဟောင်း တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကစားသမားများနှင့် သေဆုံးသူများအားလုံးအတွက် ပြင်သစ်နိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်မှ လူပုဂ္ဂိုလ်များက ချီးကျူးဂုဏ်ပြုခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ စာနာသနားခြင်းများ ဖော်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုးကား - http://www.bbc.com/news/world-europe-31811445

ခွန်ခမ်းမြတ် (နောင်တရား)
Powered by Blogger.