တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၁၆) ရက်
၂၀၁၅ခုနှစ်၊ မတ်လ(၁၄)ရက်၊ စနေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟို ဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားညီလာခံအတွက် အစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် PNO ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီဥက္ကဋ္ဌ ဖြားတန်ခွန်စံလွင်တို့က အမှာစကားပြောကြားကာ မတ်လ(၂၄-၂၅) ရက်တွင် ပြုလုပ်မည့် ပအိုဝ်းအမျိုးသားညီလာခံကြီး ဖြစ်မြောက်ရန်အတွက် ပွဲဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ညီိလာခံအတွက် ဖိတ်ကြားမည့် လူဦးရေ သတ်မှတ်ခြင်း၊ ညီိလာခံတွင် တင်ပြမည့် အစီရင်ခံစာကို မွမ်းမံပြင်ဆင်ခြင်း စသည်တို့ ညှိ့နှိုင်းဆွေးနွေးသွား ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS