Sunday, March 8, 2015

ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတွင် မြို့နယ်ရုံးမှ ဦးဆောင်၍ English speaking သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊၂၀၁၅-ခုနှစ်၊ မတ်လ (၉) ရက်




၂၀၁၅-ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတွင် မြို့နယ်ရုံးမှ ဦးဆောင်၍ English Speaking သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဖိတ်ကြားထားသော လူကြီးမင်းများနှင့်တကွ သင်တန်းသူ/ သား (၄၀) ကျော်ခန့် တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာ ယမ်တွင်းငါးကြောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌဦးခွန်သန်းထူးမှ အဖွင့်အမှာစကားပြောကြားရာတွင် အင်္ဂလိပ်စကားသည် နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့်အတွက် ကြိုးစားပြီးသင်ယူကြရန် အားပေးစကားပြောကြားခဲ့ပြီး ရပ်စောက်မြို့နယ် (PNO) အတွင်းရေးမှူး ဦးခွန်စံသိန်းမှ ယခုလိုသင်တန်းဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းသာကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် English Speaking သင်တန်းပို့ချပေးမည့် ဆရားများက သင်တန်းသူ/ သား များနှင့် မိတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ခွန်အောင်မျိုးဦး
Powered by Blogger.