Wednesday, March 4, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ၏ ပအိုဝ်းအမျိုးသားနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ခရီးစဉ်

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၅) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး ဦးခွန်သိန်းဖေသည် ၂၇.၂.၂၀၁၅ ညနေ (၆) နာအချိန်တွင် ဘီးလင်းမြို့နယ်၊ ခဲမောက်ကျောင်း၌ ဘီးလင်း၊ ကျိုက်ထို မြို့နယ်မှ ပါတီ၊ စာပေနှင့်ယဉ်ကျေးမူ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အမျိုးသားရေးကိစ္စများ ဆွေးနွေးကြပါသည်။ ည ၈း၃၀ အချိန်တွင် မွန်ပြည်နယ်ရုံး၌ ပြည်နယ်စာပေနှင့်ယဉ်ကျေးမူအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ခွန်တန်နွယ်လူငယ် အဖွဲ့များနှင့် တွေ့ဆုံကြပါသည်။




၂၈.၂.၂၀၁၅ နံနက် ၈း၀၀ အချိန်တွင် အောင်မြေရွှေဘုံ (သထုံ) ကျောင်း၌ စင်္ကာပူ ဆရာတော်၊ အောင်မြေရွှေဘုံဆရာတော်၊ ကျောက်ကလပ်ဆရာတော်များ အပါအ၀င် ပြည်နယ်တွင်းရှိ ပါတီ၊ စာ/ယဉ်၊ လူငယ်အဖွဲ့များနှင့် တွေ့ဆုံပြီး အမျိုးသားများ၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြပါသည်။ နေ့လည် ၁း၀၀ အချိန်တွင် ပုဗ္ဗာဘုံကျောင်းဆရာတော်ကို သွားရောက်ဖူးမျော်ပြီး အမျိုးသားရေးကိစ္စ လျှောက်ထားခြင်း ပြုခဲ့ပါသည်။ ညနေ ၃း၀၀ အချိန်တွင် ပေါင်မြို့နယ်၊ အုန်းတပင်ရွာသို့ ရောက်ရှိပြီး အုန်းတပင်ဘုန်တော်ကြီးကျောင်း၌ ဒေသခံများနှင့် တွေ့ဆုံပြီး၊ အမျိုးသားနေ့ အခမ်းအနား ကျင်းပသည့် ကွင်းသို့ သွားရောက်ကာ အားကစားပြိုင်ပွဲကို အားပေးခဲ့ပါသည်။ ညပိုင်းတွင် မြိုင်ကလေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံခဲ့ပါသည်။



၁.၃.၂၀၁၅ နံနက် ၉း၀၀ အချိန်တွင် ဘားအံမြို့နယ် ငါးဆူကျောင်း၌ ဘားအံ၊ ကော့ကရိတ်၊ လိုင်းဘွဲ့ မြို့နယ်များမှ ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
၂.၃.၂၀၁၅ နံနက် ၉း၀၀ အချိန်တွင် ရန်ကုန်မြို့၊ တောင်ကြီးကျောင်းတိုက် ဆရာတော်ကို သွားရောက်ဖူးမျော်ကာ ရန်ကုန်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူ အဖွဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ကြိုတင်ဆောင်ရွက်နေသည်များကို အားပေးခဲ့ပါသည်။



၎.၂.၂၀၁၅ နံနက် ၇း၀၀ အချိန်တွင် ပဲခူးတိုင်း ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့မှ ဦးစီးကျင်းပသည့် ကျောက်တံခါးမြို့နယ်၊ နောင်ပချားရွာ၊ ဒဲဉ်သီးလာဗွေ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါသည်။ ပဲခူးတိုင်းအတွင်း ဝေါမြို့နယ်၊ ပဲခူးမြို့နယ်၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ရေတာရှည်မြို့နယ်၊
 ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ် စသည်တို့တွင် ပအိုဝ်းများ လက်ရှိနေထိုင်လျှက်ရှိကြောင်း အခမ်းအနားသို့တက်ရောက်လာသည့် ဒေသအသီးသီး၏ ထုတ်ဖော်ချက်အရ သိရှိရပါသည်။

ဆော်;၀င်,
Powered by Blogger.