Sunday, May 31, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ဘုန်းတော်ကြီးကျောင်းတွင် စွမ်းရည်မြင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၃၁) ရက်





၂၀၁၅-ခုနှစ်၊ မေလ(၂၉)ရက်၊ သောကြာနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ဘုန်တော်ကြီး ကျောင်းတွင် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုဌာနရုံးမှ ဆင့်ပွားပို့ချပေးသော စွမ်းရည်မြင့်သင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တွဲဖက်အတွင်းရေးမှူး ဆရာခွန်ကိုး၊ ပင်လောင်းမြို့နယ် ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီ အတွင်းရေးမှူး ဦးခွန်ကျော်စိန်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးမှ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဘန့်ဘာကျေးရွာအတွင်းရှိ ကျေးရွာ သူကြီးများ တက်ရောက်ခဲ့ကြပါသည်။
ရှေ့ဦးစွာ ကြွရောက်လာကြသော လူကြီးမင်းနှင့် သင်တန်းသူ/သားများက ရတနာ(၃)ပါးကို ရှိခိုးရိုသေ၍ (၅)ပါးသီလ ခံယူကာ ပင်ခွန်ဆရာတော်မှ သြ၀ါဒကို ခံယူပြီး ဘန့်ဘာကျေးရွာဒေသခံ ဦးအိန္ဒော၊ ပင်လောင်းမြို့နယ် ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီ အတွင်းရေးမှူး ဦးခွန်ကျော်စိန်၊ ပအိုဝ်းလူယ်ငယ်ကွန်ယက်(PYN)အဖွဲ့မှ ခွန်စိုးပိုင်တို့မှ အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တွဲဖက်အတွင်းရေးမှူး ဆရာခွန်ကိုးက အမှာစကား ပြောကြားရာတွင် ယခုလို ပင်လောင်းမြို့နယ်၊ ကျေးရွာလူကြီး မင်းများနှင့် သင်တန်းသူ/သားများကို တွေ့ဆုံခွင့်ရသည်မှာ မိမိအနေနှင့် ၀မ်းသာမိပါကြောင်း၊ မိမိ၏ အမည်အရင်းမှာ တကိုးဖြစ်၍ ဗဟိုသံဃာတော်များအဖွဲ့မှ ဦးစွာ ကျင်းပပေးသော ပအိုဝ်းစာပေ ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)တွင် အဆင့်(၁)ရ၍ ဆရားကိုးဟု အများကခေါ်ထွင်ခဲ့ကြောင်း၊ မိမိအနေဖြင့် စွမ်းရည်မြင့်သင်တန်းပို့ချရသည်အပေါ်တွင် လူငယ်များ နိုင်ငံရေးအသိအမြင်ကျယ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ PNOပါတီမှာ ၂၀၁၀ခုနှစ်တွင် ဖွဲ့စည်း၍ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးရှိပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် မကြာတော့သည့် အချိန်ကာလတွင် အာဆီယံနိုင်ငံများနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရတော့မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေနှင့် နည်းပညာ၊ အတတ်ပညာများ တတ်ထားရန်လိုအပ်ကြောင်း၊ ထိုအတွက် စိတ်ဆန္ဒပြင်းပြရန် လိုအပ်ကြောင်း၊ ၂၀၁၅ မဲစာရင်းထွက်လာပါက သွားရောက်ကြည့်ရူ၍ မဲစာရင်းထဲ မပါသူများကို ၀ိုင်းဝန်းကူပေးကြပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနမှ လေ့ကျင့်/ပညားပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေက လူ့စွမ်းအားအရင်းအမြစ်၊ သင်တန်းနှင့်ပအိုဝ်းလူမျိုးများ၊ အမျိုးသမီးအခွင့်အရေး၊ ဒီမိုကရေစီနှင့် ပအိုဝ်းလူမျိုး စသည်နှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားသွားပါသည်။ ထို့နောက် သင်တန်းသူ/များက ကျေးဇူးတင်စကားများ ပြောကြားကာ အခမ်းအနားကို ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.