Sunday, May 31, 2015

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မြနန္ဒာရေထွက်ဦးကျောင်းတိုက်တွင် စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၃၁) ရက်





ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေထွက်ဦးကျောင်းတိုက် ၂၉.၅.၂၀၁၅ရက်၊ သောကြာနေ့တွင် စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO)နာယက ဦးခွန်ချစ်မောင်၊ ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO) တွဲဖက်အတွင်းရေးမှူး ဦးခွန်ထွန်းရွေ၊ ကလောမြို့နယ် ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO) ဥက္ကဌ ဦးခွန်ထွန်းတင် တို့ကတက်ရောက်အားပေးစကားပြောကြားခဲ့ပါသည်။
ရှေ့ဦးစွာ မြနန္ဒာရေထွက်ဦးကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလနှင့်သြဝါဒခံယူပြီး အခမ်းအနားကို စတင်ခဲ့ပါသည်။ ဆက်လက်၍ ကလောမြို့နယ် ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO) ဥက္ကဌဦးခွန်ထွန်းတင်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO) နာယကဦးခွန်ချစ်မောင်က စွမ်းရည်သည် လူအရင်းအမြစ်ဖြစ်ကြောင်း၊ စိတ်ဓာတ်မြှင့်မှလူမျိုးမြင့်မည် ဆိုသကဲ့သို့မိမိလူမျိုးမိမိရပ်ရွာ ဖွံ့ဖြိုးအေးချမ်း သာယာဖို့အတွက်မိမိတို့သည်တာဝန်ရှိကြောင်း၊ သို့ဖြစ်ပါ၍ မိမိကိုယ်ကို စိတ်ဓာတ်မြင့်တင်ရမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။
စွမ်းရည်မြင့်သင်တန်းမှာမိမိတို့၏(၁) လူမျိုးသမိုင်းကြောင်းသိရှိရန်၊ (၂) နိုင်ငံရေးအသိအမြင်များ ရရှိစေရန်၊ (၃) ရပိုင်ခွင့်များ တာဝန်ဝတ္တရားများသိရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံသဘောတရားများ သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပို့ချခဲ့သည်။
ထို့နောက် ပအိုဝ်းအမျိုးသားဖွဲ့ချုပ်(PNO)  နာယကဦးခွန်ချစ်မောင်က သင်တန်းသူ၊သားများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြား ပြီးနောက် ပအိုဝ်းရိုးရာသီချင်းနှင့်ရိုးရာအကများ ဖျော်ဖြေ၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင့်သိရှိရပါသည်။

နန်းသီရိအောင်
Powered by Blogger.