Tuesday, June 2, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဟူး(ပေါမူ)ကျေးရွှာအုပ်စု ဌာနပေါမူတွင်(၃၂)မြောက် ဗုဒ္ဓပူဇာနိယ စေတီတော်ပူဇော်ပွဲနှင့် ပအိုဝ်းစာပေ၊ ပရိယတ္တိစာအောင်သံဃာတော်၊ ဆယ်တန်းအောင် ဘွဲ့ရကျောင်း သား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၂) ရက်



၁-၆-၂၀၁၅၊ နယုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ်းဟူး(ပေါမူ)ကျေးရွှာအုပ်စု ဌာနပေါမူတွင် ပေါမူဘုန်းတော်ကြီးကျောင်း နာယကဆရာတော်ဘဒ္ဒန္တအာနန္ဒာဝံသ ဦးစီးကျင်းပအပ်သော (၃၂) ကြိမ်မြောက် ဗုဒ္ဓပူဇာနိယ စေတီတော်ပူဇော်ပွဲနှင့် ပအိုဝ်းစာပေ၊ ပရိယတ္တိစာအောင် သံဃာတော်၊ ဆယ်တန်းအောင် ဘွဲ့ရကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားကို နယုန်လပြည့်နေ့ နေ့လယ်(၁၂း၀၀)အချိန်တွင် ဗုဒ္ဓပူဇာနိယ စေတီတော်ပူဇော်ပွဲ အလှူဇာပဒေသာပင် လှည့်လည်၍ မွန်းတည့်(၁၂း၃၀)အချိန်မှာ တရားနာအလှူရေစက်ချပြီး ပင့်ကျောင်း သံဃာတော်များအား န၀ကမ္မအလှူဇာဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုနောက် (၃၂) ကြိမ်မြောက် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်အပ်သော ပရိယတ္တိစာအောင်သံဃာတော် ပအိုဝ်းစာပေနှင့်ယေန်ကျေးလိမ္မာသင်တန်း ဆယ်တန်းအောင်နှင့် ဘွဲ့ရကျောင်းသား/ကျောင်းသူများအား နယုန်လပြည့်နေ့ ည(၈း၀၀)အချိန်တွင် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို (M.sc)ဘွဲ့ရတစ်ယောက်၊ ရူပဗေဒဘွဲ့ရ(၂)ယောက်၊ ဆယ်တန်းအောင် ကျောင်းသား/သူများ(၃)ယောက်၊ ပအိုဝ်းစာပေ စာအောင်ဆုရရှိသောကျောင်းသား/သူများ ပထမဆု ဒုတိယဆု တတိယဆု(၃)ယောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ အင်္ဂလိပ်စာသင်တန်း Level(1)ပထမဆ၊ု Level(2)ပထမဆ၊ု Level(3)ပထမဆုရရှိသောကျောင်းသား/သူများအားဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ စာအောင်ဆုရရှိသောကျောင်းသား / ကျောင်းသူများအပေါ်အားပေါမူကျောင်းဆရာတော် သြ၀ါဒအမှာစကားမိန့်ကြားခဲ့သည်မှာယနေ့ခေတ်ဟာဖွံ့ဖြိုးတိုးတက်သောပညာခေတ်ဖြစ်ကြောင်းကျောင်းသား/သူများအနေနှင့် သက္ကသိုလ်ဝင်တန်းဘွဲ့ရတဲ့အထိပြီးမြောက်အောင် သင်ယူကြစေရန် နောင်တချိန်ရပ်ရွှာမိဘပြည်သူများ အားကိုးရမည့်ထူးချွန်သောလူငယ်တစ်ယောက်ဖြစ်စေလိုကြောင်း သြ၀ါဒအမှာစကားပြောကြားပေးတဲ့နောက် နမ်းဟူး(ပေါမူ)ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူးခွန်အောင်ဆန်းက ဆက်လက်၍အမှာစကားပြောကြားပေးပြီး တစ်ဆက်တည်းမှာ ပအိုဝ်းစာပေနှင့်ယေဉ်ကျေးမှုဓလေ့ အဆို အက သီဆိုကပြခဲ့ပါသည်။ ထိုပွဲမှာ နှစ်စဉ်နှစ်တိုင်း နယုန်လပြည့်နေ့ပအိုဝ်းရိုးရာမီးလုံးပွဲ အပါအ၀င် စည်ကားသိုက်မြိုက်စွာကျင်းပ လျက်ရှိကြောင်း သတင်းရရှိသည်။

ခွန်ပန်းစိန်

Powered by Blogger.