Thursday, May 7, 2015

ပအိုဝ်းစာပေသင်တန်း ဖြေဆိုအောင်မြင်သူ ဆုချီးမြှင့်ပေးအပ်ပွဲ (ကျောင်,လင်,ပွယ်,) အခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး ၂၀၁၅ခုနှစ်၊မေလ (၈) ရက်


 ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ယေးခေါဝ်းရွာတွင် ၂၀၁၅ခုနှစ်၊ မေလ (၇) ရက်နေ့ ၌ ပအိုဝ်းစာပေသင်တန်း ဖြေဆိုအောင်မြင်သူ ဆုချီးမြှင့်ပေးအပ်ပွဲ (ကျောင်,လင်,ပွယ်,) အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။


ဤအခမ်းအနားသို့ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ဗဟိုအလုပ်မှုဆောင် ဦးခွန်ပညာဗုတ် နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရပါသည်။


ရှေးဦးစွာ ယေးခေါဝ်းရွာရှိ သဘာပတိ ဦးခွန်ဥာဏ်မှ အမှာစကား ပြောကြားပြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ တိုက်တွန်းအမှာစကား ပြောကြားကာ၊ ဆက်လက်၍ ဦးခွန်ပညာဗုတ်မှ  တက်ရောက်လာကြသည့် မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ သူများကို ဂုဏ်ပြုအားပေးစကား ဆက်လက် ပြောကြားခဲ့ပြီး အစီအစဉ်အရ ဆုများ ရရှိသော ကျောင်းသား/သူများကို ဆုများ ချီးမြှင့် ပေးအပ်ခဲ့ပါသည်။


ယင်းနောက် ကျောင်းသား/ကျောင်းသူများသည် ပအိုဝ်းရိုးရာ သီချင်း နှင့်အကပဒေသာမျိုးစုံကို ကပြဖျော်ဖြေ သွားပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။





ခွန်ခမ်းမိုးဦး

Powered by Blogger.