Saturday, May 16, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်း ပရဟိတကျောင်းတွင် အမေရိကန်သံရုံးမှ အသိအမှတ်ပြုသော English Access Microscholarship Program လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ မေလ (၁၆) ရက်

   
၂၀၁၅ခုနှစ်၊ မေလ(၁၅)ရက်၊ သောကြာနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတကျောင်းတွင် မန္တလေး Englisg Access ကျောင်းသား/သူ နှင့် ဟိုပုံးနောင်တောင်း Englisg Access ကျောင်းသား/သူများအား အမေရိကန်သံရုံးမှ အသိအမှတ်ပြုသော English Access Microscholarship Program လက်မှတ် ပေးအပ်ချီးမြှင့်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။

 အခမ်းအနားသို့ ဟိုပုံး Access ကျောင်းသား/သူများနှင့် မန္တလေး Access ကျောင်းသား/သူတို့က ပူးပေါင်းပြုလုပ်ကြကာ ရှေ့ဦးစွာ နောင်တောင်းဆရာတော်မှ သြ၀ါဒအမှာစကားမြွက်ကြားပြီး ဟိုပုံး Access Project Director ဆရာဦးထွန်းအောင်နှင့် မန္တလေး Access Project Director ဆရာဦးကျော်ဆန်း တို့က ဆက်လက် အမှာစကားပြောကြားသွားပါသည်။

 ထို့နောက် အမေရိကန်သံရုံးမှ Cultural Affairs Assistant Education ဆရာမဒေါ်သူဇာလွင်က အမှာစကားပြောကြားပြီး ဆရာတော်အား လက်ဆောင်ပစ္စည်းပေးအပ်ကာ Access ကျောင်းသား/သူများ အား Certificate (အမေရိကန်သံရုံးမှ အသိအမှတ်ပြုသော ကျောင်းသူ/သားလက်မှတ်) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 English Access Microscholarship Program သည် ကျောင်းသား/သူများကို အင်္ဂလိပ်စာ ကျွမ်းကျင်စေရန်နှင့် ခေါင်းဆောင်မှုစွမ်းရည်များ မြင့်မားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဤ Program တွင် ပါဝင်ခြင်းအားဖြင့် အမေရိကန်နိုင်ငံမှ ခေါ်ယူသော ပညာတော်သင်ဆုကို လျှောက်ထားနိုင်ပြီး ထူးချွန်သော ကျောင်းသား/သူများကို အမေရိကန်သံရုံးမှ စီစဉ်ပေးသော ရက်တို၊ရက်ရှည် ပညာတော်သင်ဆုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ English Access Microscholarship Program ခေါ်ယူရာတွင် ကျောင်းတက်ဆဲ ဆယ်ကျော်သက် ကျောင်းသား/သူများဖြစ်ပြီး ကျောင်းတွင် စာကြိုးစားသူများ၊ ပညာသင်စရိတ် နွမ်းပါးသူများကို ခေါ်ယူလျက်ရှိကြောင်း အမေရိကန်သံရုံးရှိ Cultural Affairs Assistant Education ဆရာမဒေါ်သူဇာလွင် ထံမှ သိရှိရပါသည်။



ခွန်ထင်းလေအောင်း
   

Powered by Blogger.