Sunday, May 17, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု လုံးပျဉ်ရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာန ချုပ်ရုံးရှိ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ ပို့ချသော စွမ်းရည်မြှင့် သင်တန်းဆင်းပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၁၈) ရက်




၂၀၁၅ခုနှစ်၊ မေလ ၁၆ ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု လုံးပျဉ်ရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ ပို့ချသော စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပသွားကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးအဖွဲ့ချုပ် (PNO) ဗဟိုအလုပ်မှုဆောင် ဆရာစောခွန်ကျော်ဝင်း၊လုံးပျဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်မောင်ငယ်၊ လုံးပျဉ်ကျေးရွာအုပ်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး ဦးခွန်စံထွန်းတို့မှ တက်ရောက် အားပေးအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား ခွန်စိန်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထိုနည်းတူစွာ သင်တန်းသူများကိုယ်စား နန်းအေးမို့ မှ သင်တန်းနဲ့ပက်သက်ပြီး ခံစားချက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆရာခွန်အောင်သိန်းနိုင် မှ တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီခဲ့သည့် ခွန်မောင်တီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ပအိုဝ်းအမျိုးသားသီချင်း အတူတကွ သီဆိုခဲ့ကြပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရပါသည်။

ခွန်းခမ်းမိုးဦး
Powered by Blogger.