တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၁၂) ရက်
၂၀၁၅ခုနှစ် မေလ ၁၂ ရက်တွင် တောင်ကြီးမြို့နယ် လွယ်ကောင်းရွာကြီးအတွင်း မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် အိမ်ပျက်စီးသွားသော မိဘပြည်သူများကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးကိုယ်စား အတွင်းရေးမှူးဦးခွန်သိန်းဖေမှ အိမ်ထောင်စုတစ်စုကို သုံးသောင်းစီသော် လည်းကောင်း၊ PNA- အသွင်ပြောင်းပြည်သူ့စစ်ဌာနေကိုယ်စား ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာမှ အိမ်ထောင်စု တစ်စုကို သုံးသောင်းစီသော်လည်းကောင်း ထောက်ပံ့ငွေ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
ဤမိုးသက်လေပြင်းတိုက်ခိုက်မှုသည် ၂၀၁၅ ခုနှစ် မေလ ၁၁ ရက် ၊၁၂ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး မိုးသက်လေပြင်းတိုက်ခိုက်စဉ် မိသားစုဝင်များမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်သုံးလုံးပြိုကျ ပျက်စီးသွားကာ စုစုပေါင်းငွေတန်ဖိုး ခန့်မှန်းခြေ ၃၀၀၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားရကြောင်း အိမ်ပိုင်ရှင်တစ်ဦးက ပြောကြားသွားပါသည်။
ဤကဲ့သို့ဖြစ်ရပ်ကို လွန်ခဲ့သည့် ၆နှစ်ခန့်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်ကို သိခဲ့ရပါသည်။
ခွန်ခမ်းမိုးဦး
Like On Facebook
Follow On Twitter
Subscribe On RSS