Wednesday, June 3, 2015

PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာဦးဆောင်၍ ဖက်ယန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖက်ယန်း ကျေးရွာအုပ်စုအတွင်ရှိ မှီတင်းနေထိုင်ကြသော ကျေးရွာအသီးသီးရှိ ရပ်မိရပ်ဖ မိဘပြည်သူများနှင့်တွေ့ဆုံ

 တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၃) ရက်


၂၀၁၅-ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် အထူးဒေသ(၆)အတွင်း ဘိန်းပပျောက်ရေးအတွက်  PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာဦးဆောင်၍ ဖက်ယန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖက်ယန်း ကျေးရွာအုပ်စုအတွင်ရှိ မှီတင်းနေထိုင်ကြသော ကျေးရွာအသီးသီးရှိ ရပ်မိရပ်ဖ မိဘပြည်သူများနှင့်တွေ့ဆုံခဲ့သည်။ တွေဆုံပွဲတွင် သူရိယခမ်း ခမ်းဗွေ ဒုခမ်းဗွေဖြားတန်ခွန်ချစ်အိမ်က အဖွင့်အမှာစကားစတင်ပြောကြားပြီးနောက် ဖြားတန်ခွန်လာမဲင်း(ခ) ဖြားတန်ခွန်လှမောင် က ဘိန်း၏ဆိုးကျိုးများ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်လာရသည့်အကြောင်းပြောကြားခဲ့ပြီး ထို့နောက် ဗိုလ်မှူးကြီးခွန်လာမှ ဘိန်းကြောင့်ဖြစ်ပေါ်လာသောပြသာနာများနှင့် ဘိန်းပပျောက်ရေးအတွက် အစားထိုးသီးနှံများအကြောင်း၊ ယနေ့စီးပွားရေးဖြစ်စဉ်တွင် ခေတ်နှင့်အညီပြောင်းလဲနေသော ဈေးကွက်များ၏ဖြစ်စဉ် အစရှိသောမိဘပြည်သူများ သိရှိသင့်သောအရာများကို မိဘပြည်သူနှင့်အတူ ဆွေးနွေးဟော်ပြောခဲ့ပါသည်။
ထိုအပြင် ဘိန်းပပျောက်ရေးအတွက် ဘိန်းနှင့်အစားထိုးသီးနှံများအကြောင်းကို သူရိယခမ်း လွယ်မော်တန်ဝေင်နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ဆက်လက်ခရီးဆက်ကာ ဟော်ပြောဆွေးနွေးသွားမည်ကိုလည်း သိရှိရပါသည်။

BY ခွန်ရဲုင်းဗန်















Powered by Blogger.