Wednesday, June 3, 2015

RCSS SSA အဖွဲ့မှ အဖွဲဝင် 10 ဦးခန့်လိုင်းခါးရွာသိုဝင်လာပြီး ရွာသူ/သား များအား ခြိမ်းခြောက်

 တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၃) ရက်


30.5.2015 ရက်နေ့ည 9:30 နာရီအချိန်တွင် RCSS  SSA အဖွဲ့မှ အဖွဲဝင် 10 ဦးခန့်လိုင်းခါးရွာသိုဝင်လာပြီး ၄င်းတို့အဖွဲ့မှ ရွာပြင်တွင် မိမိတို့တပ်ဖွဲ့ဖြန့်ထားမည်ဖြစ်၍ ရွာပြင်သို့မထွက်ရန် ပြောကြားပြီး ပြန်ထွက်သွားခဲ့ပါသည်။ 31. 2.2015 ရက်နေ့တွင် ရွာအနီးအနားတ၀ိုက် ၄င်းရှမ်းလက်နက်ကိုင်အဖွဲ့ဝင်များ သည် လိုင်းခါးရွာအားဝိုင်းရံထားပါသည်။ ငိုကောင်းရွာမြောက်ဖက် ဟွေးနမ်းလဉ် ၀ါးတန်းဂိတ်နှင့် လိုင်းခါး ရွာမြောက် ဟိုနားရွာထိပ်ရှိ လိုင်းခါးတံတားတွင်ရှိသော ၄င်းတပ်ဖွဲ့ဝင်များမှ ရွာသားများအား ရွာပြင်သို့ မထွက်ရန်နှင့် ယခုအခါ လိုင်းခါးရွာသားမှန်သမျှ ရွာသို့အ၀င်သာရှိပြီး ထွက်ခွင့်မရှိကြောင်း ရွာသားများက ဆိုပါသည်။ ယခုအချိန်အထိ လိုင်းခါးရွာအား ၄င်းရှမ်းအဖွဲ့မှ ဆက်လက်ဝန်းရံထားပိတ်ဆိုထားဆဲဖြစ်ပါသည်။ ထိုအပြင် လိုင်းခါးရွာသူကြီးအား လေးရက်အတွင်း တပ်သားသစ်အဖြင့် လူငယ်ငါးဦးပေးပို့ပါရန် တောင်းထားသည်။ သတ်မှတ်ထားသည့်ရက်တွင် မပေးပိုနိုင်ပါက ၄င်းရွာအား မိမိတို့လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသွားကြောင်းသိရှိရပါသည်။

BY ခွန်ရဲုင်းဗန်
Powered by Blogger.