Monday, June 29, 2015

ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်သင်ကြား

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ခမ်းစိုက်ပျိုးရေးသင်တန်းကျောင်းတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် မေတ္တာဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းတို့မှ ပူးပေါင်း၍ တောင်ကြီး၊ နမ့်စန်၊ဟိုပုံး၊ လွိုင်လင်၊ ရပ်စောက်၊ ပင်လောင်း၊ ကျောက်တလုံး၊ဆီဆိုင်၊ ပင်လုံ၊ မောက်မယ်၊ နောင်တရားမြို့နယ်ရှိ လူငယ်များနှင့် တောင်ကြီးတက္ကသိုလ်ရှိ ကျောင်းသား/သူများအား ဖိတ်ကြားကာ ပြည်သူ့ရေးရာကိစ္စရပ်များ စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ စွမ်းရည်များ မြှင့်တက်လာစေရန် ရည်ရွယ်၍ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းကို ဇွန်လ(၂၇-၂၈)ရက်တွင် သင်ကြားပေးခဲ့ပါသည်။ ဤသင်တန်းသို့ သင်တန်းသား/သူ (၂၈)ယောက် တက်ရောက်ခဲ့ပါသည်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းကို မေလ (၃၀-၃၁)ရက်များတွင် ပင်လောင်းမြို့နယ် ကော်သရွေးကျေးရွာသို့၎င်း၊ ဇွန်လ (၆-၇)ရက်တွင် သစ်ပင်ကြီးကျေးရွာသို့လည်းကောင်း၊ ဇွန်လ (၁၃-၁၄)ရက်များတွင် တောင်ကြီးမြို့ ပအိုဝ်းသွေးလှူရှင်လူမှုကူညီရေးအသင်းရှိ အသင်းအဖွဲ့ဝင်များအားလည်းကောင်း သင်ကြားပေးခဲ့ပြီးပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ
Powered by Blogger.