Thursday, July 2, 2015

ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ပြုလုပ်သောညှိနှိုင်းအစည်းအဝေး

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အဆင့်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည့် ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ပြုလုပ်သောညှိနှိုင်းအစည်းအဝေးကို ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ကြံခိုင်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ပအမဖ၊ ဓနုပါတီ၊ လီဆူး၊ ရှမ်းကျားဖြူပါတီ၊တစညပါတီ တို့တက်ရောက်ခဲ့ပြီး ဦးခွန်စိန်မောင် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီဝင်)မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကိုယ်စား တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွန်ကြားရေးမှူး ဦ်းသန်းလွင်မြင့်မှ တက်ရောက်လာသော ပါတီကိုယ်စားပြုပုဂ္ဂိုလ်များအား ကော်မတီ ဖွဲ့စည်းရေးနှင့် ပက်သက်    ၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် ပက်သက်သည့်အကြောင်းအရာများကို ဆွေးနွေးတင်ပြကာ အထွေထွေဆွေးနွေးခြင်းများ ညှိနှိုင်းတိုင်ပင်ပြီးနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး နံနက် (၁၁း၃၀) အချိန်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

ခွန်အောင်မျိုးဦး
Powered by Blogger.