Tuesday, August 4, 2015

ရေဘေးသင့်ပြည်သူများအတွက် ဟိုပုံးမြို့နယ်လူမူရေးအသင်းအဖွဲ့မှ ငွေသားနှင့် စားသောက်စရာရိက္ခာများ အလှူခံဆောင်ရွက်လျှက်ရှိ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၅) ရက်


၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၄) ရက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကဂုဏာရှင်အသင်း၊ မြို့နယ်ကြက်ခြေနီအသင်း၊ မေတ္တာစေတာနာ ကဂုဏာ မုဒိတာ လူမူအကျိုးဆောင် သွေးလှူရှင်အဖွဲ့နှင့် ပရဟိတလုပ်ငန်းစိတ်ဝင်စားသည့် ဒေသခံပြည်သူများမှ ဦးဆောင်၍ သဘာဝဘေးအန္တာရာယ် ပြည်သူများအတွက် အမှန်တကယ်လိုအပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအား လှူဒါန်းပေးရန် သြဂုတ်လ (၂) ရက်နေ့မှစ၍ အလှူခံဌာနကို ဟိုပုံးမြို့နယ် သီရီမင်္ဂရွှေချမ်းသာဘုရားကြီးရှေ့ ဖွင့်လှစ်ထားကြောင်း သိရပါသည်။
အလှူခံဌာနသို့ မြို့နယ်အဆင့်ဆင့်ဌာနဆိုင်ရာများ၊ တပ်နယ်မိသားစုများ၊ ဘန်းကွန်ဘုန်တော်ကြီးသင် ပညာရေးကျောင်း၊ မြို့ပေါ်ရပ်ကွက်ရှိဒေသခံပြည်သူလူထုများ စေတနာရှင်၊ အလှူရှင်များမှ သဒ္ဓါတရားထက်သန်စွာဖြင့် နေ့စဉ်လာရောက်လှူဒါန်းလျှက်ရှိရာ (၄.၈.၂၀၁၅) ရက်နေ့အထိ အလှူခံရရှိငွေ (၃၆၇၆၄၀၀)သိန်း၊ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၂၇) အိတ်၊ ဆီ(၁) ပုံး၊ ဆား (၄) အိတ်၊ မာမီးခေါက်ဆွဲထုပ် (၆၀) ထုပ်၊ ရေသန့်ဗူး(၆၂) ဗူး၊ စားသောက်ကုန်မျိုးစုံ(၈)အိတ်၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဖိနပ်(၉) အိတ်၊ ဆပ်ပြာမူန့်(၂) အိတ်၊ အထည်စုံ(၂၄၈) အိတ်၊ ပစ္စည်းစုံ (၂၀) အိတ်စသည့် ပစ္စည်းများအလှူခံရရှိပြီး၊ ရေဘေးသင့်ပြည်သူများကို ပရဟိတစိတ်ဓါတ်ဖြင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် လူမူရေးအသင်းအဖွဲ့များမှ ဦးဆောင်၍ ပထမအကြိမ်အဖြစ် မကွေးတိုင်းဒေသကြီးသို့ မိမိတို့ကိုယ်တိုင်သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းအလှူခံဌာနတွင် ကူညီလုပ်အားပေးဆောင်ရွက်နေသော လူမူရေးအသင်းများကို အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ရွှေနေကြာ ပရဟိတအဖွဲ့နှင့် ဟိုပုံးမြို့ တပ်မတော်ကွန်ပျုတာနှင့် နည်ပညာသိပ္ပွံကျောင်းအဖွဲ့တို့မှ ကုသိုလ်ယူ၍ နေ့လည်စာအဖြစ် ထမင်းဟင်းတို့ကို ကျွေးမွေးကြကြောင်းနှင့် အဆိုပါအလှူခံဌာနကို (၆.၈.၂၀၁၅) ရက်နေ့အထိ ဆက်လက်အလှူခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရရပါသည်။
 
နန်းဦးခမ်း(ဟိုပုံး)
Powered by Blogger.