Friday, August 7, 2015

MPT ဆင်းကဒ် သုံးစွဲသူများ SMS (စာတို) ပေးပို့ခြင်းဖြင့် ရေးဘေးဒုက္ခ ကြုံတွေ့နေသူများအား တတပ်တအား ပါဝင်လှူဒါန်းနိုင်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇) ရက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထုတ် MPT ဆင်းကဒ် သုံးစွဲသူများအနေဖြင့် SMS (စာတို) ပေးပို့ခြင်းဖြင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသော မြန်မာပြည်တလွှား ပြည်သူများအား တတပ်တအား ပါဝင်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ စာတိုပေးပို့ရန် အောက်ပါအတိုင်း တဆင့်ခြင်း လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။
(၁) မိမိဖုန်းအတွင်းရှိ Messages (Application) ကို ဖွင့်ပါ။
(၂) မိမိ စာတိုပေးပို့လိုသူ၏ ဖုန်းနံပါတ်နေရာတွင် 2001 ဟု ရိုက်ထည့်ပါ။



(၃) စာရိုက်ရန်နေရာတွင် 500 ဟု ရိုက်ထည့်ပြီး Send (ပေးပို့ခလုပ်) နှိပ်ပါ။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အလှူဒါနအတွက် ကျေးဇူးတင်ကြောင်း Message မိမိဖုန်းသို့ ပြန်ပို့မည်ဖြစ်သည်။


အထက်ပါအတိုင်း ပြုလုပ်ပြီးပါက မိမိ၏ ဖုန်းတွင်းရှိ ငွေ (Bill) ၅၀၀ ကျပ်ကို မြန်မာ့ဆက်သွယ်ရေးမှ နှုတ်ယူပြီး ရေဘေးဒုက္ခကြုံတွေ့နေရသော မိဘပြည်သူများထံ ပေးပို့လှူဒါန်းမည့် ရံပုံငွေထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
ရေဘေးသင့် ပြည်သူများထံသို့ အလှူပေးချင်ပါလျှက် သွားရောက်လှူဒါန်းရန် အခွင့်မသာသော သဒ္ဓါထက်သန် မိဘပြည်သူများ မိမိဖုန်းတွင်းမှပင် အလွယ်တကူ လှူဒါန်းနိုင်ပြီဖြစ်သည့်အတွက် အလွန်ပင် အကျိုးရှိလှသည့် လုပ်ရပ်တစ်ခုပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။
တစ်ယောက် ၅၀၀ ကျပ် လှူဒါန်းကာမျှဖြင့် အကျိုးများမည်မဟုတ်ဟု မယူဆကြစေလိုပါ။ မြန်မာနိုင်ငံတွင် MPT ဆင်းကဒ် သုံးစွဲနေသူ ၁၃ သန်းရှိရာ၊ အဆိုပါ ၁၃ သန်းထဲမှ ၃ သန်းသာ ၅၀၀ ကျပ်စီ လှူဒါန်းမည် ဆိုပါက ကျပ်သိန်းပေါင်း (၁၅၀၀၀) ရှိမည်ဖြစ်ရာ အလွန်ပင် အကျိုးရှိမည် ဖြစ်ပါသောကြောင့် လူတိုင်း ပါဝင်လှူဒါန်း ကြပါရန်  နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်အပ်ပါသည်။
(မှတ်ချက် တဆင့်ခြင်း ရေးပြရသည်မှာ SMS (စာတို) ပေးပို့နေကျမဟုတ်သော သူများအား ရည်ရွယ်ပါသည်။)

ခွန်ခမ်းမြတ်

Powered by Blogger.