Friday, August 7, 2015

ရေဘေးသင့်ပြည်သူများအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ထောက်ပံ့ငွေလှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇) ရက်


ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ်ဦးခွန်သိန်းဖေမှ အလှူငွေပေးအပ်စဉ်

ဦခွန်ကြာအောင်မှ အလှူငွေပေးအပ်စဉ်


မြန်မာနိုင်ငံ၌ ဇူလိုင်လမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ရေဘေးသင့်ခံနေရသော ပြည်သူများကို ကိုယ်တိုင်သွားရောက်လှူဒါန်းရန် ပအိုဝ်းဒေသတွင် လိုက်လံအလှူခံပေးနေသော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ယနေ့ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၇)ရက်၊ သောကြာနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီအနေဖြင့် (၅) သိန်း၊ အတွင်းရေးမှူးချုပ် (၂) သိန်း၊ တွဲဘက်အတွင်းရေးမှူး -၃ (၂) သောင်း၊ ရုံးအဖွဲ့မှူး (၅) သောင်း၊ ခွန်ကြာအောင် (၅) သောင်း၊ ၊ ရုံးဝန်းထမ်းများမှ (၁၀၂၅၀၀) ကျပ်၊ စုစုပေါင်း (၉၂၂၅၀၀) ကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ရုံးဝန်ထမ်းများမှ အလှူငွေပေးအပ်စဉ်

အဆိုပါ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သည် (၉-၈-၂၀၁၅)ရက်တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ရေးဘေးသင့်ပြည်သူများအတွက် လိုအပ်သောပစ္စည်းများဝယ်ယူမည်ဖြစ်ပြီး သွားမည့်နေ့ရက်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရေဘေးသင့်ပြည်သူများကို ကိုယ်တိုင်သွားရောက် လှူဒါန်းချင်တဲ့ပုဂ္ဂိုလ်များကို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် တဦးမှ ပြောကြားသွားခဲ့ပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.