၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တွူးတန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ပင်လောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ပြောကြားရာ လူမျိုးတမျိုးအတွက် တိုးတက်မြှင့်မာဖို့ အရေးကြီးသည့်အချက်မှာ ပညားရေးနှင့်ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဘာလုပ်ချင်လဲ၊ ဘာရချင်လဲ စသည်တို့ပြောကြားသွားပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲပေးပုံမဲပေးနည်း ပက်သက်သည့်အကြောင်းအရားများကို ရှင်းလင်းပြသွားရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) သည် လက်တွေ့အကောင်အထည်ဖော်တက်သည့် အဖွဲ့ချုပ်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ထို့နောက် ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းကိုယ်စား ဦးခွန်စောထီးမှ မိမိတို့ ၂၀၁၀မှ ၂၀၁၅ အတွင်းလုပ်ကိုင်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လာမည့် ၂၀၁၅ ခုနှစ် ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ဒေသခံမိဘပြည်သူများ (၆၀၀) ယောက် ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နန်းစန်းစန်းဝင်း
Like On Facebook
Follow On Twitter
Subscribe On RSS