Friday, September 11, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ရွာ(၁၁-၉-၂၀၁၅)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ရွာ(၁၁-၉-၂၀၁၅)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့ပါသည်။ ထိုသို့စည်းရုံးရာတွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်အောင်ကျော် ရှင်းလင်းပြောကြားရာမှာ မိမိသည် ယခင်ကတည်းက ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့ကို ဥက္ကဋ္ဌ တာဝန်အဖြစ်ထမ်းဆောင်ခဲ့ပါသည်။ ယခုတွင်လည်း ထမ်းဆောင်နေရဆဲဖြစ်သည်။ မိမိတို့ဦးဆောင်သော လူငယ်များဆိုလျှင် လက်လှမ်းမီသမျှ ပအိုဝ်းဒေသအတွင်း လိုအပ်သော ကိစ္စအရပ်ရပ်တွေကို ကြိုးစားဆောင်ရွက်နေပါကြောင်း ယခုလက်ရှိ မိမိအနေဖြင့် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၀င်ပြိုင်ရာမှာ မိဘဘိုးဘွားများ ပေးထားခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းတတ်ရန်နှင့် မဖွံ့ဖြိုးသေးသော နေရာများကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုတာ မိမိတို့ပအိုဝ်းလူမျိုး
 ဓလေ့ထုံးစံအရရွာသူကြီးဆယ်အိမ်ခေါင်းတွေကို ရွေးချယ်တင်မြှောက်သကဲ့သိုသာ ဖြစ်ပြီး
 ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲထည့်သည့်အခါ ၀န်မလေးဖို့ မိမိတို့ပြည်သူမှာ တာဝန်တစ်ရပ်ဖြစ်တဲ့အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။



ထို့နောက် ဟိုပုံးမဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးခွန်မောင်ဖြူသည် မိမိတို့လူမျိုးရဲ့သမိုင်းကို သိရှိပြီး မဲထည့်သည့်အခါ မှန်ကန်စွာ ထည့်တတ်ရန် ဟောပြောခဲ့ပြီးနောက် မဲထည့်ပုံမဲထည့်နည်းများကို ခွန်အောင်မြင့်နှင့် မပြုံးတို့ရှင်းလင်းပြောခဲ့ပါသည်။ ဆက်လက်၍ နန်းအောင်းပေါ်မှ ပအိုဝ်းအလင်္ကာဖြင့် သီဆိုပြ၍ နန်းစန်းရီမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင့် သတင်းရရှိပါသည်။



ခွန်အောင်းထွိုက်ဗွေ
               
Powered by Blogger.