Saturday, September 12, 2015

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်


ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဦးဆောင်ပြီး ဒီကနေ့၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ပြုလုပ် ကျင်းပခဲ့ပါသည်။ ရှေ့ဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ မိန့်ခွန်းအမှာစကား ပြောကြားကာ ရှမ်းပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြီး ထွန်းနိုင်မှ လူကုန်ကူးမှုဆိုင်ရာ ဥပဒေများ၊ လူကုန်ကူးမှုတားဆီးရေး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုများအား (၁၅)မိနစ်ခန့် ဗွီဒီယိုခွေဖြင့် ပြသခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်ကြီးများနှင့် ပရိသတ်များမှ ခင်းကျင်း ပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်မှတ်တမ်းများကို လှည့်လည်ကြည့်ရူလေ့လာခဲ့ကြကြောင်း၊ အခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ကျန်းမာရေးဌာနမှ သူနာပြုများ၊ ပညာရေးဌာနမှ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

ခွန်ထင်းလေအောင်း

Powered by Blogger.