Tuesday, September 8, 2015

၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အလံလွင့်တင်ခြင်းအခမ်းအနားနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် ဖွင့်လှစ်ခြင်း အခမ်းအနားပြုလုပ် ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်




ယခုအချိန်အခါသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပြဌာန်းပေးသည့် ရွေးကောက်ပွဲစည်းရုံးရေးကာလ ရောက်ရှိလာသည်နှင့်အမျှ ပါတီတိုင်း မိမိပါတီအောင်နိုင်ရေးအတွက် အပြိုင်အဆိုင် စည်းရုံးတော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည်လည်း မိမိတို့ သတ်မှတ်ထားသော ပြည်သူလူထုများ၏ထောက်ခံမှုကို ရရှိရန်စည်းရုံးသွားမည်ဖြစ်သည့်အတွက် ဒီကနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၉)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင် အလံလွင့်တင်ခြင်းအခမ်းအနားနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပ ခဲ့ပါသည်။




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ယနေ့ နံနက်(၈း၁၀)အချိန်တွင် အလံတော်လွင့်ထူပြီး နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုကာ အမျိုးသားသီချင်းကို သီဆိုခဲ့ကြပါသည်။ ဆက်လက်၍ PNO နာယကနှင့် ဥက္ကဌအဖွဲ့များဖြစ်သော ဦးခွန်မောင်တုတ်၊ ဦးခွန်ကုံရ၊ ဦးခွန်စံလွင်၊ ဦးခွန်သိန်းဖေနှင့် ဒေါ်နန်းကျင်းတို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ဖဲကြိုး ဖြတ်ဖွင့်လှစ်ကာ နီပအိုဝ်းသီချင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးတေးသီချင်းများ သီဆိုခဲ့ကြပါသည်။




ထို့နောက် တင်မြှောက်ထားသောဆိုင်းဘုတ်များကို အမွှေးနံ့သာရည် ပက်ဖြန်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း၊ အလံတင်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်းကို ပင်လောင်း၊ ဆီဆိုင်၊ ဟုံပုံး၊ တောင်ကြီးတွင်လည်း ပြုလုပ်နေကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကိုယ်စားလှယ်လောင်းများသည် ဒီကနေ့ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးတွင် စည်းရုံးရေးစတင် ကွင်းဆင်းစည်းရုံးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
   

Powered by Blogger.