၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ အဂါင်္နေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များဆွေနွေးပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးခွန်မောင်တုတ်မှ အဖွင့်အမှာစကားပြေားကြားခဲ့ပြီး အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေမှ အစည်းအဝေးခေါ်ရသည့် အကြောင်းအရာများနှင့် လာမည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဗဟိုအလုပ်အမူဆောင်များမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကဏ္ဍများကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
နန်းမိုးမိုးခိုင်
Like On Facebook
Follow On Twitter
Subscribe On RSS