Tuesday, September 8, 2015

နယူးဇီလန်သတင်းထောက်အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးမှ ထုတ်ဝေသောမောင်းမွူးခံ,ဂျာနယ်အား လေ့လာရိုက်ကူး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်




ပအိုဝ်းမိဘပြည်သူများ နိုင်ငံရေးအသိအမြင်၊ လူမှုရေးအသိအမြင်နှင့် အထွေထွေဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးမှ မောင်းမွူးခံ,ဂျာနယ်ကို တစ်လကို အုပ်ရေ (၅၀၀၀)ဖြင့် ထုတ်ဝေလျက်ရှိရာ ဒီနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၈)ရက်၊ အဂါင်္နေ့တွင် နယူးဇီလန်နိုင်ငံမှ သတင်းထောက်အဖွဲ့က မောင်းမွူးခံ,ဂျာနယ်ထုတ်ဝေမှုနှင့်ပတ်သက်၍ လေ့လာရိုက်ကူး သွားခဲ့ပါသည်။
နယူးဇီလန်သတင်းထောက်အဖွဲ့သည် ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးဝန်ထမ်းများ၏ လမ်းညွန်ချက်အရ နံနက် (၁၀း၁၅)အချိန်တွင် တောင်ကြီမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနရုံးချုပ်သို့ရောက်ရှိရာ ဗဟိုရုံးမှ ထုတ်ဝေသော မောင်းမွူးခံ,ဂျာနယ် ပုံနှိပ်ထုတ်လုပ်မှုအဆင့်အဆင့်ကို ရိုက်ကူးသွားခဲ့ပါသည်။ ထိုသို့ရိုက်ကူးရာတွင် ဂျာနယ်ထုတ်ဝေမူနှင့် ဂျာနယ်အရေးပါမှုတို့ကို မေးမြန်းရာ ၄င်းမေးမြန်းခြင်းအပေါ် “ ကျွန်တော်တို့ မောင်းမွူးခံ,ပအိုဝ်းဂျာနယ်ကို တစ်လ အုပ်ရေ(၅၀၀၀)ဖြင့် ပုံနိုပ်ထုတ်ဝေနေပါတယ်၊ ဒီဂျာနယ်ကို ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသတွေမှာ ဖြန့်ဝေနေပါတယ်၊ ဒီဂျာနယ်ထဲမှာ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ အထွေထွေဗဟုသုတများပါဝင်ပြီး ရွေးကောက်ပွဲဆိုင်ရာပညာပေးတွေလည်း ပါဝင်တဲ့အတွက်  ပြည်သူလူထုများကို များစွာအကျိုးပြုနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပုံနိုပ်ထုတ်ဝေသူ ခွန်ရွှေငြိမ်းက ပြောကြားခဲ့ပါသည်။
အဆိုပါ သတင်းထောက်အဖွဲ့သည် စက်တင်ဘာလ(၄)ရက်နေ့တွင် ရှမ်းပြည်နယ်သို့ ရောက်ရှိလာပြီး ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီများ လှုပ်ရှားမှု၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို လေ့လာရိုက်ကူးသွားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.