Sunday, September 27, 2015

ငြိမ်းဖောင်ဒေးရှင်းနှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN)တို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အမြင်ဖွင့်သင်တန်း ပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်


ရွေးကောက်ပွဲကာလ နီးလာသည်နှင့်အမျှ မိဘပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ များကို သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ(၂၆)ရက်၊ စနေနေ့၊ တောင်ကြီးမြို့၊ ဟုတ်ကြန့်ခန်းမတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဖွင့်သင်တန်း ပြုလုပ်ကျင်းပခဲ့ပါသည်။



အဆိုပါသင်တန်းတွင် လွှတ်တော်ဖွဲ့စည်းပုံများ၊ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပုံများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ မဲထည့်ပုံထည့်နည်းများ၊ မဲနှင့် သက်ဆိုင်သော အသိပညာများကို ဆွေးနွေးတင်ပြမှုများနှင့် သရုပ်ဖော်မူများ ပြုလုပ်ခဲ့ပါသည်။


၎င်းရွေးကောက်ပွဲဆိုင်ရာ အမြင်ဖွင့်သင်တန်းနှင့် ပတ်သက်၍ “ ကျွန်မတို့က လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်တယ်၊ ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို ရွေးကောက်ပွဲမကျင်းပခင်မှာ သိထားဖို့လိုသလို၊ ရွေးကောက်ပွဲနေ့တွင်လည်း ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ နောက်ပြီး ရွေးကောက်ပွဲပြီးသွားတဲ့ ကာလမှာလည်း သိထားဖို့လိုပါတယ်၊ ပြည်သူတွေ ဒီအချက်အလက်ကို သိထားမှ ရွေးကောက်ပွဲဟာ တရားမျှတလား၊ မမျှဘူးလာဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်”ဟု ငြိမ်းဖောင်ဒေးရှင်းမှ ဆရာမ ဒေါ်ယဉ်ယဉ်ဝင်း ပြေားကြားလိုက်ပါသည်။


အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အမြင်ဖွင့်သင်တန်းသို့ တောင်းကြီးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ကုန်သည်ပွဲစားများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်အဖွဲ့၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် အခြားအရပ်ဖက် လူမှုအဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.