တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကူအညီဖြင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အဆင်ပြေချောမွေ့စေရန်နှင့် လုံခြုံစိတ်ချစေရန် ရည်ရွယ်၍ ပြည်သူ့ရဲများ မလုံလောက်ခြင်းကြောင့် အထူးရဲများကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့၊ ဟိုပုံးမြို့တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ အထူးရဲများခန့်အပ်တာဝန်ပေးမှု သတင်းထုတ်ပြန်ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းမှ အထူးရဲများ ခန့်အပ်တာဝန်ပေးအပ်မှုနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့် အထူးရဲများ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းတင်ပြကာ ကြွရောက်လာကြသော သတင်းမီဒီယာအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ၄င်းတင်ပြ ချက်များအပေါ် မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။
ရွေးကောက်ပွဲကာလ၌ မဲရုံ(၁)ရုံတွင် အထူးရဲ(၁)ဦးခန့်အပ်မည်ဖြစ်ကြောင်း၊ အထူးရဲများကို အောက်တိုဘာလ(၂၁)ရက်မှ စ၍ (၃၁)ရက်နေ့အထိ သင်တန်းပို့ချသွားမည်ကြောင်းနှင့် အထူးရဲများကို မြို့နယ်ရဲများကဲ့သို ခံစားခွင့်လစာ(၂)ကြိမ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS